Friday 8 January 2010

နအဖ စစ်အုပ်စု၏ အားပေးထောက်ပံ့ကူညီမှုရရှိခဲ့သည့် သီရိလင်္ကာအစိုးရ စစ်ရာဇ၀တ်မှုကျူးလွန်ခဲ့


စာဖတ်သူများအနေဖြင့် ဗွီဒီယို ကို ကြည့်ရှု့ ပြီး အတုလား၊ အစစ်အမှန်လားဆိုတာ ထင်မြင်ချက်များပေးသွားနိုင်ပါသည်။
-ကောင်းမြတ်ဝင်း(WFWW)-
နယူးယောက်ခ်
Sources: UN News Centre

ကမ္ဘာပေါ်မှာ လူ့အခွင့်အရေးချိုးဖောက်မှု အဆိုးဝါးဆုံး အဖြစ်နာမည်ကျော်နေသော မြန်မာ နအဖစစ်အုပ်စု ခေါင်းဆောင်များထံ ထောက်ပံ့ကူညီမှုရရှိရန် အသနားခံ တောင်းခံခဲ့သည့် သီရိလင်္ကာအစိုးရ ဟာ တမီလ် ကျားသူပုန်တို့အား အပြီးတိုင် ချေမှုန်းခဲ့သော စစ်ပွဲများ၌ စစ်ရာဇ၀တ်မှုများကို ကျူးလွန်ခဲ့ကြောင်း အထောက်အထားများ တွေ့ရှိခဲ့ရတယ်လို့ ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ကြီးက ယနေ့အတည်ပြုထုတ်ဖော်ပြောဆို လိုက်ပါသည်။

တမီလ် ကျားသူပုန်တို့အား အပြီးတိုင် ချေမှုန်းခဲ့တဲ့စစ်ပွဲများတွင် သီရိလင်္ကာအစိုးရတပ်မှ စစ်ရာဇ၀တ်မှု နှင့် လူသားများအား အစုလိုက်အပြုံလိုက်သတ်ဖြတ်ခဲ့မှုများရှိခဲ့ကြောင်း၊ ယင်းပြစ်မှုကျူးလွန်ခဲ့မှုများကို ဗွီဒီယိုအထောက်အထားများဖြင့်တွေ့ရှိခဲ့ရကြောင်း ကုလသမဂ္ဂစုံစမ်းရေးကော်မရှင် အဖွဲ့က သတင်းစာရှင်းလင်းပွဲမှာ အတည်ပြု သတင်းထုတ်ပြန်ခဲ့သည့် အပြင် ကမ္ဘာ့ရုပ်မြင်သံကြား အသံလွှင့်ဌာနများမှ လည်း ယင်းသတင်းနှင့် ပက်သက်ပြီး ဗွီဒီယိုအထောက်အထားများ ကို ထုတ်ဖော်ပြသ သွားပါသည်။

တကယ်တော့ ပြစ်မှုကျူးလွန်ခဲ့တဲ့ ဒီဗွီဒီယို သက်သေအထောက်အထားကို ပြီးခဲ့တဲ့၂၀၀၉ ခုနှစ် သြဂုတ်လ နောက်ပိုင်းတုန်းက ဗြိတိန်ရုပ်မြင်သံကြား အသံလွှင့်ဌာနတစ်ခုက ထုတ်လွှင့်ပြသခဲ့ပြီး၊ ယင်းအထောက်အထားနှင့် ပက်သက်ပြီး ကမ္ဘာ့ကုလသမဂ္ဂက ဆက်လက်စုံစမ်းစစ်ဆေးမှုများကို ပြုလုပ်ခဲ့ခြင်းဖြစ်ပါသည်။

သီရိလင်္ကာအစိုးရ နှင့် စစ်တပ်ထိပ်တန်းခေါင်းဆောင်များ က သူ့တို့အလိုကျ ခန့်အပ်ထားသော သူများပါဝင်သည့် စုံစမ်းစစ်ဆေးရေးအဖွဲ့ ကိုဖွဲ့စည်းခဲ့ပြီး စုံစမ်းစစ်ဆေးမှုများကိုတော့ ပြုလုပ်ခဲ့ကြောင်းသိရပါသည်။ သီရိလင်္ကာအစိုးရ နှင့် စစ်တပ်ထိပ်တန်းခေါင်းဆောင်များက ဖွဲ့စည်းခဲ့တဲ့ စုံစမ်းစစ်ဆေးရေး အဖွဲ့ ၏ အစီရင်ခံစာအရ ဒီအထောက်အထားတွေ ဟာ ကြံစည်ရိုက်ကူး ထားတဲ့ အတုအယောင်ဗွီဒီယိုမှတ်တမ်း သာဖြစ်တယ်လို့ စွပ်စွဲခဲ့မှုတွေရှိခဲ့သော်လည်း၊ ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ကြီးက ခန့်အပ်ထားတဲ့ ပညာရှင် သုံးဦး ဦးဆောင်ပါဝင်တဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ အစီရင်ခံစာအရ ဒီအထောက်အထားဟာ အစစ်အမှန်ဖြစ်ပြီး၊ မှန်ကန်တိကျခိုင်လုံမှုရှိကြောင်း အစီရင်ခံစာထဲမှာ ဖော်ပြပါရှိသည်။

