Sunday 24 January 2010

နအဖ က ဒေါ်အောင်ဆန်းစုကြည်ကို အခုနှစ် နိုဝင်ဘာလအတွင်း လွှတ်ပေးမယ် ဆိုခြင်း


ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်

ဇော်ဝင်း (နယူးရော့ခ်)

ဒေါ်အောင်ဆန်းစုကြည်ကို အခုနှစ် နိုဝင်ဘာလအတွင်းနေအိမ်အကျယ်ချုပ် က လွှတ်ပေးမယ်လို့ မြန်မာစစ်အစိုးရ ပြည်ထဲရေးဝန်ကြီး ဗိုလ်ချပ်မောင်ဦး မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့မှာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း (ဇန်နဝါရီလ ၂၀-၂၁ ရက်က) ထုတ်ဖော်ပြောဆိုခဲ့တယ်လို့ အာအဖ်အေ သတင်းဌာနက စုံစမ်းသိရကြောင်း သိရပါတယ်။

ဗိုလ်ချုပ်မောင်ဦးဟာ ကျောက်ပန်းတောင်းမြိ့ကို ဇန်နဝါရီလ ၂၀-၂၁ ရက်နေ့က လာရောက်ခဲ့တဲ့ ခရီးစဉ်အတွင်း ကျောက်ပန်းတောင်းမြို့က မြို့မိမြို့ဖတွေ၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးအသင်း၊ မိခင်နဲ့ ကလေး စောင့်ရှောက်ရေး အသင်းဝင်တွေ၊ သက်ဆိုင်ရာ ဌာနဆိုင်ရာတွေနဲ့ မြို့တော်ခန်းမမှာ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်၊၊

( ပြည်ထဲရေးဝန်ကြီး ဗိုလ်ချပ်မောင်ဦး )
နေအိမ်အကျယ်ချုပ် ချခံထားရတဲ့ ဗိုလ်ချုပ်ကြီးဟောင်း သူရ ဦးတင်ဦး ကို နေအိမ်အကျယ်ချုပ် ကနေ အရင်လွှတ်ပေးမယ် လို့သိရပါတယ်။

၂၀၁၀ မှာ လုပ်မဲ့ နအဖ ရွေးကောက်ပွဲ လုပ်မဲ့ သတင်း ကို အဆာဟိရှင်းဘွန်း သတင်းစာ မှာ ဖော်ပြခဲ့ဖူးတဲ့ သတင်းအရ ဆိုရင် နအဖ ရွေးကောက်ပွဲ ဟာ ၁၀ ၁၀ ၂၀၁၀ (ဆယ်သုံးလုံး) မှာ လုပ်မှာ လို့ ဆိုခဲ့ပြီးပါတယ်။ (နအဖ က တရားမဝင် ပြည်ပသတင်းစာ ကြေငြာချက်ပါ)

ဒီသတင်းမှာ ထူးနေတာက ဗိုလ်ချုပ်ကြီးဟောင်း သူရ ဦးတင်ဦး နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အခုနှစ် နိုဝင်ဘာလအတွင်း လွှတ်ပေးမယ် လို့ စစ်အုပ်စု ထဲက ပြည်ထဲရေးဝန်ကြီး ဗိုလ်ချပ်မောင်ဦး ပြောတာဟာ နအဖ က သူတို့ စိတ်ကြိုက် အတုအယောင် ရွေးကောက်ပွဲ အပြီး မှ လွှတ်ပေးမဲ့သဘော ဖြစ်နေပါတယ်။

ဗိုလ်ချုပ်မောင်ဦးဟာ ပြီးခဲ့တဲ့ သြဂုတ်လက ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ်ချုပ်အမှု စီရင်ရာမှာ ဗိုလ်ချုပ်မှုးကြီးသန်းရွှေရဲ့ လွတ်ငြိမ်းချမ်းသာခွင့်အမိန့်နဲ့ ကန့်သတ်မိန့်တွေကို တရားရုံးမှာ ကိုယ်တိုင် လာရောက် ဖတ်ကြားခဲ့တဲ့ နအဖ စစ်အစိုးရ ရဲ့ အဆင့်မြင့်အရာရှိတဦးဖြစ်ပါတယ်။

နအဖ ရဲ့ ကလိမ်ကကျစ် ကျမဲ့ ဇတ်ကွက် ဇတ်ရှုပ်တွေကို ပြည်သူတွေ က လျှင်ပြီးသား မြင်ပြီးသား ကြိုတင်သိရှိပြီး ဖြစ်ပါကြောင်းပါ ခင်ဗျား။

ဇော်ဝင်း (နယူးရော့ခ်)

Sourses (RFA)

1 comment :

Anonymous said...

သန်းရွှေကြီး နောက်ဆုံးနေ့ ဇတ်သိမ်း ဖြစ်မှာပါ။ ဖတ်ရတာ ကျေးဇူးပါ။ ကိုမိုးသီး နဲ့ ရဲဘော်များ ကို လေးစားပါတယ်။ ကျေးဇူးပါ။