ကျောင်းသား ကျောင်းသူများ စာမေးပွဲနီးလာပြီဆိုလျှင် မီးပျက်ခြင်းဟာ နအဖ စစ်အုပ်စုလက်ထပ်မှာ နှစ်စဉ် ဆိုသလိုဖြစ်နေတက်တယ်။ ပညာရေးကို အလေးမထား၊ တန်ဖိုးမထားတဲ့ နအဖ စစ်အုပ်စု ရှိနေသ၍ မြန်မာကလေးတွေရဲ့ ပညာရေး ဟာ အမှောင်ထဲ မှာ စမ်းတ၀ါးဝါးနဲ့ မျှော်လင့်ချက် ကင်းမဲ့နေအုန်းမှာပဲ။
မြန်မာနိုင်ငံမှာ ကျောင်းသား ကျောင်းသူများ စာမေးပွဲဖြေဆိုရတော့မဲ့ကာလမှာ မီးတောင် ပုံမှန်လာအောင်မလုပ်နိင်တဲ့ နအဖ စစ်အုပ်စု ကို မြန်မာ ပြည်သားမှန်သမျှ ၀ိုင်းဝန်းတော်လှန်ပုန်ကန်ကြပါ။
- ဦးနေ၀င်းလက်ထပ်မှာ အနှစ် ၄၀ အတွင်း မြန်မာပြည်ကို LDC လို့ခေါ်ဆိုတဲ့ ဖွံ့ဖြိုးတိုးတက်မှု အနိမ့်ဆုံးအဆင့် ရောက်အောင်ပို့ခဲ့ကြတယ်။
- သန်းရွှေ၊မောင်အေး လက်ထပ်မှာ အနှစ် ၂၀ အတွင်း မြန်မာပြည်ကို Failed State လို့ခေါ်ဆိုတဲ့ အဘက်ဘက်က ယိုယွင်းပျက်စီးသွားတဲ့ အဆင့်ကိုရောက်ရှိအောင် ပို့ပေးခဲ့ကြတယ်။
- မောင်အေး၊ရွှေမန်း တို့ကတော့ ၂၀၁၀ ခုနှစ်နောက်ပိုင်းမှာ မြန်မာပြည်ကို Black Hole လို့ခေါ်ဆိုတဲ့ အသူရာချောက်ထဲရောက်အောင် ဥာဏ်ပညာ အမြော်အမြင်နည်းပါးစွာ ဖြင့် ကန်ပို့ကြပါတော့မယ်။
ကျိမ်းသေတာကတော့ ခေတ်သစ်ကမ္ဘာကြီးမှာ မြန်မာပြည်သူတွေဟာ စစ်ကျွန်ဘ၀ က မလွတ်မြောက်ကြသေးပါ။
No comments :
Post a Comment