Wednesday, 23 December 2009

နအဖ ရုရှားလုပ် မစ် ၂၉ တိုက်လေယာဉ်များ ထပ်မံ ၀ယ်ယူမှု အပေါ် ၀ိုင်းရှုံ့ချကြ

မြန်မာ မစ် ၂၉ တိုက်လေယာဉ် ဝေဟင်၌ ပျံသန်းစဉ် ထောက်လှမ်းရေးဂြိုဟ်တု မှတဆင့် ရိုက်ကူးထားပုံ
"ကမ္ဘာ့စီးပွားရေးကပ်ဆိုး ကမ္ဘာ့စီးပွားရေး ဆုတ်ယုတ်နေသည့် အချိန်၊ တိုင်းပြည်မှာ ဆိုင်ကလုန် နားဂစ်ကြောင့် လူသန်းနဲ့ချီ ဒုက္ခရောက်နေသည့်အချိန်တွင် ဒေါ်လာ သန်းရာပေါင်းများစွာ စစ်လက်နက်များ ၀ယ်ယူခဲ့မှု အပေါ် လူသားချင်းစာနာထောက်ထားပြီးအထောက်အပံ့အကူအညီပေးနေသော နိုင်ငံများအနေဖြင့် အတော်လေးစိတ်ပျက်"

Burma Needs Foods, Not MiG-29

-WFWW-

နအဖ စစ်အုပ်စုဟာ တိုင်းပြည်ရှိ သံယာဇာတများ ကို တရုတ်အစိုးရ ကို လက်ညိုးထိုး ရောင်းချလိုက်ပြီး နောက် မကြာခင်မှာပဲ ရုရှားလုပ် မစ် ၂၉ တိုက်လေယာဉ် အစင်း ၂၀ ကို ၀ယ်ယူလိမ့်မှာဖြစ်ကြောင်း ဂျိမ်းစ်ထောက်လှမ်းရေး မဂ္ဂဇင်း၊ ဘီဘီစီ သတင်းဌာန အပါအ၀င် နိုင်ငံတကာ သတင်းမီဒီယာ များ တွင် ဖော်ပြထားပါသည်။ ရုရှားအစိုးရ က ရုရှားလုပ် မစ် ၂၉ တိုက်လေယာဉ် များကို မြန်မာစစ်အုပ်စု ထံရောင်းချဖို့ သဘောတူ စာချုပ်ရေးထိုးခဲ့ကြောင်း ရုရှား Kommersant သတင်းဌာနကို ကိုးကား၍ အေအက်ဖ်ပီ၊ ရိုက်တာ သတင်းများတွင်လည်း ရေးသားဖော်ပြထားသည်။ ယင်းသတင်းများ၌ နအဖ စစ်အုပ်စု က ယင်းတိုက်လေယာဉ်များ ကို ၀ယ်ဖို့အတွက် ဥရောပငွေ သန်း ၄၀၀ (အမေရိကန်ဒေါ်လာ သန်း ၅၇၀) ကုန်ကျခံ သုံးစွဲသွားလိမ့်မယ်လို့ ဖော်ပြထား ပါသည်။ ယခင်က ၀ယ်ယူခဲ့သော ရုရှားလုပ် မစ် ၂၉ တိုက်လေယာဉ်များ မြန်မာနိုင်ငံ၌ လေ့ကျင့်ပျံသန်းယင်း မကြာခဏဆိုလို ပျက်ကျလေ့ရှိသည်။

နအဖ စစ်ခေါင်းဆောင်များက နားဂစ် ဆိုင်ကလုန်မုန်တိုင်း ဒုက္ခသည်များ အတွက် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများနှင့် လူသားချင်းစာနာထောက်ထားသော အထောက်အပံ့ အကူအညီများ ပေးရန် နိုင်ငံတကာကို အကူအညီ တောင်းခံခဲ့ပြီး၊ ကုလသမဂ္ဂ၊ အရှေ့တောင်အာရှနိုင်ငံများ အပါအ၀င် နိုင်ငံတကာ အစိုးရတွေ က လည်း အလှူငွေ ဒေါ်လာ သန်း ရာချီ ပေးအပ်လှူဒန်းခဲ့ပြီး ဖြစ်တယ်။

