Tuesday, 9 February 2010

အလုပ်သမားတွေ ဖက်က တနိုင်ငံလုံးရပ်တည်ကြပါစို့









အလုပ်သမား အရေးတော်ပုံ (ဂုဏ်ပြုသီချင်း)

အလုပ်သမား လယ်သမား စွမ်းအားနဲ့ တို့ပြည်ထောင်သစ်ကို ထူထောင်မည် တပ်မတော်သားတွေလဲ ပါဝင်မည် ။ ကျောင်းသားတွေလဲပါဝင်မည် ။
စစ်မှန်တဲ့ဒီမိုကရေစီ နိုင်ငံတော်သစ် ဆီ။
ညီညီညာညာလက်တွဲလို့ ချီ အောင်ရမည် ။
အောင်ရမည် ။
အောင်မြင်ပါမည် စစ်မှန်သော ဒီ မို ကရေ စီ။
တောင်းယူလို့ မရနိုင်ပါသည်။
တိုက်ယူမှ ရနိုင်ပါမည်။
ညီညီ ညွတ်ညွတ် လွတ်မြောက်ရေးအတွက် လက်တွဲကြပါမည်။

သံပြိုင် ။ ။
(တပ်မတော်သားတွေလဲ ပါဝင်မည်။ ကျောင်းသားတွေလဲပါဝင်မည်။ လက်ချင်းတွဲလို့  ညီရင်း နောင်ရင်း
ပြည်ထောင်စုဖွားသားချင်းတို့ သည် ညီညွတ်စွာ ကြံ ဆောင်မည် ဟောဒီမယ်ကွယ့် ပြည်သူ တွေ လိုချင်တဲ့ ဒီမိုကရေစီ) ၂

ရည်ရွယ်ကာ ကြံဆောင်ရင်းနဲ့  မောင်ရင်းနှမ ဇာနည် ၊ ချစ်ကြည် ရင်းနှီးမှုနဲ့ တဦးကိုတဦးယုံကြည်
ဒို့ ပြည် ၊ ဒီမိုကရေစီ အောင်ရမည် အောင်ရမည် အောင်ရမည် ပြည်ထောင်စုဖွားသားချင်းများရဲ့ ဒီမိုကရေစီ
အလုပ်သမားထုက စလို့  ကြံဆောင်မည်။

တဗိုလ်တက် တဗိုလ်ဆင်း ဘ၀ကိုရင်းမည်။ ဇာတိသွေး ရဲရင့် ပါပေသည်။
သံပြိုင် ။ ။
(တပ်မတော်သားတွေလဲ ပါဝင်မည်။ ကျောင်းသားတွေလဲပါဝင်မည်။ လက်ချင်းတွဲလို့  ညီရင်း နောင်ရင်း
ပြည်ထောင်စုဖွားသားချင်းတို့ သည် ညီညွတ်စွာ ကြံ ဆောင်မည် ဟောဒီမယ်ကွယ့် ပြည်သူ တွေ လိုချင်တဲ့ ဒီမိုကရေစီ) ၂

We fight We Win

No comments :