လှုပ်ရှားမှု တခုမှာ မှားယွင်းတဲ့ ခေါင်းဆောင်မှု ၊ မပြတ်သားတဲ့ခေါင်းဆောင်မှု တွေထက်စာရင် ခေါင်းဆောင်မရှိတာက ပိုကောင်းတယ်။ ဘာဖြစ်လို့လည်း ဆိုတော့ လူတိုင်းက ငါခေါင်းဆောင်ဖြစ်နိင်တယ်လို့ ခံယူနိင်လို့ပဲ။ ညံဖျင်းတဲ့ ခေါင်းဆောင်မှုက ရှေ့ က နေ ပိတ်နေရင်တော့ လှုပ်ရှားမှု တခုလုံး သေဖို့တာပြင်ပေတော့။ လုံးဝရေစုံမျှော်တာပဲ။ လှုပ်ရှားမှုကို အရှိန်အဟုန်နဲ့ မြင့်တက်စေခြင်ရင် ရန်သူကိုလည်းတိုက်ရသလို မှားယွင်းတဲ့ ခေါင်းဆောင်မှုကိုလည်း ဖယ်ရှားဖို့ ကြိုးစားရမယ်။ မှားယွင်းတဲ့ခေါင်းဆောင်မှုတွေကို မဆန့်ကျင်တာဟာ ၊ဖယ်ရှားဖို့ မကြိုးစားတာဟာ လူထုဆန့်ကျင်ရေးလုပ်ငန်းပဲဖြစ်တယ်။
( မိုးသီးဇွန်)
-အောင်ခက်-
ထမင်းကောင်း ဟင်းကောင်းစားရတဲ့ အခါ မိတ်ကောင်းဆွေကောင်းတွေကို သတိရသလို စာကောင်းပေကောင်း တွေကို ဖတ်ရတဲ့ အခါ ကျနော်တို့ စာဖတ်မိတ်ဆွေတွေကိုလည်း သတိရမိတာတော့ အမှန်ပါဘဲ။ အဲဒီအတွက် ဘဲ ကျနော်တို့ WFWW( We Fight We Win) က ကျနော်တို့ ဖတ်ရှု့ ခဲ့ တဲ့ စာကောင်းပေကောင်းတွေကို ကျနော်တို့ရဲ့ စာဖတ်ပရိသတ် အဆွေခင်ပွန်းတွေအတွက် မျှဝေ ပေးနေပါတယ်။ ဒီလမှာတော့ အင်တာနက်စာမျက်နှာများမှာ လူထု အကျိုးအတွက် မိမိဆန္ဒအလျောက် အသိစိတ်ဓာတ်ရှိရှိဖြင့် သတင်းများ၊ ခွန်အားဖြစ်စေမည့် ဗဟုသုတများ၊ ဘ၀ခံစားချက်များ၊ အတွေးအမြင်များကို မျှဝေပေးနေကြတဲ့ Citizen Journalists လို့ခေါ်တဲ့ လူထု သတင်းထောက်များ၊ နိုင်ငံသား သတင်းထောက်များ က ရေးသားတင်ပြထားကြတဲ့ “ခေါင်ဆောင် /ခေါင်းဆောင်မှု” ဆိုသည့် အကြောင်းနှင့် ပက်သက်ပြီး လက်လှမ်းမှီ ဖတ်ရှု့ရသမျှ ကို ချစ်လှစွာသော စာဖတ်သူများအား ဆက်လက် ဝေမျှ ပေးသွားပါမယ်။
ဒီနေ့မှာတော့ Future Nation အင်တာနက် စာမျက်နှာ မှာ စာရေးဆရာ ဦးတင်စိန်(FISCA) ရေးသားခဲ့တဲ့ “ခေါင်းဆောင်သည် အလိုအလျောက် မွေးဖွားလာခြင်း မဟုတ်” အတွေးအမြင် ဆောင်းပါး တစ်ပုဒ် ကိုတင်ပြသွားမှာ ဖြစ်ပါတယ်။
၂၀၁၀ နှစ်သစ်ကူးမှစတင်ပြီး ၀င်ရောက်လာခဲ့ပြီဖြစ်တဲ့ ဆယ်စုနှစ်သစ် မှာ အရည်အချင်း ပြည့်ဝပြီး၊ တိုင်းချစ်ပြည်ချစ် စိတ်ဓာတ်ရှိတဲ့ မြန်မာလူငယ်ခေါင်းဆောင်ကောင်းများ ပေါ်ထွက်လာပြီး တိုင်းပြည်ကို မှန်ကန်တဲ့လမ်းကြောင်းပေါ် ဦးဆောင်လမ်းပြခေါ်ဆောင် သွားနိုင်ကြပါစေလို့။
***********************************************************************************
ခေါင်းဆောင်သည် အလိုအလျောက် မွေးဖွားလာခြင်း မဟုတ်
Leaders are not Born.