ဒီသတင်းကြောင့် အလှူရှင်နိုင်ငံများအနေဖြင့် အတော်လေးစိတ်ပျက်သွားခဲ့ကြောင်း သတင်းများတွင် ဖော်ပြထားသည်။ ကမ္ဘာ့စီးပွားရေးကပ်ဆိုး၊ ကမ္ဘာ့စီးပွားရေး ဆုတ်ယုတ်နေသည့် အချိန်၊ တိုင်းပြည်မှာ ဆိုင်ကလုန် နားဂစ်ကြောင့် လူသန်းနဲ့ချီ ဒုက္ခရောက်နေသည့်အချိန်တွင် ဒေါ်လာ သန်းရာပေါင်းများစွာ စစ်လက်နက်များဝယ်ယူခဲ့မှု အပေါ် လူသားချင်းစာနာထောက်ထားပြီးအထောက်အပံ့အကူအညီပေးနေသော နိုင်ငံများအနေဖြင့် အတော်လေးစိတ်ပျက်သွားကြောင်း သတင်းများတွင်ဖော်ပြထားသည်။နိုင်ငံတကာ မှ လူသားချင်းစာနာထောက်ထားသည့် အထောက်အပံ့အကူအညီ များ ထပ်မံရရှိဖို့ ရာ ရပ်ဆိုင်းသွားနိုင် တယ်လို့ ခန့်မှန်းရပါသည်။ မြန်မာပြည်သူများ ဆင်းရဲမွဲတေမှုများ ဖြစ်နေခြင်းသည် စီးပွားရေးပိတ်ဆို့ ဒဏ်ခတ်မှုကြောင့်မဟုတ်။ တိုင်းပြည်၏ ၀င်ငွေ ကို ပညာရေး၊ ကျမ်းမာရေး၊ စွမ်းအင်ဖွံ့ဖြိုးမှုဆိုင်ရာ များ၌ ရင်းနှီးမြုပ်နှံခြင်း မပြုပဲ စစ်လက်နက်များကိုသာ ဒေါ်လာ ဘီလီယံချီ ၀ယ်ယူနေမှုကြောင့်သာဖြစ်သည်ဟု ကျွမ်းကျင်သူပညာရှင်များက ထောက်ပြခဲ့ကြပြီးဖြစ်သည်။

နိုင်ငံတကာ အစိုးရများ နှင့် အလှူရှင်များ က တိုင်းပြည်ရဲ့ ၀င်ငွေ ကို ဆင်းရဲသား ပြည်သူများအတွက် မသုံးပဲ၊ စစ်လက်နက်များဝယ်ယူမှု အပေါ် သုံးစွဲခဲ့ခြင်းကြောင့် ပြင်းပြင်းထန်ထန်ရှုံ့ချကြပါလိမ့်မည်။

ပြည်တွင်း ပြည်ပ မှာ နေထိုင်နေကြတဲ့ မြန်မာပြည်သူလူထုတရပ်လုံးအနေဖြင့်နအဖ စစ်ဗိုလ်ချုပ်တွေရဲ့ လုပ်ရပ်ကို နည်းလမ်းပေါင်းစုံ ဖြင့် ၀ိုင်းဝန်းရှုံ့ချကြပါလို့ ။

24 comments :

Maung said...

ကျနော်တို့  မြန်မာနိုင်ငံအတွက် ဒိလို တိုက်လေယဉ်တွေ
အမျာားကီး ရှိထားဘို့ လိုပါတယ်ခင်ဗျာ။
ဘာကြောင့်ဆိုတာ ရှင်းပြစရာ မလိုလောက်အောင်ကို ရှင်းနေပါပြီ။
တပ်မတော် အင်အားရှိမှ တိုင်းပြည် အင်အားရှိတယ် လေဗျာ။

Maung said...

In joint USAF-Luftwaffe exercises, the MiG-29 that the Luftwaffe fielded defeated the F-16 in close combat almost every time using its highly practical IRST sensor and helmet mounted display, together with the Vympel R-73 (NATO:
The Federation of American Scientists claims the MiG-29 is equal or better than the F-15C and in some areas such as short aerial engagements because of the Helmet Mounted Weapons Sight (HMS) and better maneuverability at slow speeds.[41] This was demonstrated when MiG-29s of the German Luftwaffe participated in joint DACT exercises with U.S. fighters.[42

မင်းနနဿဒ said...

