
ဗီယက်နမ် ရောက် မြန်မာနိုင်ငံမှ ၃၅ တန် အလေးချိန်ရှိသည့် ကျောက်စိမ်းရိုင်းတုံးကြီး
ဇော်ဝင်း (နယူးရော့ခ်)
မြန်မာနိုင်ငံမှ ၃၅ တန် အလေးချိန်ရှိသည့် ကျောက်စိမ်းရိုင်းတုံးကြီး အား နအဖ က အမေရိကန်ဒေါ်လာ ၂ သန်း ဖြင့် ရောင်းစားလိုက် ကြောင်း အေပီသတင်း တပုဒ် ဖတ်လိုက်ရပါသည်။
ဝယ်ယူသွားသူ မှာ ဗီယက်နမ် နိုင်ငံသား ဗုဒ္ဓဘာသာဝင် တဦး ဖြစ်သဖြင့် ကျောက်စိမ်းရိုင်းတုံးကြီး မှာ ဗုဒ္ဓဆင်းတုတော်အဖြစ် ထုလုပ်ပြီး ကိုးကွယ်ကြ မည့်အကြောင်း သိရှိရ သဖြင့် ဝမ်းနဲဝမ်းသာ ပြိုင်တူခံစားရပါတယ်။

ကျောက်စိမ်းရိုင်းတုံးကြီး အား ဗုဒ္ဓဆင်းတုတော်အဖြစ် ထုလုပ်ပြီး ကိုးကွယ်ကြ မည့် အခမ်းအနားတွင် ခိုငှက် ကလေးများလွှတ်၍ ကောင်းမှုပြုနေပုံ

ထုလုပ်ပြီးသည့် အခါတွင် တန်ချိန် ၂၀ မျှ အလေးချိန် ရှိဦးမည်
အကယ်၍ ကျွန်တော် တို့နိုင်ငံ မှာ ဒီမိုကရေစီသာရှိပါက ဆရာတော် သံဃာတော်များက ကြီးမှူးပြီး ပန်းပုပညာရှင် များနှင့်တိုင်ပင်ကာ ဗုဒ္ဓဆင်းတုတော်အဖြစ် ထုလုပ်ပြီး ရွှေတိဂုံဘုရား ပေါ်တွင်ကိုးကွယ်ကြ မှာ သေချာလှပါတယ်။ အခုတော့ မြန်မာနိုင်ငံမှ ၃၅ တန် အလေးချိန်ရှိ တဲ့ ကျောက်စိမ်းရိုင်းတုံးကြီး ဟာ ရွှေ ဘုရား မျိုးဘုရား အဖြစ် ဗီယက်နမ် မှာ စံပယ်တော် မူတော့ မှာဖြစ်လို့ မြန်မာနိုင်ငံသား များ ဗီယက်နမ် နိုင်ငံကို သွားပြီး ဖူးမျှော်ခွင့် သာ ရရှိတော့မှာ ဖြစ်ပါသည်။

ဗီယက်နမ် ရောက် မြန်မာနိုင်ငံမှ ၃၅ တန် အလေးချိန်ရှိသည့် ကျောက်စိမ်းရိုင်းတုံးကြီး

ဗီယက်နမ် သမ္မကြီး Nguyen Minh Triet ကိုယ်တိုင် တက်ရောက် ပူဇော်နေပုံ
အေပီသတင်း အရ ဗီယက်နမ် ကျောက်မျက်သတ္တုတွင်းပိုင်ရှင်ဖြစ်သူ Mr Dao Trong Cuong ဟာ မြန်မာနိုင်ငံမှ ၃၅ တန် အလေးချိန်ရှိသည့် ကျောက်စိမ်းရိုင်းတုံးကြီးအား ယမန်နှစ်က ကျင်းပခဲ့သည့် ကျောက်မျက်ရတနာပြပွဲမှ တဆင့် အမေရိကန်ဒေါ်လာ ၂ သန်း ဖြင့် ၀ယ်ယူခဲ့ကာ အောက်တိုဘာလတွင် ဗီယက်နမ်သို့ တင်သွင်းယူဆောင်ခဲ့ကြောင်းသိရှိရပါသည်။

