Thursday, 4 March 2010

မြန်မာ့ နိုင်ငံရေးသတင်းတိုများ

(၁) မတ်လ ၁ ရက်နေ့ ညက လမ်းသုံးဆယ်ရှိ ဗလီကို ဗုံးခွဲမည်ဟုသတင်းရရှိသောကြောင့် လမ်းများပိတ်ဆို့ ရှာဖွေလျက်ရှိပါတယ်။ နအဖ စစ်အစိုးရဟာ နိင်ငံရေးအကြပ်တည်းနဲ့ ကြုံတိုင်း ဘာသာရေးပတိပက္ခများကိုစနစ်တကျဖန်တီးခဲ့တဲ့သာဓကတွေရှိတာကိုသတိပြုသင့်ကြပါတယ်။

(၂) ကရင်အမျိုးသမီးလေး ဇိုရာဖန်းကို ကမ္ဘာစီးပွားရေး ဖိုရမ် ( World Economics Forum) မှ ၂၀၁၀ ခုနစ်အတွက် ကမ္ဘာလုံးဆိုင်ရာလူငယ်ခေါင်းဆောင်ဆု (Young Global Leader - YGL) ကို ချီးမြှင့်လိုက်ပါတယ်။ သူမရဲ့ မြန်မာ ပြည်ဒီမိုကရေစီရရှိရေးကြိုးပမ်းမှုကြောင့်ခုလို ချီမြင့်လိုက်တာဖြစ်တယ်။ ဆု က အသက် ၄၀ အောက်လူငယ်များကိုသာချီးမြင့်လေ့ရှိပြီး လှုပ်ရှားမှုကိုတစိုက်မတ်မတ် အောင်မြင်အောင် ဆောင်ရွက်သူများကိုချီးမြင့်လေ့ရှိပါတယ်။ ဆုပေးအဖွဲက ဆွစ်ဆာလန်နိင်ငံ ဒါဗိုစ် (Davos) မြို့မှာအခြေစိုက်ပါတယ်။ ဂုဏ်ပြုပွဲကို လာမဲ့ ၂ရက်ကနေ ၇ရက်အထိ အာဖရိကရှိ တန်ဇန်းနီးယားနိုင်ငံ ဒါအက်စ်ဆလမ်း (Dar es Salaam) မြို့မှာ ကျင်းပမယ်။ ဒီဆုရဖူးသူ လူငယ် ၂၀၀ လည်း တက်ရောက် ပြီး ဇိုရာဖန်းကို ဂုဏ်ပြုအားပေးကြမယ် ၊ အတွေ့အကြုံ တွေဖလှယ် ပြီး ပူးပေါင်းဆောင်ရွက်ကြလိမ့်မယ်။

(၃) ရွေးကောက်ပွဲ အတွက် နအဖ ပြင်ဆင်ချက်ကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ဝင်လူငယ်တွေကိုလိုက်လံဖမ်းဆီးနေတယ်လို့ သတင်းရရှိပါတယ်။ ဒါ ကြိုကာ စီမံချက်လို့သိရတယ်။

(၄) သန်းရွှေကို စစ်ရာဇ၀တ်ကောင်အဖြစ် နိုဘယ်ဆုရှင်များ က သတ်မှတ်ပြီး နိင်ငံတကာခုံရုံးသို့ တင်ရန်တောင်းဆိုနေတယ်လို့ သိရပါတယ်။

(၅) ရန်ကုန်တိုင်း ရှိ ရွှေပြည်သာစက်မှုဇုံ တွင် ဆန္ဒပြ ပွဲဖြစ် ပွါးခဲ့ပါတယ်။

No comments :