ဗွီဒီယို အထောက်အထားများမှတဆင့် ဓာတ်ပုံဘောင်တချပ်ခြင်းကို အသေးစိတ် စစ်ဆေးခဲ့ကြောင်း၊ ပညာရှင်များအနေဖြင့် မရှင်းပြနိုင်သေးတဲ့ အချက်အလက် အနည်းငယ်ရှိခဲ့ပေမဲ့၊ မှတ်တမ်းတင်ခဲ့တဲ့ ဒီဗွီဒီယို ဟာ ဖြစ်ရပ်မှန်ကိုဖော်ပြထားတဲ့ သက်သေအထောက်အထား အစစ်အမှန်ဖြစ်ကြောင်း ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ကြီးက ခန့်အပ်ထားတဲ့ ပညာရှင် သုံးဦးပါ စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါသည်။

လူသားမဆန်စွာ ညှင်းပန်းနှိပ်စက်ခဲ့မှု၊ လူသားများအားအစုလိုက်အပြုံလိုက်သတ်ဖြတ်ခဲ့မှု နှင့် စစ်ရာဇ၀တ်မှု ကျူးလွန်ခဲ့သူများကို နိုင်ငံတကာ လူသားချင်းစာနာမှု၊ လူအခွင့်အရေးဆိုင်ရာ ဥပဒေများ၊ လူသားဆိုင်ရာ ကျင့်ဝတ်စည်းကမ်းများ အရ တရားမျှတစွာ စုံစမ်းစစ်ဆေး အရေးယူ ဖော်ထုတ်နိုင်ရန် သီရိလင်္ကာအစိုးရ အနေဖြင့် ကမ္ဘာ့ကုလသမဂ္ဂကဖွဲ့စည်းထားသော စုံစမ်းစစ်ဆေးရေးကော်မရှင်နှင့် ပူးပေါင်းဆောင်ရွက်ရန် တောင်းဆိုထားပြီး၊ ဆက်လက်စုံစမ်းဆစ်ဆေးမှုများပြုလုပ်ရန်အတွက် လွတ်လပ်သောစုံစမ်းစစ်ဆေးရေး အဖွဲ့တစ်ခုဖွဲ့စည်းဖို့အကြံပြုတောင်းဆိုထားကြကြောင်းသိရှိရပါသည်။


တမီလ် ကျားသူပုန်တို့အား အပြီးတိုင် ချေမှုန်းခဲ့တဲ့စစ်ပွဲများတွင် စစ်ပွဲများကြောင့်ထွက်ပြေးလာသော စစ်ပြေးဒုက္ခသည်များကို လူသားချင်းစာနာထောက်ထားသည့်အဖွဲ့အစည်းများမှ စားဝတ်နေရေးအတွက် ထောက်ပံ့ကူညီဆောင်ရွက်ပေးလျှက်ရှိရာ၊ ယင်းအဖွဲ့အစည်းများ၌တာဝန်ထမ်းဆောင်ခဲ့ကြသော လူမှုဝန်ထမ်းများ၊ အခမဲ့ဝန်ဆောင်မှုပြုလုပ်ပေးခဲ့ကြသောစေတနာ့ဝန်ထမ်းများကိုလည်း သီရိလင်္ကာစစ်တပ် မှ စစ်သားများက အစုလိုက်အပြုံလိုက်သတ်ဖြတ်ခဲ့မှုတွေရှိခဲ့ကြောင်း၊ ယင်းသတ်ဖြတ်မှုများကိုလည်း စုံစမ်းစစ်ဆေးမှုများပြုလုပ်သွားဖို့လိုကြောင်း နိုင်ငံတကာလူ့အခွင့်အရေးကာကွယ်စောင့်ရှောက်ရေး အဖွဲ့အစည်းများက ပြင်းထန်စွာ သတိပေးပြောဆိုသွားကြသည်။

No comments :