တပ်မတှောဆိုတာ တိုင်းပြည်ရဲ့အစိတ်ပိုင်းလေးတခုမျှသာပါ။ အဲဒါကိုဘယ့်နှယ်ကြောင့် တပ်မတှောအင်အားရှိမှတိုင်းပြည်အင်အားရှိရမှာတုံး။ တိုင်းပြည်ရဲ့ ပြည်သူလူထုအများစု စားဝတ်နေရေးချောင်ချိရေး၊ အလုပ်အကိုင်ပေါများရေး၊ ပညာရေး ကျန်းမာရေးအဆင့်မြင့်မားရေးက ဦးစားပေးဖြစ်ရမှာ။ သူတို့ခေတ်ကြမှ ဘုရားကားအောက် မျောက်ကား အထက်။ အခုလဲ အရှေ့တောင်အာရှမှာ စစ်သည်အင်အားအများဆုံးနိုင်ငံဖြစ်တဲ့ အင်ဒိုနီးရှားနဲ့ကပ်ရပ် သူမသာကိုယ်မသာ အဆင့်ရှိတဲ့ တပ်မတှောကြီးပါပဲ။ အတဿတဘောကြီး ကြီးသလောက် ကြပ်မပြည့်တဲ့ သူတစ်ယောက်လို တပ္မေတာှျကီးပါ။ ဒီတပ္မေတာှျကီး ဒီလောက်အင်အားရှိနေပေမယ့် တိုင်းပြည်အင်အားရှိပါသလား။ ကမဿဘာမှာမဆိုထားနဲ့ ဒေသတွင်းအာဆီယံမှာတောင် နောက်ဆုံးတက်လာမယ့် အရှေ့တီမောကလွဲရင် ဘယ်ကဏဿဍမှာမဆို နောက်ဆုံးက စရေတွက်ရင် သူချည်းဗိုလ်စွဲတာပဲ။ Shame on you maung.
For your reference:
http://en.wikipedia.org/wiki/Myanmar_Armed_Forces
http://en.wikipedia.org/wiki/Indonesian_National_Armed_Forces

Maung said...

စီးပွါးရေး တောင့်တင်းပြီး တိုင်းသူပြည်သားတွေ ဘ၀အခြေအနေ အဆင့်သင့်ဖြစ်မှပဲ လက်နက်၊လေယာဉ်တွေ
ဝယ်ယူ၊ တည်ဆောက်တယ်ဆိုတဲ့ နိုင်ငံ ကမ္ဘာမှာ တစ်နိုင်ငံမှ မရှိဘူး ဆိုတာကော သိရဲ့လား၊ ချမ်းသာပါတယ်ဆိုတဲ့ အနောက်နိုင်ငံတွေလည်း စားရမဲ့၊ သောက်ရမဲ့ ဘ၀နဲ့ လမ်းမတွေပေါ်မှာ သန်းနဲ့ ချီရှိနေ တယ်။
ဒါပေမယ့် လက်နက်ဆန်းတွေ၊ လေယာဉ်အသစ်တွေ တည်ဆောက်၊ ၀ယ်ယူနေဆဲပဲ။

ဘာကြောင့်လည်း သိလား၊ ဘယ်နိုင်ငံမှ မိမိတို့  ရဲ့  အချုပ် အခြာအာဏာကို အထိမခံလို့ ပဲ။

မြန်မာနိုင်က မျိုးချစ်တပ်မတော် အစိုးရ ရဲ့ မွန်မြတ်တဲ့ လုပ်ဆောင်ချက် တွေဟာလည်း တိုင်းပြည်နဲ့ လူမျိုးကို အပြည်းအ၀ ကာကွယ်ပေးဘို့ ဆိုတာ ဘယ်တော့မှ မမေ့လိုက်ပါနဲ။

ဒါကြောင့် F 16 တွေထက် အဆင့်မြင့်တဲ့ Mig-29 တွေကို ၀ယ်ယူတာဟာ သိပ်ကို မှန်ကန်တဲ့ ဆုံးဖြတ် ချက်တွေပါ။ တိုင်းပြည်နဲ့ လူမျိုးအတွက် မမှိတ်မသုံ ဂုဏ်ယူလိုက်စမ်းပါဗျာ။

Anonymous said...

ဝ နဲ့ မအေရိုး တရုတ် တွေကို မျိုးပျောက်သွားအောင် ဗုံးသွားကြဲမယ်ဆိုရင် ၀ယ်လိုက်စမ်းပါ ကိုရွေကြီး

Anonymous said...

