ရင်နင့်ဖွယ်ရာ ကိုယ်တွေ့အဖြစ်အပျက်တွေကို ဖွင့်ချအပြီး အမှတ်တရဓာတ်ပုံ
မတ်လ ၂ ရက် ၂၀၁၀ - နယူးယောက်မြို့ Proskhansky Auditorium, The Graduate Center, City University of New York တွင် မြန်မာစစ်အစိုးရရဲ့ နှိပ်စက်အကြမ်းဖက်မှုတွေ ကိုယ်တိုင်ခံစားခဲ့ကြရတဲ့ မြန်မာတိုင်းရင်းသူ အမျိုးသမီး ၁၂ ဦးတို့ရဲ့ အဖြစ်အပျက်တွေကို နိုင်ငံတကာ ရာဇဝတ်မှုခုံရုံးမှ ထိရောက်စွာ အရေးယူနိုင်ရေးအတွက် နိုင်ငံတကာ ရာဇဝတ်မှုခုံရုံးနှင့် အလားတူသော ခုံရုံးတခုဖွင့်လှစ်ကာ ခုံသမာဓိတရားသူကြီးများအဖြစ် ငြိမ်းချမ်းရေး နိုဘယ်ဆုရှင်များဖြစ်ကြသော အမေရိကန်နိုင်ငံမှ Jody Williams ၊ အီရန်နိုင်ငံမှ Dr. Shirin Ebadi နှင့် ထိုင်းနိုင်ငံနှင့် တောင်ကိုးရီးယားနိုင်ငံတို့မှ ပါမောက္ခနှစ်ဦးတို့ ရှေ့မှောက်တွင် ထွက်ဆိုခဲ့ကြပါတယ်။ ယခု အခမ်းအနားကို နိုဘယ် အမျိုးသမီးများအဖွဲ့ ( Nobel Women’s Initiative ) နှင့် မြန်မာနိုင်ငံ အမျိုးသမီးများအဖွဲ့ချုပ် ( Women’s League of Burma ) အဖွဲ့တို့က ဦးစီးကျင်းပခဲ့ခြင်းဖြစ်ပါတယ်။
အခမ်းအနားကို မနက် ၉ နာရီမှစတင်ကာ ညနေ ၆ နာရီအထိ ကျင်းပါခဲ့ပါတယ်။ ပထမပိုင်းမှာ အမျိုးသမီးများအပေါ် အကြမ်းဖက်ခံရမှု၊ ဒုတိယပိုင်းအနေနဲ့ လူမှုရေးနဲ့ နိုင်ငံရေးနယ်ပယ်အသီးသီးတွင် အခွင့်အရေး ချိုးဖောက်ခံရမှုများ၊ တတိယပိုင်းအနေဖြင့် စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှု နယ်ပယ်အသီးအသီးတွင် အခွင့်အရေးချိုးဖောက်မှုများကို ရင်ဖွင့်ထွက်ဆိုခဲ့ကြပြီးသည့်နောက် ခုံသမာဓိတရားသူကြီးများမှ တွေ့ရှိချက်များအပေါ်မူတည်၍ မြန်မာစစ်အစိုးရရဲ့ နှိပ်စက်အကြမ်းဖက်မှုတွေကို လစ်လျူရှူ့ မနေသင့်တော့ဘဲ နိုင်ငံတကာ ရာဇဝတ်မှုခုံရုံးမှ အရေးယူရန် တိုက်တွန်းလိုက်ကြပါတယ်။
အခမ်းအနားကို မနက် ၉ နာရီမှစတင်ကာ ညနေ ၆ နာရီအထိ ကျင်းပါခဲ့ပါတယ်။ ပထမပိုင်းမှာ အမျိုးသမီးများအပေါ် အကြမ်းဖက်ခံရမှု၊ ဒုတိယပိုင်းအနေနဲ့ လူမှုရေးနဲ့ နိုင်ငံရေးနယ်ပယ်အသီးသီးတွင် အခွင့်အရေး ချိုးဖောက်ခံရမှုများ၊ တတိယပိုင်းအနေဖြင့် စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှု နယ်ပယ်အသီးအသီးတွင် အခွင့်အရေးချိုးဖောက်မှုများကို ရင်ဖွင့်ထွက်ဆိုခဲ့ကြပြီးသည့်နောက် ခုံသမာဓိတရားသူကြီးများမှ တွေ့ရှိချက်များအပေါ်မူတည်၍ မြန်မာစစ်အစိုးရရဲ့ နှိပ်စက်အကြမ်းဖက်မှုတွေကို လစ်လျူရှူ့ မနေသင့်တော့ဘဲ နိုင်ငံတကာ ရာဇဝတ်မှုခုံရုံးမှ အရေးယူရန် တိုက်တွန်းလိုက်ကြပါတယ်။
