Tuesday, 9 February 2010

လှိုင်သာယာမှာ အလုပ်သမား များ ဆန္ဒပြနေ

ဖေဖေါ်ဝါရီလ ၈ ရက်နေ့ ည ( မနေ့ ညနေ ) က လှိုင်သာယာ စက်မှု ဇုံ ( ၃ ) အမှတ် ၃ တွင် အလုပ်သမားဆန္ဒပြပွဲ တခုဖြစ်ပွားနေပါတယ်။ ထိုင်းလူမျိုးတဦးပိုင် မြဖက်ရှင် အထည် ချုပ်စက်ရုံတွင် အလုပ်လုပ်နေသောအလုပ်သမားများက စားဝတ်နေရေးကြပ်တည်းမှုကြောင့်လုပ်ခ တိုးမြင့်တောင်းဆို ကြောင်းသိရပါတယ်။ အလုပ်သမားဆန္ဒပြပွဲမှာဒီနေ့ အထိဆက်လက်ဖြစ်ပွားနေတယ်။ ယခုအခါတွင် အလုပ်သမားများကို ရဲချုပ်ခင်ရီမှ နေ၍ မီးသတ်ကားများ အချုပ်ကားများ လုံထိန်းရဲ အင်အား တထောင်ကျော် သုံး၍ လူမဆန်စွာနှိမ် နှင်းရန် ပြုလုပ်နေပြီဖြစ်ပါသည် ။ လစာမလုံလောက်သည့်အတွက် ရိုးသားစွာတောင်းဆိုဆန္ဒပြသည် အလုပ်သမားများမှာ လည်း အလျော့  မပေးပဲ ဆက်လက် ကြံကြံခံနေသည့်အတွက် ၎င်း အခင်းဖြစ်ပွားရာနေရာသို့  အမြန်ဆုံးသွားရောက် ပြီး အလုပ်သမားများနှင့် အတူပူးပေါင်း တိုက်ပွဲဝင်ကြပါရန်တပ်လှန့်  နိုးဆော်လိုက်ပါတယ်။

No comments :