For Myanmar....NO NEED JET, PLANE,FIGHTER, GUNS

WE NEED HOSPITAL, SCHOOL, UNIVERSITY,
TECHNOLOGY< ELECTRICITY
AND OTHER INFRASTRUCTURE.

FOR MYANMAR,
DEFENCE IS MORE POWERFUL, PEOPLE WILL MORE POOR
AUNG SAN THAR

Arkar said...

ဆောင်းပါးထဲမှာ မြန်မာနိုင်ငံက MIG 29 တွေဟာ မကြာခဏ ပျက်ကျလေ့ရှိတယ်လို့ရေးထားပါတယ်။ တကယ်တမ်းက ၂၀၀၁ ခုနှစ်မှာ ပထမအကြိမ် ဝယ်ယူစဉ်ကတည်းက တစ်ခါမှ ပျက်ကျခြင်းမရှိသေးပါ။

Anonymous said...

ရှုံချမနေပါနဲ့...၀ယ်ပြီးသွားပြီ..အပိုလုပ်တွေ လုပ်မနေပါနဲ့...နိုင်ငံနဲ့ပြည်သူကို ကာကွယ်ဖို့အတွက် ၀ယ်ယူဖြည့်တင်းတာဖြစ်တယ်...သန်းရွှေ အတွက်မဟုတ်သလို မောင်အေးတွက်လည်းမဟုတ်ဘူး...ဘယ်အစိုးရလက်ထက် မှာပဲဖြစ်ဖြစ် တပ်မတော်ကို ခေတ်မှီအောင် လုပ်ရမယ့်တာဝန်ရှိတယ်...ခေတ်မမှီလို့ အီရတ် အာဖဂန် တို့ အမေရိကန်ရဲ့ ကျူးကျော်မှုကို အလူးလဲပြည်သူတွေခံရနေရတယ်..တိုင်းပြည်စီးပွားရေးအဆင် ပြေမှ လူတူိုင်းစီးပွားရေးကောင်းမှ စစ်ရေးကို ဦးစားပေးမယ် ဆိုရင် အီရတ် အာဖဂန်မှာ စစ်ရေးလည်း မတိုးချဲ့ ပြည်သူတွေ လူတန်းစေ့နိုင်အောင် တိုင်းပြည် ဖွံ့ဖြိုးအောင်ကြိုးစားနေချိန်မှာ အမေရိကန်က အကြောင်း အမျိုးမျိုးပြပြီး ကျူးကျော်လိုက်တာ အီရတ် အာဖဂန်ပြည်သူတွေ ဘာမှလုပ်နိုင်ပဲ ဒုက္ခတွေခံစားနေကြရတယ်...ဒါကို သင်ခန်းစာယူသင့်တယ်...တိုင်းပြည်တိုးတတ်လာမှာ ချမ်းသာလာမှ စစ်ရေးတိုးချဲ့ ခေတ်မှီတဲ့တပ်မတော်ဖြစ်အောင် လုပ်တဲ့နိုင်ငံ ဘယ်နိုင်ငံမှ မရှိဘူး...စစ်ဆိုတာ တိုင်းပြည်တိုးတက်လာတဲ့အချိန်မှာ ရန်သူက လာတိုက်မှာမဟုတ်ဘူး..တိုင်းပြည်ဆင်းရဲနေတဲ့အချိန်လည်း အကြောင်းပြပြီးလာတိုက်ချင်တိုက်မှာပဲ...ဘယ်လောက်ပဲ အသိဥာဏ်ရှိတဲ့ခေတ်စနစ်တွေရောက်နေပါစေ လူတွေရဲ့ စိတ်ကို ဘယ်သူမှမထိန်းနိုင်ပါဘူး..ဒေါသပေါက်ကွဲမှုကို ဘယ် သမ္မတ ကုလမှလည်း မကယ်နိုင်ပါဘူး...ကြိုတင် ကာကွယ်ထားမှုဟာ မိမိအတွက်ကောင်းဆုံးဖြစ်တယ်...

သန်းရွှေ said...

