Wednesday, 6 January 2010

နအဖ ရွေးကောက်ပွဲ အစီအစဉ် ကို ရှုံ့ချကြောင်း ထိုင်းသတင်းစာကြီးထဲမှာ ဖော်ပြ

-နေးရှင်းသတင်းစာ-
ဘန်ကောက်

Burmese junta already manipulating upcoming poll
With no clear timeline for the planned election, the regime is working to preserve the status quo


နအဖ စစ်အုပ်စု၏ ကြိုတင်ကြံစည်ထားတဲ့ ၂၁၀၁ ရွေးကောက်ပွဲ ကို အချိန်ဇယား မဖော်ပြပေးနိုင်သေးခြင်း၊ ရွေးကောက်ပွဲဥပဒေများကို ကြေညာနိုင်မှုမရှိခြင်း၊ ရွေးကောက်ပွဲမှာ ပြိုင်ဘက် အတိုက်အခံ နိုင်ငံရေးသမားများကို ထောင်သွင်းအကျဉ်းချထားခြင်း၊ ရွေးကောက်ပွဲမှာ နိုင်ငံရေးပါတီများ လွတ်လပ်စွာ စည်းရုံးခွင့်မပေးသေးခြင်း ဟာ စစ်အုပ်စုခေါင်းဆောင်များအနေဖြင့် မဲလိမ်၊မဲခိုးမှုများဖြင့် အနိုင်ရယူသွားဖို့ ပြင်ဆင်နေတယ် ဆိုတာ ထင်ရှားနေတယ်လို့ ထိုင်းနိုင်ငံထုတ် နေးရှင်းသတင်းစာကြီးရဲ့ အယ်ဒီတာ အာဘော်အမြင်မှာ စွပ်စွဲပြောဆိုလိုက်ပါပြီ။

နအဖ စစ်အုပ်စုခေါင်းဆောင်များဟာ အာဏာကို လွှဲပြောင်းပေးဖို့ နှင့် စစ်သားဝတ်စုံကို ချွတ်ဖို့ ကြောက်ရွံ့နေသည့်အပြင်၊ ၂၀၀၈ ခုနှစ် က နားဂစ် ဖွံ့စည်းပုံအခြေခံဥပဒေကို အတည်ပြုသွားခဲ့သလို၊ နာရီပိုင်းအတွင်းမှာပင် နအဖစစ်အုပ်စု ကျောထောက်နောက်ခံ ပေးထားသည့် ပါတီသာလျှင် ရွေးကောက်ပွဲမှာ အနိုင်ရပါတီအဖြစ် ကြေညာသွားဖို့ ကြိုတင်ကြံစည်မှုတွေကို ပြုလုပ်သွားလိမ့်မယ်လို့ ထိုင်းနိုင်ငံထုတ် နံမည်ကြီးသတင်းစာရဲ့ အယ်ဒီတာအာဘော်မှာ ထည့်သွင်းဖော်ပြထားသည်။ ၁၉၉၀ ခုနှစ်မှာ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲရလာဒ်ကို သင်ခန်းစာရရှိခဲ့ပြီးနောက် နအဖ စစ်အုပ်စုခေါင်းဆောင်များအနေဖြင့် ရွေးကောက်ပွဲမှာ အနိုင်ရဖို့ နောက်ကွယ်ကနေနည်းမျိုးစုံသုံးပြီး ကြိုးကိုင်ကြံစည်နေပြီလို့ ရေးသားဖော်ပြ ထားသည်။

သတင်းအပြည့်အစုံ ကို ဤနေရာ မှာဖတ်ရှု့ နိုင်ပါသည်။

3 comments :

rosary said...

That is really nice article..

Maung said...

(မင်းတို့ ပဲ အသိဥာဏ်ရှိရှိအများအကျိုးအတွက် သံဃာသတ်..)
မြန်မာနိင်ငံရဲ့ သမိုင်းဦး အချိန်က စပြီး ယနေ့ မျိုးချစ် တပ်မတော် လက်ထက် အချိန်အထိ၊ မြန်မာ အစိုါ်ရ အစဉ်အဆက် ဘယ်သံဃာကို မှ လက်ဖျား နဲ့ တောင် မထိခဲ့ဘူးဗျ၊ သတ်ဘို့ ဆိုတာ ဝေလာဝေး။

သံဃာဆိုတာ လမ်းမပေါ်မှာ ဆူညံ ဆူညံဖြစ်အောင် လောဘ၊ ဒေါသ၊ မောဟတွေနဲ့ လက်သီး လက်မောင်း တွေတမ်း ပရမ်းပတာ ဖြစ်နေသူကို ပြောတာ မဟုတ် ဘူးဗျ။

