Tuesday, 9 February 2010

ဒီနေ့  ရန်ကုန်မှာ ဖြစ်နေတဲ့ အလုပ်သမား လှုပ်ရှားမှု များ



လှိုင်သာယာ အလုပ်သမား များ ဇုံ တစ်၊ နှစ်၊ ဇုံ သုံးများတွင် အလုပ်သမားလှုပ်ရှားမှုများ ဖြစ်ပွားနေကြောင်းသိရပါတယ်။ ချိုင်းယီ စက်ရုံက အလုပ်သမားတွေက နေ့လည် ၁၂ နာရီမှာစက်ရုံမှပြန်ကြပါတယ်။ ဘာမှလိုက်လျောပေး တာမရှိသေးပါဘူး၊ ၊ရဲကား အစီး ၂၃ စီး ကအဆင်သင့်ရှိ နေတယ်လို့ သိရပါတယ်။ ရန်ကုန်တိုင်းမူး ဆိုသူက အခြေအနေကိုလာပြီးေ
လ့လာပါတယ်။ စက်ရုံက အလုပ်သမလေးတွေကတော့ လုံးဝမကျေနပ်ဘူး။ ဆက်လုပ်မယ်။မနက်ဖြန်မှာအခြေအေ နထူးနိုင်တယ်လို့ပြောပါတယ်။ မနက် ဖြန်မှာမလုပ်ချင်လို့ထွက်မဲ့ သူတွေကို လျှော်ကြေးအပြည့်အ၀ပေးဖို့တောင်းဆိုမယ်လို့ဆိုပါတယ်။အလုပ်သမားေ တွကိုကြည့်ရတာ ယုံကြည်မူ့ပြည့် ၀ပြီးတက်ကြွနေပါတယ်။
ဇုံ ၃ 0ppel (အိုပယ်) အထည်ခူပ်မှာလည်း လှုပ်ရှားမှုဖြစ်နေကြောင်းသိရပါတယ်။ လှုပ်ရှားမှုက ဖြစ်နေတာ ၂ ရက်ခန့် ရှိနေပါတယ်။ ဒီနေ့ စက်ရုံ နံရံတွေကို အလုပ်သမားတွေကအုတ်ခဲကြီုးတွေနဲ့ ပစ်ပေါက်ခဲကြပါတယ်။အလုပ်သမားတွေ ကတော့ နေ့လည် ၃ နာရီမှာထွက်ခွာကြပါတယ်။ မနက်ဖြန် စက်ရုံ ပိုင်ရှင် ( ပြည်မမှတရုပ် ) လာမယ်ပြောပါတယ်။
ဇုံ တစ် အလှုပ်သမားလှုပ်ရှားမှုမှာ kin jo (အထည်ချုပ်) စက်ရုံတွင်ဖြစ်ပွားနေခြင်းဖြစ်ပါတယ်။ ပိုင်ရှင်က နိင်ငံခြားသား အိန္ဒယလူမျိုးဖြစ်ပါတယ်။ စက်မှုဇုံအားလုံး ဆန္ဒပြကြဖို့  အလုပ်သမားခေါင်းဆောင်များက တောင်းဆိုထားကြပါတယ်။ ဇုံ့သုံး ထိပ်မှစပြီး ရဲများ ပိတ်ဆို့ ထားပါတယ်။ ဆိုက်ကားသမားများ ၊ဈေးရောင်သူတွေကိုလည်းအတင်းအြ ကပ် အပြင်ထွက်ခိုင်း နေပါတယ်။ မကျေနပ်မှုများ တဖြးတဖြး တိုးတက်များပြားလာနေတာကိုတွေ့ ရပါတယ်။


No comments :