တပ်မတော်အင်အားရှိအောင် ပြည်သူတွေအားလုံးက တစ်လကို ၁၀၀၀ စီဆက်ကြေးပေးကြ။ အဲဒါမှ လက်နက်တွေဝယ်နိုင်မှာ။ ဘာလို့ဆက်ကြေးပေးရမှာလဲဆိုရင် နောက်နှစ်အနည်းငယ်အတွင်းမှာပဲ ရှိသမျှ သယံဇာတတွေကကုန်တော့မှာ။ အဲဒါမှ တပ်မတော်ကြီးခေတ်မမှီသေးရင် မင်းတို့မိန်းမတွေ ဖာတန်းကိုပို့ပြီး စီးပွားရှာကြပေါ့ကွာ။

Anonymous said...

တပ်မတော် အင်အားတကယ်ရှိချင်ရင်တော့ အသက် ၁၈နှစ်ပြည့်သူတိုင်းကို တပ်ထဲမ၀င်မနေရ ဥပဒေလေး ထုတ်ပါလား..။ ဒီနေ့လူငယ်တွေရဲ့သေနတ်ပြောင်းက ဘယ်ဘယ်ပြန်လှည့်လာမလဲဆိုတာ သိရအောင်လေ။ လက်တဆုတ် နဲ့ ဗရုက်ဗယက် ဆက်လုပ်နေလို့ကတော့ ပစ္စည်း ဘယ်လောက်ကောင်းကောင်း လေးလုံးရောဂါနဲ့တပ်မတော်ဘဲ ဖြစ်နေမှာပေါ့.။
(လေးလုံးရောဂါ - A I D S)
ခိုင်

min said...

လုပ်ကြပေါ့ကွာ၊အကုသိုလ်တွေဖုံးလွှမ်းနေတဲ့ မင်းတို့ရဲ့
စိတ်ဟာ အမှန်တရားကို မမြင်နိုင်တာ အံသြစရာတော့မ
ရှိပါဘူး၊ကံ၊ကံ၏အကျိုးဆိုတာ သိနေပါလျက်နဲ့ အကု
သိုလ်စိတ်တွေလွှမ်းမိုးနေတော့ မသိချင်ယောင်ဆောင်
နေကြတဲ့ မင်းတို့ရဲ့ဘဝကို သနားမိတယ်၊ဒီနေ့တော့ရှင်
ဘုရင်၊သူဌေးကြီး နောက်နေ့ကျတော့ ခွေးမဖြစ်ကြစေနဲ့
ပေါ့ကွာ။

Anonymous said...

Maung ဆိုသူ သိစေဘို့...

တပ်အင်အားတိုးချဲ့ ဘို့ လေယာဉ် ၀ယ်တာလား ....
စစ်တပ်တစ်တပ်ဆိုတာ ရုပ်ဝထ္တု ဖြစ်တဲ့ လက်နက်တွေ လေယာဉ်တွေ ချည်းဘဲ မဟုတ်ပါဘူး...
ရုပ်ဝထ္တု မဟုတ်တဲ့ စိတ်ဓါတ်အင်အား ကရော ဘယ်မှာလဲ
စစ်သားလေးတွေကိုလဲ မေးကြည့်ပါဦး..
စစ်တပ်တခုရဲ့ အင်အားဟာ တိုင်းပြည်တခုရဲ့ လူထု အင်အား က လာတာပါ..
ဘယ်မလဲ လူထု အင်အား..
ဘယ်မလဲ လူထု ပါဝင်မှု..
မောင်ရင် စစ်သားဆို မောင်ရင် စစ်မဟာဗျူဟာသင်ဘူးမှာ ပါ....

တပ်မတော် အင်အားရှိမှ တိုင်းပြည် အင်အားရှိမည်။
ကိုယ်လဲ အရင်ကဒီလိုဘဲတွေးတာဘဲ
ဒါပေမယ့်
ဒါဟာလွဲမှားတဲ့ အယူအဆ တခုပါ...
တိုင်းပြည် အင်အားရှိမှ (လူထုက တိုင်းပြည်အတွက် ၀င်ငွေရှာနိုင်မှ) တပ်မတော် အတွက် သုံးလို့ ရမှာပေါ့
ဒါကြောင့်
တိုင်းပြည်အင်အားရှိမှ တပ်မတော် အင်အားရှိမှာ

အဝေးရောက် စစ်သားဟောင်းတဦး

Anonymous said...

အစင်း ၂၀ ထဲလား နည်းတာပေါ. ၂၀၀ လောက် ၀ယ်ရမှာ ။

Anonymous said...

ကွန်မြူနစ်တွေ ကို အလုပ်အကျွေးပြု၊ ကိုးကွယ် နေတဲ့ နအဖ ဗိုလ်ချုပ်ကြီး ဆိုသူတွေကြောင့် တိုင်းပြည်က LDC အဆင့်ကနေ၊ Failed States အဆင့် ကိုရောက်သွားတာပေါ့။ နောက် ၁၀ နှစ်ကြရင် Failed States အဆင့်ကနေ Black hole ထဲရောက်သွားလိမ့်မယ်။ စောင့်တာကြည့်။ ဗိုလ်ချုပ် တွေနဲ့ မိသားစုက ချမ်းသာ၊ ရဲဘော် ဇနီးသည် မိန်းမ တွေက မုဆိုးမ ဖြစ်သူကဖြစ်၊ ပြည့်တန်ဆာတွေဖြစ်နေသူ က ဖြစ်နေကြပြီ။ မြန်မာပြည်မှာ ပြည့်တန်ဆာ လုပ်နေသူတွေက စစ်တပ်က ရဲဘော်တွေရဲ့ မိန်းမတွေဖြစ်နေပြီး၊ HIV AIDS ဖြစ်နေသူတွေက တပ်ထဲမှာ အရာရှိကြီးတွေထိတောင် ကူးစက်နေပြီလို့ ကျန်းမာရေးဝန်ကြီးဌာနက တောင် ပြောဆိုနေကြပြီ။ အရည်အချင်းမရှိတဲ့ ဗိုလ်ချုပ်တွေကြောင့် မြန်မာပြည်ကြီး ဒုက္ခရောက်ခဲ့တာလို့တောင် လီကွမ်ယု ကတောင် လက်ခံလာပြီး။ ဆက်တာလုပ်...သေနတ်ပြောင်းက ပြန်လှည့်လာမယ်။

Anonymous said...

နာဂစ် ဒုက္ခသယ် အတွက်တော့ နိုင်ငံတကာကို သူတောင်းစား လို အလှုခံတယ်။ ရလာတာကို ကြားကဖြတ်စားတယ်။ စစ်တပ်အတွက် ကျတော့ သုံးချင်ရာ သုံးနေတာ စောက်ရှက်မရှိတဲ့ စစ်အုပ်စု မအေရိုး တွေ

သန်းရွှေ said...

ငါ.သမီးရင်း တွေ ကို စင်္ကါပူက ဂေလမ်းသွားပီး ငွေရှာခိုင်းနေတယ်
ခရစ်စမတ် ဈေးဝယ်ရင်းပေါ.

သန်းရွှေ

nyi-htet said...

(စီးပွါးရေး တောင့်တင်းပြီး တိုင်းသူပြည်သားတွေ ဘ၀အခြေအနေ အဆင့်သင့်ဖြစ်မှပဲ လက်နက်၊လေယာဉ်တွေ
ဝယ်ယူ၊ တည်ဆောက်တယ်ဆိုတဲ့ နိုင်ငံ ကမ္ဘာမှာ တစ်နိုင်ငံမှ မရှိဘူး ဆိုတာကော သိရဲ့လား၊)