ဗီယက်နမ် ရောက် မြန်မာနိုင်ငံမှ ၃၅ တန် အလေးချိန်ရှိသည့် ကျောက်စိမ်းရိုင်းတုံးကြီး

ဗီယက်နမ် သမ္မကြီး Nguyen Minh Triet ကိုယ်တိုင် တက်ရောက် ပူဇော်နေပုံ

ထိုကျောက်စိမ်းရိုင်းတုံးကြီးအား ကျောက်မျက်နှင့် ပန်းပုပညာရှင် ၅၀ ဦးခန့်က ဗုဒ္ဓဆင်းတုတော်အဖြစ် ထုလုပ်ပြီးသည့် အခါတွင် တန်ချိန် ၂၀ မျှ အလေးချိန် ရှိဦးမည်ဟု ခန့်မှန်းကြကြောင်း သိရှိရပါတယ်။
အဆိုပါ ကျောက်စိမ်းရိုင်းတုံးကြီးအား ဖွင့်လှစ်ပြသသည့် အခမ်းအနားသို့ လူဦးရေ ၂,၀၀၀ ခန့် တက်ရောက်ခဲ့ပြီး ထိုအခမ်းအနားတွင် Mr cuong က Guinness ကမ္ဘာ့စံချိန်မှတ်တမ်းစာအုပ်တွင် မှတ်တမ်းတင်ခံရလိမ့်မည်ဟု မျှော်လင့်ထားကြောင်း ပြောကြားခဲ့သည်။ အဆိုပါ ကျောက်စိမ်းရိုင်းတုံးကြီးသည် အမြင့်ပေ ၁၀ ပေ (၃ မီတာ) မြင့်ပြီး အလျား ၆.၅ ပေ (၂ မီတာ) ရှည်လျား၍ အနံ ၆.၅ ပေ (၂ မီတာ) ရှိသည်ဟု သိရသည်။

ရွတ်ဖတ်ပူဇော် နေကြသော သံဃာတော် များ
ထိုအခမ်းအနားသို့ ဗီယက်နမ် သမ္မကြီး Nguyen Minh Triet လည်း တက်ရောက်ခဲ့ပြီး သံဃာ ၂၅၀ ခန့်က ခေါင်းလောင်းများတီးကာ တရားစာများ ရွတ်ဖတ်ခဲ့သည်။
အဆိုပါ ဆင်းတုအား ထုလုပ်ရန်အတွက် အချိန် ၂ နှစ်မျှ ကြာမြင့်မည် ဖြစ်သည်။
ဗီယက်နမ် မီဒီယာများ၏ ဖော်ပြချက်အရ လက်ရှိ ကမ္ဘာ့အကြီးဆုံး ကျောက်စိမ်းဗုဒ္ဓ ဆင်းတုတော်မှာ တန်ချိန် ၄ တန်ရှိပြီး ဥာဏ်တော် ၉ ပေ (၂.၇ မီတာ) မြင့်သည်ဟု သိရသည်။
Source & Photo: AP
ဇော်ဝင်း (နယူးရော့ခ်)
2 comments :
Ko Moe Thee,
Pls...click following link and try to think how to shut down that blog.
http://messengerforbuddhist.blogspot.com/
together we need to fight,
Warmest Regards,
အင်း ရှက်တတ်ရင် လဲသေဖို့တောင်ကောင်းတယ်.. ကိုယ့်နိုင်ငံက သယံဇာတ သူများဝယ်ပြီး ဘုရားထု ကိုးကွယ်နေတဲ့အချိန်မှာ.. ရှိတဲ့သံဃာတွေတောင် ရိုက်နှက်သတ် နေတဲ့ အကိုသိုလ်တုံး သန်းရွှေ ..
Post a Comment