စီးပွားရေးနယ်ပယ်မှာဖြစ်စေ၊ အုပ်ချုပ်ရေးနယ်ပယ်မှာဖြစ်စေ၊ လူမှုရေးနယ်ပယ်မှာဖြစ်စေ ခေါင်းဆောင်(Leader) ရှိစမြဲဖြစ်ပါသည်။ အချို့က ခေါင်းဆောင်သည် မွေးဖွားလာသည်ဟု ထင်မြင် ယူဆကြသည်။ ခေါင်းဆောင်မှု အရည်အချင်း၊ ခေါင်းဆောင်မှုဆိုင်ရာ ကျွမ်းကျင်မှုသည် မွေးရာပါအရည်အချင်း၊ မွေးရာပါ ကျွမ်းကျင်မှုဟုလည်း ထင်မှတ်မှားကြပါသည်။ ထိုသို့မဟုတ်ပါ။ ခေါင်းဆောင်သည် သူ့အလိုအလျောက် မွေးဖွားလာခြင်း မဟုတ်၊ ခေါင်းဆောင်မှုပြုနိုင်သည့် အရည်အချင်း၊ ကျွမ်းကျင်မှုကို လေ့လာဆည်းပူးကျင့်ကြံအားထုတ်၍ ခေါင်းဆောင်မှု ပြုနိုင်ပါသည်။ (Leaders are made, not born. We can make and develop Leadership Skills) ခေါင်းဆောင်မှုသည် ထိပ်ပိုင်း၌ ထီးထီး မားမား ကွက်၍ ရှိသည်လည်း မဟုတ်ပါ။ ခေါင်းဆောင်မှုသည် အဆင့်တိုင်း၌ ရှိပါသည်။ (Leadership is spread eventually) ခေါင်းဆောင်သည်လည်း အဆင့်တိုင်း၌ ရှိပါသည်။ (There are many leaders, not just one) ခေါင်းဆောင်သည် အများနှင့်မတူ၊ တစ်မူထူးခြား ကွဲပြားခြားနားအောင် ဆောင်ရွက်နိုင်စွမ်း ရှိသူဖြစ်ပါသည်။ မည်သည့်အရည်အချင်း၊ မည်သည့်ကျွမ်းကျင်မှုရှိ၍ တစ်မူထူးခြားရပါသလဲ၊ ခေါင်းဆောင်မှုဆိုင်ရာ ကျွမ်းကျင်မှု (Leadership Skills) ကို ဆက်၍ တင်ပြသွားပါမည်။
ခေါင်းဆောင်မှုဆိုင်ရာ ကျွမ်းကျင်မှု (Leadership Skills) တွင် နှစ်ပိုင်းရှိပါသည်။ ၎င်းတို့မှာ Personal Competence (ပင်ကို စွမ်းရည် သို့မဟုတ် ကိုယ်စွမ်း ကိုယ်စစွမ်းရည်)နှင့် Social Competence (လူမူဆက်ဆံရေး စွမ်းရည်)တို့ဖြစ်ပါသည်။
ပင်ကို စွမ်းရည်သည် မိမိနှင့်သက်ဆိုင်သည်။ မိမိကိုယ်ကို အရည်အချင်း ပြည့်ဝအောင် ပြုလုပ်ခြင်းဖြစ်ပါသည်။ (How are manage ourselves) လူမှုဆက်ဆံရေးစွမ်းရည်သည် အများနှင့်သက်ဆိုင်သည်။ မိမိပတ်ဝန်းကျင်နှင့်သက်ဆိုင်သည်။ ပတ်ဝန်းကျင်နှင့်လိုက်ဖက်ညီစွာ၊ ပြေပြစ်စွာဆက်ဆံရေး ဖြစ်ပါသည်။ (How we manage relationship) ပထမပိုင်းဖြစ်သော ပင်ကို စွမ်းရည်သည် အောက်ပါအတိုင်းဖြစ်ပါသည်။
Self-Awareness (မိမိကိုယ်ကိုသိရှိခြင်း)တွင်ပါဝင်သော-
(မိမိကိုယ်ကို စီမံခန့်ခွဲခြင်း သို့မဟုတ် ပြုစုပျိုးထောင်ခြင်း)တွင် ပါဝင်သော-
(၁)Emotional Self-control ဆိုသည်မှာ စိတ်အလိုမလိုက်ဘဲ ထိန်းချုပ်နိုင်မှု ဖြစ်ပါသည်။
(၂)Transparency သည် ရိုးသားပွင့်လင်းမှု ဖြစ်ပါသည်။
(၃)Adaptability သည် အပြောင်းအလဲ၊ အခက်အခဲနှင့်အညီ လိုက်လျောညီထွေပြုနိုင်ခြင်း ဖြစ်ပါသည်။
(၄)Achievement သည်ထူးခြား ပြောင်မြောက်စွာ ဆောင်ရွက်နိုင်ခြင်းဖြစ်ပါသည်။
