Tuesday, 9 February 2010

အမေရိကန်ရှိ မြန်မာမိသားစုများအတွက် နှင်းမုန်တိုင်း အထူးသတိပေးချက်

 
 
-မြတ်စိုး-
၀၂.၀၉.၂၀၁၀

အမေရိကန်နိုင်ငံ အရှေ့ပိုင်း ပြည်နယ်များတွင် သောကြာနေ့ ကစပြီး ရေခဲ နှင့် နှင်းမုန်တိုင်း တိုက်ခိုက်နေမှု ကြောင့် နေရာတော်တော်များများမှာ လျှပ်စစ်မီးလိုင်းတွေ ပြတ်တောက်ခဲ့ ရပါသည်။ နှင်းမုန်တိုင်း ရာသီဥတုဆိုးကြောင့် ပြင်းထန်သော ယာဉ်တိုက်မှုတွေ နေရာတော်တော်များများ မှာ ဖြစ်ပွားခဲ့ကြသည်။ လူအသေအပျောက်များလည်းရှိခဲ့သည်။ တချို့နေရာတွေ မှာ သစ်ပင်များပြိုလဲကျပြီး၊ လမ်းများ ပိတ်ဆို့ ခဲ့ရပါသည်။ အထူးသဖြင့် မြို့တော် ၀ါရှင်တန်ဒီစီ၊ မယ်ရီလန်းအရှေ့ဘက်၊ ဗာဂျီနီးယားပြည်နယ်မြောက်ပိုင်း၊ ကိုလမ်ဘီယာခရိုင် တွေမှာ နှင်းများထူးထပ်စွာကျနေပြီး၊ အင်္ဂါနေ့မှဗုဒ္ဓဟူးနေ့အထိ ၁၀ လက်မ မှ ၂၀ လက်မအထိ ကျလိမ့်မယ်လို့ မိုးလေ၀သဌာနမှ ခန့်မှန်းထားကြသည်။ ပြီးခဲ့သည့် သီတင်းပတ်က ၀ါရှင်တန် Dulles နိုင်ငံတကာ လေဆိပ်၌ နှင်း ၃၂.၄ လက်မ ကျဆင်းခဲ့လို့ ၁၉၉၆ ခုနှစ် ဇန်န၀ါရီလမှာ ကျဆင်းခဲ့သည့် ၂၃.၂ လက်မ စံချိန်ကို ချိုးခဲ့တယ်လို့ မိုးလဝေသ သတင်းဌာနက ဖော်ပြခဲ့သည်။ မယ်ရီလန်းပြည်နယ် ကိုးစ်ဗယ်လီမြို့ငယ်တွင်လည်းပြီးခဲ့သည့် သီတင်းပတ်အတွင်း လက်မ ၄၀ ထူထပ်စွာ ကျရောက်ခဲ့ကြောင်း မိုးလေ၀သ သတင်းဌာနက ထုတ်ပြန်ကြေညာခဲ့သည်။

မီနီစိုးတား၊ အိုင်အိုဝါ၊ ဒါကိုတာတောင်ပိုင်း၊ အင်ဒီယားနား၊ အေလူးနွိုက်၊ ၀င်ကွန်စင်၊ အိုဟိုင်းရိုး၊ မန်ဆင်ချူးဆက်၊ နယူးဂျာစီ၊ ပန်ဆင်ဗေးနီးယား၊ မီချီဂန်၊နယူးဟန်းရှား၊နှင့် နယူးယောက် ပြည်နယ်တွေမှာ နှင်း ၆ လက္ခမ ကနေ ၈ လက္ခမ ထိကျလိမ့်မယ်လို့ ခန့်မှန်းထားပြီး၊ နယူးအင်္ဂလန် တချို့နေရာတွေ မှာတော့ ၁၀လက္ခမထိ တောင် ကျရောက် လိမ့်မယ်လို့ သိရှိရပါသည်။


တချို့ လမ်းမများပေါ်မှာ နှင်းများအေးခဲသွားမှုကြောင့် ရေခဲပြင် အဖြစ်ဖုန်းလွှမ်းလျှက် ရှိသဖြင့် ကျောင်းများ၊ အစိုးရအလုပ်များ ပိတ်ခဲ့ကြရသည်။

အမေရိကန်ရှိ မြန်မာမိသားစုများအတွက် နှင်းမုန်တိုင်း အထူးသတိပေးချက်
  • ခရီးကို မလိုအပ်ဘဲ မထွက်ပါနှင့်။
  • ကား ကို မလိုအပ်ဘဲ လမ်းမပေါ် မမောင်းပါနှင့်။
  • ကားကို သေသေချာချာ စစ်ဆေးပြီးမှ မောင်းပါ။ (Insurance, Heater,Wiper Blades,Tires, etc)
  • အရေးပေါ် ခရီးထွက်လျှင် သွားမည့် နေရာ၏ရာသီဥတုကိုကြိုတင်စုံစမ်းပါ။
  • ဆဲဖုန်းကို ကိုယ်နှင့်တပါတည်း အမြဲယူဆောင်သွားပါ။
  • အတွေ့အကြုံမရှိသော ကားမောင်းသူများ နှင်းထူတပ်သောလမ်းမများတွင် မမောင်းသင့်ပါ။

No comments :