အခမ်းအနားသို့ တက်ရောက်လာသူ ၂၀၀ ကျော်ခန့်ရှိပြီး အင်တာနက်မှတဆင့် တိုက်ရိုက်ထုတ်လွှင့်မှုကိုလည်း တကမ္ဘာလုံးမှပြည်သူများက ထွက်ဆိုချက်တွေကို မျက်မြင်သက်သေအဖြစ် မြင်တွေ့ခဲ့ကြရပြီးဖြစ်ပါတယ်။ တက်ရောက်လာသူတချို့မှ ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် တရုတ်နဲ့ ရုရှားနိုင်ငံတို့ရဲ့ veto အာဏာကို အလွဲသုံးစားလုပ်မှုကို ဘယ်နည်းဘယ်ပုံ ကျော်လွှား၍ နိုင်ငံတကာ ရာဇဝတ်မှုခုံရုံးတွင် စစ်အုပ်စုကျူးလွန်ထားတဲ့ ရာဇဝတ်မှုတွေကို အပြစ်ပေးနိုင်ပါ့မလားဆိုတာကို ရတတ်မအေးဖြစ်နေကြပါတယ်။
သာဓကတခုအနေနဲ့လည်း ဆူဒန်နိုင်ငံ အာဏာရှင် Omar al-Bashir ကို နိုင်ငံတကာ ရာဇဝတ်မှုခုံရုံးမှ အရေးယူနိုင်ခဲ့တာမို့ မြန်မာနိုင်ငံ စစ်အုပ်စုကို အရေးယူနိုင်ဖို့ မဝေးတော့ကြောင်းလည်း သုံးသပ်နေကြပါတယ်။
ယနေ့ မတ်လ ၃ ရက်နေ့ မနက်မှာ ယမန်နေ့က ခုံသမာဓိတရားသူကြီးများရဲ့ တွေ့ ရှိချက်တွေကို ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူချုပ် ဘန်ကီမွန်း လက်ဝယ်သို့ မြန်မာတိုင်းရင်းသူများက ပေးအပ်လိုက်ပြီဖြစ်ကြောင်း သိရပါတယ်။ ညနေပိုင်းတွင်လည်း ကုလသမဂ္ဂရုံးချုပ်ရှေ့တွင် မြန်မာနိုင်ငံအတွင်း လူအခွင့်အရေး ချိုးဖောက်မှုများရပ်တန့်ရန်၊ ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများအားလုံး ချွင်းချက်မရှိ ချက်ချင်းလွှတ်ရန်၊ အထူးသဖြင့် အမျိုးသမီးနှင့် ကလေးသူငယ်များအား အကြမ်းဖက်မှုရပ်တန့်ရန် ဂန္ဓမာပန်းအဝါ၊ ပန်းအဖြူများကို ကိုင်ဆောင်ကာ ဆုတောင်းဆန္ဒပြပွဲတစ်ခုကို ပြုလုပ်ခဲ့ပါတယ်။
အမျိုးသမီးထုတရပ်လုံးအား မြန်မာ့နိုင်ငံရေးနယ်ပယ်ရဲ့ ဦးဆောင်မှုအခန်းကဏ္ဍတွင် ပိုမိုပါဝင်လာနိုင်စေရေး၊ အမျိုးသမီးများနှင့်အတူ လက်တွဲလုပ်ဆောင်နိုင်ကြရေးနှင့် အမျိုးသမီးအခွင့်အရေး အပြည့်အဝရရှိရေးတို့သည် အရေးပါသည့်အကြောင်း မြန်မာနိုင်ငံ အမျိုးသမီးများအဖွဲ့ချုပ်မှ ခေါင်းဆောင်တစ်ဦးဖြစ်သူ ဒေါ်သင်းသင်းအောင်က တိုက်တွန်းပြောကြားခဲ့ပါတယ်။ နယူးယောက်အခြေစိုက် နိုင်ငံရေးတက်ကြွလုပ်ကိုင်သူများဖြစ်ကြတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း ဦးနေတင်မြင့်နှင့် ဦးဇော်ဝင်းတို့က ယခုလို အမျိုးသမီးတွေက နိုင်ငံတကာအထိ ထိုးဖောက်ပြီး မြန်မာနိုင်ငံရဲ့ မတရားမှုများကို မီးမောင်းထိုးပြသနိုင်ကြတာကို ဝမ်းသာကြောင်း၊ အမျိုးသမီးတွေရဲ့ အခွင့်အရေးဟာလည်း လူသားတစ်စုလုံးရဲ့ အခွင့်အရေးပင်ဖြစ်ကြောင်း အမှန်တရားကသာလျင် အင်အားဖြစ်ကြောင်း ပြောကြားခဲ့ကြပါတယ်။
