Tuesday 5 January 2010

"ဗုဒ္ဓ ရဲ့ ပါပီ"


"ဗုဒ္ဓ ရဲ့ ပါပီ"


ဘ တစ်ပြန်....

ကျား တစ်ပြန်သူ့ထက်ငါ.....

အလုအယက်ပေးဝေမျှတဲ့

မေတ္တာတွေနှစ်ထောင့်တစ်ဆယ်

နှစ်သစ်ကူးတဲ့ ညမှာလေ ...... ။


တဏှာ့ကျွန်လည်း မခံပြီ

စစ်ကျွန်လည်း မခံချင်တော့ပြီမို့

ဝဋ်ကြွေးတွေလည်း ပြေ

ကံကြွေးတွေလည်း ကြေ

ထွက်ရပ် လမ်းကို မှန်းရည်၍

ဒီဘဝ ဒီလမ်းဆုံးရင်ဖြင့်

နောင်ဘဝ လူ့ပြည်ကို

ခြေမလှမ်းချင်တော့

ဘုရားမကြိုက်တဲ့

လူမဖြစ်ရန် သံဓိဋ္ဌာန်ချမိပါရဲ့ ..... ။


အကယ်၍များ....

မျက်စိလည် လမ်းမှား

ကမ္ဘာမြေကို အလည်ပြန်ရောက်ခဲ့ရင်ဖြင့်

ဘုရားသားတော်တို့ရဲ့ စံကျောင်းတော်ရာမှာ

အပြစ်မဲ့တဲ့ခွေးလိမ္မာ...

ပါပီလေးသာ ဖြစ်လိုက်ချင်ပါရဲ့.... ။


ကျော်သူ

၃၁-၁၂-၂၀၀၉

ည(၁၂:၀၀) နာရီအတွေး

3 comments :

Anonymous said...

i like it

တာဝန် said...

u make my life so somfort!

တာဝန် said...

u make my life so somfort!