Monday, 7 December 2009

Mozart of Pickpockets ( မိုးဇက် ရဲ့ ခါးပိုက်နှိုက်များ ) - ရုပ်ရှင်တို




ဒီဇတ်လမ်းအတိုလေးက ၂၀၀၈ ခုနစ် အတွက် အတိုဆုံးရှပ်ရှင်ဆုရခဲ့တယ်။ ဇတ်လမ်းက ပြင်သစ်နိင်ငံ ပါရီမြို့ မှာအခြေတည်ထားတယ်။ ပြင်သစ်လူမျိုးနစ်ယောက်ဖြစ်တဲ့ ရစ်ချာဒ်နဲ့ ဖိလစ်တို့ ရဲ့ အသက်မွေးဝမ်းကြောင်းကတော့
ခါးပိုက်နိက်တွေအတွက် ရဲ အတုလုပ်ပေးရတာပါ။ ခါးပိုက်နှိုက်တွေက ပြင်သစ်နိင်ငံကို
နည်းမျိုးစုံနဲ့ ရောက်လာတဲ့ နိင်ငံခြားကရွေ့ ပြောင်းနေထိုင်လာသူတွေ၊ ဒီဇတ်လမ်းမှာ ခါးပိုက်နှိုက်တွေက အိန္ဒယနွယ်ဘွားတွေလို့ ယူဆနိင်စာရာရှိတယ်။

ခါးပိုက်နှိုက်နစ်ယောက်ဖြစ်တဲ့ ရစ်ချာဒ်နဲ့  ဖိလစ်ပီ တို့ အတွက် ဘ၀အကျိုးပေးက မကောင်းလှပါဘူး။ ခါးပိုက်နှိုက်တွေအတွက် ရဲ အတုလုပ်စားခဲ့ရတော့လည်း ခါးပိုက်နှိုက်တွေက သူတို့ နစ်ယောက်အတွက်ရဲအတုလုပ်ခကောင်းကောင်းမပေးခြင်ကြဘူး။ ခါးပိုက်နှိုက်လို့ ရတဲ့ ရွှေ၊ငွေတွေကိုခါးပိုက်နှိုက်တွေက ယူကြပြီး၊ သူတို့ မလိုခြင်တဲ့ ပစ်စပို့ တွေကိုပဲ သူတို့ ကိုဝေစုပေးပါတယ်။
နောက်ဆုံးမှာ ခါးပိုက်နိက်ဂိုဏ်းနဲ့ ဆက်လုပ်နေလို့ ကတော့ သူတို့ အသက်မွေးဝမ်းကြောင်းကခက်နေပြီဆိုတာကိုရိပ်မိလာတယ်။

ဒီကြားထဲမှာ လမ်းဘေးက ရွေ့ ပြောင်းနေထိုင်လာတဲ့မိသားစု ( Migrant Family ) ထဲကလေးတယောက် က သူတို့ ဘ၀ထဲကိုမထင်မှတ်ပဲရောက်လာတဲ့အခါမှာတော့ သူတို့ ဘ၀ က တမျိုးတဖုံ ပြောင်းလဲလာရတော့တယ်။ သူတို့ ကိုယ်တိုင်က ပြင်သစ်လို အိမ် -- ကို မှန်မှန်ကန်ကန် ပေါင်းတတ်ကြသူတွေမဟုတ်ပေမဲ့ ပညာအခြေခံမရှိကြပေမဲ့
ကလေးကိုတော့ ပညာတတ်ဖြစိခြင်တယ်။ သုတို့ တတ်ထားတဲ့ ငတိုပညာလေးတွေလည်းလက်ဆင့်ကမ်း ခြင်တယ်။ v
ဒါကလည်းလူသားရဲ့  ပညာလက်ဆင့်ကမ်းလိုတဲ့ စိတ်ဓါတ်ကိုဖေါ်ပြနေတယ်။ ( Sharing Learning Process)
ဒါပေမဲ့  ဒုက္ခသည်မိဘတွေက ဆင်းသက်လာပုံရတဲ့ ကလေးက သူတို့ ထက် ပိုပြီးထက်ထက်မြက်မြက်ရှိတယ်။
တည်ထွင်ကြံဆမှုရှိတယ်။ နောက်ဆုံးမှာ သူ မိဘ နစ်ဦး ( ရစ်ချဒ်နဲ့ ဖိလစ်) တို့  အကြပ်တည်းရောက်ရတဲ့အခါမှာ
ဖေါက်ထွက် လှုပ်ရှား ပေးနိင်ခဲ့ပုံကို ဖေါ်ပြထားတယ်။ ဘ၀အကျိုးပေးမကောင်းလို့  လူဆိုးသူခိုးဖြစ်ရပေမဲ့  လူသားစိတ်ဓါတ် ရှိခြင်းဟာ လူသားတွေအတွက် အရေးကြီးဆုံးလို့  ဒီဇတ်လမ်းက ပညာပေးခြင်တာပါ။

ဇတ်လမ်းကတိုတယ်။ ရိုက်ချက်တွေကကောင်းတယ်။ မြန်မာ ပရိသတ်အတွက် To improve emoation အလို့ငှာ မျှဝေလိုက်ပါတယ်။

No comments :