Thursday, 10 December 2009
အိုဘားမား နဲ့ မြန်မာလူငယ်များအတွက် သီချင်းတပုဒ်
WFWW - က ဒီသီချင်းကို နယူးအော်လင်းအရပ်က လူမဲ တွေဘ၀ကရုမ်းထွက်နိင်ပြီး သမတအဖြစ်ကိုရခဲ့တဲ့ အိုဘားမား နဲ့ မြန်မာပြည်က လူငယ်များကို ရည်စူးပြီးတင်ဆက်လိုက်ပါတယ်။ သီချင်းနာမည်က "House of Rising Sun " ပါ။
၁၉၇၀ ၀န်းကျင်က ဟစ်ဖြစ်ခဲ့တဲ့ ရော့ခ်သီချင်းတပုဒ်။ ဒီသီချင်းမူရင်းက လူမဲအဆိုတော်ကြီး Leadbelly က Bluses စတိုင်လ်နဲ့ သီဆိုခဲ့တာပါ။ သူ ဒီသီချင်းကို ၁၉၅၀ လောက်မှာဆိုခဲ့တာ။
ဒီသီချင်းကို ဘီတဲလ်၊ပင်ဖလွိုက်၊ သည်ဒိုး ဆီနဲ အိုကနာ (အမျိုးသမီးအဆိုတော်) နဲ့ ဆိုတော်ပေါင်း ၆၀ ကျော်ပြန်ဆိုခံခဲ့ရတဲ့ သီးချင်းဖြစ်ခဲ့တယ်။ အဖွဲ့တွေကုန်သလောက်ပြန်ဆိုခဲ့ကြတယ်။ (ဆီနဲအိုကနာ ဆိုတာကတော့အတော့လေးကိုလှတယ်။ သူမကအသံသိပ်ကောင်းတယ်။)
ဒါပေမဲ့ ၁၉၆၄ ခုနစ်လောက်မှာ Animals အဖွဲ့ က ပြန်လည်သီဆိုမှု က ၀က်ဝက်ကွဲအဖြစ်ဆုံး။ ဒီသီချင်းကို ဘာကြောင့်ပြန်ဆိုခဲ့ကြတာလဲ။ ရှင်းပါတယ်။ ခေတ်ကိုထင်ဟတ်နေတာကိုး။
ကြမ်းတမ်းတဲ့ဘ၀ တွေကို ထင်ဟတ်ထားတယ်။ အမေရိကန် နယူးအော်လင်းအရပ်မှ အိမ်တလုံးရှိသတဲ့။ ဒီအိမ်နာမည်က House of rising sun - မြန်မာလိုတော့ တက်နေ၀င်း လို့ ပြောရမှာပါ။ နာမည်ကတော့ တက်နေ၀င်း၊ဒါပေမဲ့ ဒီအိမ်က ဆင်းရဲသား လူငယ်တွေကို ဖျက်ဆီးနေတယ်။ လောင်းကစား၊မူးယစ်ဆေးနဲ့ အရက်သေစာတွေ ရောင်းချနေတဲ့အိမ်တလုံး။ (ကျနော်တို့ငယ်ငယ်က ၁၆ ကွေ့ က ဖန်လ် နေ၀င်း အရက်ဆိုင်လို နေမယ်ထင်တယ်။) အမေက စက်ချုပ်သမ၊ တခါတရံမှာ သူ့ဂျင်းဘောင်းဘီကိုချုပ်ပေးတယ်။ အဖေကတော့ဖဲသမားတဲ့ တနေကုန်ဖဲရိုက်၊ မူးပြီးပြန်လာ။
ကလေးတွေဘ၀တွေက ဘာကို အားကျရမလဲ။ ဘာကိုအတုယူရမလဲ။ အမေရေ- လမ်းမှားမရောက်ဖို့ ကလေးတွေကိုပြောပါတဲ့။
ဒါကို Animals တီးဝိုင်းအဆိုတော် Eric Burdon က ဒီလိုအခြေအနေက ရုမ်းထွက်ကြ။ တောက်ပတဲ့ဘ၀တွေကို ဖန်တီးကြဖို့ တိုက်တွန်းထားတယ်။ ဒီနေ့ မြန်မာ့  လူငယ် ဂီတသမားတွေ အဓိပါယ်ရှိ သံစဉ် မိတဲ့ သီချင်းတွေ သီကုန်းနိင်ပါစေလို့ ဆုတောင်းရင်း ဒီသီချင်းကို တင်ဆက်လိုက်ပါတယ်။
at 11:10
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment