Tuesday, 9 February 2010

လှိုင်သာယာက အလုပ်သမားတွေရဲ့ ဆန္ဒပြပွဲ သတင်းဓာတ်ပုံမှတ်တမ်း

Breaking News

-ခွပ်ဒေါင်းသွေး ဘလော့ဂ်-

လှိုင်သာယာ စက်မှုဇုံ ( ၃ ) တွင်ရှိသော တိုင်ရီ ဖိနပ်စက်ရုံနှင့် မြဖက်ရှင် အထည်ချုပ်စက်ရုံများမှ အလုပ်သမားများ မှာ လူနေမှု စားရိတ်ကြီးမြင့်လာသည် ကတကြောင်း၊ ရရှိသည့်လစာ မှာလည်း အလွန်နည်းပါးသည်တို့ကြောင့် ၎င်းတို့၏ လိုအပ်ချက်များကို စုပေါင်းတောင်းဆိုသည့်အနေဖြင် ၂၀၁၀ ခုနှစ် ဖေဖေါ်ဝါရီလ ၈ နေ့ နံနက် ၇ နာရီစတင်၍ အလုပ်သမားအင်အား ၂၀၀၀ ကျော်မှတောင်းဆို ဆန္ဒပြကြရာ အာဏာပိုင်များမှာနေ ၍ (၅ ) ဦးထက်ပိုမိုစုရုံးပါက ထုတ်ပြန်ထားသော ဥပဒေများ နှင့် ဆန့်ကျင် နေသည့် အတွက် အမြန်ဆုံးလူစုခွဲ ကြရန်ငြိမ်းချမ်းစွာ အခွင့်အရေး တောင်းဆိုနေသည့် အလုပ်သမားများအား ခြိမ်းခြောက်ပြောဆိုခဲ့သည်။

ထို့အပြင် လုံထိန်းကားများ ၊ မီးသတ်ကားများ ဖြင့် ၀ိုင်းရန်ပိတ်ဆို့ထားပြီး အလုပ်သမားထုအား အင်အားသုံးဖြိုခွဲရန် အသင့်ပြင်ဆင်ထားပြီးဖြစ်သည်။ နောက်ဆုံးရရှိသည့်သတင်းအရ ယနေ့ နေ့လည်တွင် ရဲချုပ်ခင်ရီ ကိုယ်တိုင်ထပ်မံရောက်ရှိလာပြီး ငြိမ်းချမ်းစွာဆန္ဒ ပြနေ ကြသော စက်ရုံးအလုပ်သမားများကို ထပ်မံခြိမ်းခြောက် လျှက်ရှိသည်ဟုသိရပါသည်။

ထပ်မံရရှိမည့် သတင်းများအား ဆက်လက်တင်ရှိပေးသွားမည့်ဖြစ်ပါကြောင်း….




ကိုသားဆွေက အီးမေးမှတဆင့်ပေးပို့ခဲ့သည်။

No comments :