သံဃာ ၂ မျိုး နှစ်စားပဲ ရှိတယ်။

(က) သမုတိ သံဃာ
(ခ) ပရမတ္ထ သံဃာ
(က) သမုတိ သံဃာ ဆိုတာ ဗုဒ္ဓဘုရားရှင် ခွင့်ပြုထားတဲ့ လုပ်ငန်း တာဝန် နှစ်မျိုးကို ရိုးရိုးလေး အေးအေးချမ်းချမ်း ထမ်းဆောင်နေကြတဲ့ ပုထုဇဉ် ရဟန်းတော်၊ ဆရာတော်တွေ ကို ခေါ်ပါတယ်။

သူတို့  အလုပ် နှစ်မျိုးကတော့....
၁။ ပရိယတ္တိ ဓုရ=ပိဋက သုံးပုံ ဘုရားဟော ကျမ်းဂန် စာပေတွေကို ကိုယ်တိုင် သင်ယူ လေ့လာ၊ ပို့ ချ ပေး ခြင်းဆိုတဲ့ ပရိယတ္တိ သာသန တာဝန်
၂။ ပဋိပတ္တိ ဓုရ=ကိုယ်တိုင် သင်ယူ လော့လာထားပြီးတဲ့ တရားတော်အတိုင်း လောဘ၊ ဒေါသ၊ မောဟ ကိလေ သာ တရားဆိုးတွေကို ပယ်နိုင်အောင် ကျင့်သုံးခြင်း ဆိုတဲ့ ပဋိပတ္တိ သာသန တာဝန်။

သံဃာဆိုရင် ဒီအလုပ် နှစ်မျိုးကိုပဲ လုပ်ရမယ်လို့  ဗုဒ္ဓဘုရားရှင် ကိုယ်တော်တိုင် ဥပဒေ ချမှတ်ထားခဲ့ ပါတယ် ခင်ဗျာ့

(ခ) ပရမတ္ထ သံဃာ ဆိုတာကတော့ လောဘ၊ဒေါသ၊ မောဟ ကိလေသာတွေကို ပယ်သတ်ပြီး၊ ပယ်သတ်ဆဲဖြစ်နေတဲ့ အမြင့်ဆုံး ရဟန္တာ၊ အနိမ့်ဆုံး သောတာပန် အရိယာ သံဃာကို ခေါ်တာပါ ခင်ဗျာ။

အဲဒီတော့ လမ်းမပေါ်မှာ ထွက် ဆူပူ ပြီး၊ မေတ္တာ အရေခြုံထားတဲ့ ဒေါသ ထွက်နေသူတွေထဲမှာ အမြင့်ဆုံး ရဟန္တာကို မဆိုထားနဲ့ အနိမ့်ဆုံး သောတာပန် အရိယာ တောင် မပါဝင်နိုင်ဘူးဗျ။ အရိယာ သံဃာနဲ့ သူတော်စင် မှန်ရင် လမ်းမပေါ်မှာ ထွက် မဆူဘူးဗျ။

ငြိမ်းချမ်းရေးကို မြတ်နိုးတော်မူကြတဲ့ သူတော်စင်နဲ့၊ သံဃာစစ် သံဃာမှန်ဆိုတာ သူ့ နေရာမှန်၊ အလုပ်မှန်ကို သူတို့ သိတော်မူကြ ပါတယ်ခင်ဗျာ့။

ဒါကြောင့်လည်း နိုင်ငံတော်ရဲ့ မျိုးချစ်တပ်မတော် အစိုးရက အဖြူအမဲ ခွဲခြား နားလည်ပြီး ပဂ္ဂဟ၊ နိဂ္ဂဟ ပေါ်လစီကို ကျင့်သုံး နေတာပေါ့ဗျာ။

ခင်ဗျားတို့ ပြောနေတဲ့ ရွှေဝါရောင်တော်လှန်ရေးဆိုတာ
ဗုဒ္ဓ၀ါဒကို တစ်ဖက်လှည့်နဲ့ ဖျက်ဆီးလိုက်တဲ့ ဘာသာဖျက်၊ သာသနာဖျက် လုပ်ရပ်ပဲဗျ။

အဲဒီ အဖျက်လုပ်ရပ်တွေကိုသိလို့  အမျိုး၊ ဘာသာ၊ သာသနာကို ချစ်မြတ်နိုး လေးစား တန်ဘိုးထာတဲ့ မျိုးချစ်တပ်မတော်က အသက်ပေးပြီး ကာကွယ်နေရ တာပေါဗျာ။

ဒီလို သူတော်စင် သံဃာ အစစ်အမှန်တွေကို ကာကွယ်ရတဲ့အတွက်လည်း တပ်မတော်မှာ နေ့ ည မခြား မဟာ ကုသိုလ်စိတ်တွေ တိုးပွါးနေရတာပေါ့ဗျာ။

Anonymous said...

မိုးဖင်သာမိုးလင်းလိုက်ပါ သန်းရွှေရာ။