Monday 4 January 2010

တိုကျို (၆၂)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ် နှင့် အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှု


"The Current Leadership in Burma Is Aging. We Encourage More Young People to Engage and Participate in the Political Process Because It Is the Affairs of the Country, and It Is Their Future."

-သာထက်-
(DFB-JP/WFWW)

ယနေ့ ကျရောက်သည့် (၆၂)နှစ်မြောက်လွတ်လပ်ရေးနေ့တွင် JAC မှ ဦးဆောင်ပြီး ဂျပန်ရောက် ဒီမီုကရေစီအင်အားစုများနှင့် မြန်မာနိုင်ငံသားများကစုပေါင်းပြီး လွပ်လပ်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို TOKYO SHINAGAWA ရှိ နအဖ စစ်အခွန်ရုံးရှေ့၌ ကျင်းပခဲ့ကြသည်။ ယင်းအခမ်းအနားကို နိုင်ငံရေးအဖွဲ့စည်းအသီးသီးမှ အင်းအား ၁၅၀ ခန့် တတ်ရောက်ခဲ့ကြသည်။ အခမ်းအနားကို ညနေ ၃း၃၀ မှ ၅ နာရီအထိ ကျင်းပခဲ့ကြကြောင်းသိရှိရပါသည်။

တက်ရောက်လာသူများက မြန်မာနိုင်ငံလွတ်လပ်ရေးနေ့၌ မြန်မာပြည်သူများ လွတ်လပ်မှုမရှိပဲ ကိုယ့်တိုင်းပြည်ထဲမှာပင် ထောင်သွင်းအကျဉ်းချခံနေရကြောင်း၊ နိုင်ငံရေးအကျဉ်သားများကို ထောင်သွင်းအကျဉ်းချထားပြီး၊ ရွေးကောက်ပွဲ ကျင်းပမည့်အစီအစဉ်ကို ပြင်းပြင်းထန်ထန်ရှုံ့ချကြောင်း နှင့် နိုင်ငံရေးအကျဉ်းသားများကို ခြွင်းချက်မရှိ လွတ်ပေးရန် တောင်းဆိုခဲ့ကြသည်။

၆၂ နှစ်မြောက် မြန်မာ့လွတ်လပ်ရေးနေ့၌ ဒီမိုကရေစီနှင့် လူအခွင့်အရေးတွေကို ချိုးဖောက်ပြီး၊ လူသားများအပေါ် ပြစ်မှုကျူးလွန်နေကြသော နအဖ စစ်ခေါင်းဆောင်များကို ပြင်းပြင်းထန်ထန်ရှု့ချခဲ့ကြပြီး၊ အာဏာရှင် ဆန့်ကျင်ရေး ကြွေးကြော်သံများဖြင့် အခမ်းအနားကို ရပ်စဲခဲ့သည်။


No comments :