၂၀၀၅ ခုနှစ်မှာ ထုတ်ပြန်ခဲ့တဲ့ "Threat to the Peace: A Call for the UN Security Council to Act in Burma" စာတမ်းအရ မြန်မာစစ်အစိုးရအား ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် အရေးယူနိုင်ဖို့ ကြိုးစားခဲ့ကြသော်လည်း ၂၀၀၇ ခုနှစ်တွင် ရုရှားနှင့် တရုတ်တို့က နှစ်ထပ်ကွမ်း veto ဖြင့် ပယ်ချခံခဲ့ရပါတယ်။ ယခုအချိန်မှာတော့ မြန်မာနိုင်ငံရှိ အမျိုးသမီးများအပေါ် လူအခွင့်အရေးချိုးဖောက်မှု၊ အကြမ်းဖက်မှု၊ ရာဇဝတ်ကျူးလွန်မှု၊ မတရား အဓမ္မလုပ်အားခိုင်းစေမှု၊ မုဒိန်းကျင့်မှု၊ လိင်မှုဆိုင်ရာ အကြမ်းဖက်မှုနှင့် နှိပ်စက်မှု၊ လူမှောင်ခိုကူးမှု၊ မတရား ထောင်ချမှုနှင့် အဓမ္မ အိမ်ရာရွှေ့ပြောင်းမှုများ မှာ နိုင်ငံတကာ ရာဇဝတ်မှုခုံရုံး သို့ အမြန်ဆုံး ရုံးတင်စစ်ဆေးနိုင်ဖို့ အဆင့်အထိ ခိုင်ခိုင်လုံလုံ ပြသနိုင်ခဲ့ပြီဖြစ်ပါတယ်။
ယနေ့ မြန်မာနိုင်ငံမှာ အကြီးအကျယ် ဖြစ်ပေါ်နေတဲ့ စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်တစ်ရပ်လုံးအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုပေါင်းစုံဟာ စစ်အာဏာရှင် သန်းရွှေရဲ့ အမိန့်ပေးမှု နဲ့ကျူးလွန်နေကြတာဖြစ်ပါတယ်။ ကမ္ဘာ့မိသားစုနိုင်ငံတွေကလည်း မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ ရာဇဝတ်မှုတွေကို လစ်လျူရှု ထားတာမို့ မြန်မာနိုင်ငံကို ဥပဒေမဲ့ ဒေသတခုပမာ လုပ်ချင်တိုင်းလုပ်ခွင့်ပေးထားသလို ဖြစ်နေပါတယ်။
နှစ်ပေါင်းမြောက်များစွာ စစ်အုပ်စု ကျူးလွန်နေတဲ့ ပြစ်မှုတွေဟာ ကမ္ဘာ့ရာဇဝတ်ကောင် အဒေါ့လ်ဖ်ဟစ်တလာ၊ ဖက်ဆစ်ဂျပန်ဘုရင် ဟီရိုဟိတိုနဲ့ ကြိုးဆွဲချ အပြစ်ပေးခံရတဲ့ ဆက်ဒမ်ဟူစိန် တို့ ရဲ့ ပြစ်မှုကျူးလွန်မှုတွေနဲ့ ထပ်ထူထပ်မျှဖြစ်ကြောင်း အထောက်အထားတွေ မြောက်များစွာ ရှိထားပြီးဖြစ်ကြောင်း သိရပါတယ်။
(အဓိပဓိကြီး နှင့် ဇေယျထွဋ်ခေါင် တို့မှ ပေးပို့သည်)
3 comments :
အာဏာရူးမှူးကြီးသန်းရွှေအတွက်တော့ လူ့အခွင့်အရေးချိုးဖောက်စရာမြေ တလက်မတောင် မကျန်တော့ဘူးပော့နှော။ မောင်သန်းရွှေ လည်ပင်းတော့ ကြိုးကွင်းစာမိတော့မှာမို့ လည်ပင်းတော့ ယားနေမပော့ဗျာ။ ကွိုင်ကွိုင်လည်း ငိုင်တော့မယ်ထင်တယ်။
မောင်သန်းရွှေပဲ ကြိုးပေးခံရမလား လာအရေးယူတဲ့ လဒတွေပဲ ခေါင်းဖြတ်သတ်ခံရမလားဆိုတာ စဉ်းစားစရာပဲ ;)
ကုလက နိုင်ငံတကာ ဥပဒေပညာရှင်တွေကို ဘယ်လို ခေါင်းဖြတ်သတ်မတုန်းငတုန်းရ လုပ်တုန်းကအပြစ်တွေဆက်တိုက်လုပ်ပေမဲ့ခံရမဲ့အလှည့်ဆိုတာ ခံပေါ့ကွာ မင်းတို့သန်းရွှေကြီးလည်ပင်း သပက် ပတ်ထားလို့ အနာသက်သာအောင် သနားတယ်
Post a Comment