ဒုတိယ ကမ္ဘာစစ်ကြီး ပြီးတော့ စစ်ရှုံးတဲ့ ဂျပန်ဟာ စစ်လျော်ကြေးတွေ ပေးလိုက်ရပြီး မွဲသွားတယ်။ အကြွေးတွေလဲ အတိုင်းအဆမရှိ တင်ခဲ့တယ်..။
ဒီအချိန်မှာ အမျှော်အမြင်ကြီးတဲ့ ဂျပန် (စစ်)ခေါင်းဆောင် တွေဟာ ကမ္ဘာကို အံတုချင်ရင် ဘာလုပ်ရမလဲဆိုတဲ့ နည်းကို တွေ့ ရှိသွားပါတယ်။
Heroshima မှာအမေရိကန်ရဲ့ အနုမြူဗုံးဒါဏ်ကို ခံ လိုက်ရပေမဲ့ မိမိ တိုင်းပြည်တိုးတက်ရေး အတွက် အမေရိကန်ရဲ့ စစ်လက်နက်ရိပ်ကိုပဲ ခိုပြီး ဂျပန်ရဲ့ စီးပွားရေးကိုသာ ဇောက်ချအာရုံစိုက် ရင်းနှီး လုပ်ကိုင်ပါတော့တယ်။ တိုင်းပြည်ခေါင်းဆောင်တွေရဲ့ မခိုးမဖွက် မှန်ကန်တဲ့ဦးဆောင်မှု ၊ ချစါး ခေါင်းပုံဖြတ်တဲ့ စီးပွားရေး မျိုးမဟုတ် ပွင့်လင်း မြင်သာတဲ့ စီးပွားရေးစံနစ်များနဲ့ ၁၀၀% အာရုံစိုက် ပုံအောခါ တစ်တိုင်းပြည်လုံး ”ပျား” တွေလို အလုပ်လုပ် လိုက်ကြတာ ၃၅- ၄၀နှစ် အတွင်းမှာ အာရှမှာ စီးပွားရေးအင်အား အကြီးဆုံး နိုင်ငံ ဖြစ်လာပါတော့တယ်။
လက်နက်တွေ တည်ထွင်စုဆောင်းခြင်းကို နှစ်ပေါင်းများစွာ ရပ်ထါးရာက မကြာသေးခင်နှစ်များ ကမှ ပြန်လည် ပြုလုပ်လာဒါပါ ။ ဒီအချိန်မှာ ဂျပန်ရဲ့ စီးပွားရေးဟာ အနောက်နိုင်ငံတွေက အတုယူ စံထါးရတဲ့ အဆင့်- G8 ခေါ် ကမ္ဘာမှာ စက်မှုလက်မှု အတိုးတက်ဆုံးနဲ့ အချမ်းသာဆုံး ၈ နိုင်ငံစါရင်းထဲ ၀င်သွားပါပြီ။ သူများတကာ တွေ စစ်ရေးလက်နက် နဲ့ ပြဿနာ ဖြေရှင်း ချိန်မှာ ဂျပန်က ငွေထုတ်နဲ့ ဖြေရှင်းတတ်လို. ဂျပန်ရဲ့ သံတမာန်ရေး ကို Cheque-book diplomacy လို.တောင် ကင်ပွန်းတပ်ကြတယ်။
(ခင်ဗျားတို.က မြန်မာ့ ပြည်တွင်း စစ်နဲ. ပြည်ပစီးပွားရေး ပိတ်ဆို.မှုတွေကို အကြောင်းပြ အပြစ်တင်မယ် ဆိုတာ သိပါတယ်)

Question;
How did Japan succeed in developing their economy after World War 2?

Answer;
Like other countries, Japan benefitted from the long postwar boom. Without wishing to detract from the achievements of the Japanese ((I think it's worth pointing out that since 1945 the country's miliary expenditure has been extremely low, which has been a big bonus for the economy. ))

myochit_myanmar said...

ခံရပြန်ပီ ဘာလေယာဉ် မှ မ၀ယ်ဘူး ဗျ ... ခင်ဗျားတို့ သတင်းရေးရင် ဟုတ်မဟုတ် သေသေချာချာ စီစစ်သင့်တယ်..
မမှန်တာများလာလေလေ ခင်ဗျားတို့ကို မယုံလေဘဲ

Anonymous said...

ကိုယ့်ပိုက်ဆံနဲ့ကိုယ်ဝယ်တာပဲ။ ဘယ့်ကောင်စောက်ဂ၇ုစိုက်ရမှာလဲ။

မောင်ဟား said...

(မြန်မာ မစ် ၂၉ တိုက်လေယာဉ် ဝေဟင်၌ ပျံသန်းစဉ် ထောက်လှမ်းရေးဂြိုဟ်တု မှတဆင့် ရိုက်ကူးထားပုံ)
ကျွန်တော်ရီမယ်နော်...ဒါလေးတော့မလွန်ပါဘူး..
ပျံသန်းစဉ်တဲ့.:D..ဟားဟားဟား...
ဂြိုလ်တုက..ဘာပြုတာ..ဟားဟားဟား...
ဘေးတိုက်ကြီး...ဒါကြီးကသရီးဒီဂိမ်းထဲက...
ဟားဟားဟား...ခွိခွိခွိ..ဟားဟားဟား....
ကျန်တာတွေတော့မသိဘူး...ဟားဟားဟား...
ရေးထားတာတော့ပုံနဲ့တွဲပီး..ဟားဟားဟား.....ပုံမှာဘာမှမရေးလဲ..ရပါတယ်..ခုတော့...ဟားဟားဟား..ဘလော့ကာရယ်ဖြစ်ရပလေ..ဟားဟားဟား