(၅)Initiative သည်အခွင့်အလမ်းကို ရယူကြိုးပမ်းနိုင်ခြင်း ဖြစ်ပါသည်။
(၆)Optimism သည် အပြုသဘောဆောင်ခြင်း ဖြစ်ပါသည်။
ခေါင်းဆောင်မှုဆိုင်ရာ ကျွမ်းကျင်မှု၏ ဒုတိယပိုင်းဖြစ်သော Social Competence (လူမှုဆက်ဆံရေးစွမ်းရည်) ကို ဆက်လက်တင်ပြပါမည်။ Social Competence မှာအောက်ပါအတိုင်းဖြစ်ပါသည်။
Social-Awareness(အများနှင့်ယှဉ်၍သိရှိခြင်း)တွင် ပါဝင်သော
(၁)Empathy ဆိုသည်မှာ စာနာမှုဖြစ်ပါသည်။ ကိုယ်ချင်းစာနာခြင်းဖြစ်ပါသည်။
(၂)Organizational awareness သည် အဖွဲ့အစည်းအဆင့်၊ အဖွဲ့အစည်းဆိုင်ရာ မူဝါဒ၊ မိမိအဖွဲ့အစည်း၊ အခြားအဖွဲ့အစည်းများ၏ အခြေအနေ၊ သဘောသဘာဝအဖွဲ့အစည်းကွန်ရက်တို့ကို သိရှိခြင်းဖြစ်ပါသည်။
(၃)Service ဆိုသည်မှာ ဝန်ဆောင်မှုဟု လူတိုင်းသိရှိပါသည်။ မိမိ၏ဖောက်သည်၊ စားသုံးသူတို့၏ လိုအင်ကို သိရှိဖြည့်ဆည်းနိုင်ခြင်း ဖြစ်ပါသည်။
Relationship Manage -ment (အများတကာဆက်ဆံရေးစီမံမှု)တွင် ပါဝင်သော
(၁)Inspirational Leadership ဆိုသည်မှာ အမြင်ကြည်လင်၍ အားပေးနိုင်ခြင်း၊ လမ်းညွှန်နိုင် ခြင်းပြုနိုင်သော ခေါင်းဆောင်မှုဖြစ်ပါသည်။
(၂)Influence သည်ဆွဲဆောင်မှု ရှိပြီး ဩဇာသက်ရောက်မှုရှိခြင်းဖြစ်ပါသည်။
(၃)Developing Others သည် မိမိလက်အောက်နှင့် တစ်ပါးသူများအား ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်ရမည်။
(၄)Change Catalyst သည် အပြောင်းအလဲသစ်ဆီသို့ ဦးဆောင် ဦးရွက် ပြုနိုင်သူ ဖြစ်ရမည်။
(၅)Conflict Management သည် စီမံခန့်ခွဲမှုအပိုင်း အယူအဆ မတူခြင်း၊ သဘောချင်း မတိုက်ဆိုင်ခြင်း ရှိနိုင်သည်။ ထိုသဘောထားများ မတိုက်ဆိုင်ခြင်းကို ဖြေရှင်းနိုင်ခြင်း ဖြစ်ပါသည်။
(၆)Building Bonds သည် ဆက်ဆံရေးကွန်ရက်လွှာကို ပြုစုပျိုးထောင် ထိန်းသိမ်းခြင်းဖြင့် နှောင်ဖွဲ့နိုင်ခြင်း ဖြစ်ပါသည်။
(၇)Teamwork & Collaboration သည် အတူတကွဆောင်ရွက်ခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် အဖွဲ့လိုက် ညီညွတ်စွာ ဆောင်ရွက်နိုင်ခြင်း ဖြစ်ပါသည်။ ဤသည်တို့မှာ Personal Competence (ပင်ကိုစွမ်းရည်)နှင့် Social Competence (လူမှုဆက်ဆံရေးစွမ်းရည်) ခေါင်းစဉ်များ အောက်တွင် ပါဝင်သော အချက်အလက်များကို အကျဉ်းချုပ်၍ ဖော်ပြခြင်း ဖြစ်ပါသည်။
ချုပ်၍တင်ပြရသော် Personal Competence နှင့် Social Competence တို့ကို အောက်ပါအတိုင်း တွေ့ရှိရမည် ဖြစ်ပါသည်။
Personal Competence သည် မိမိနှင့်သက်ဆိုင်၍ မိမိကိုယ်ကို ပြုပြင်ခြင်းဖြစ်၍ Social Competence သည် အများတကာနှင့် သက်ဆိုင်ခြင်းဖြစ်၍ မိမိနှင့်ပတ်ဝန်းကျင် သဟဇာတဖြစ်အောင်၊ လိုက်ဖက်ညီအောင် ဆောင်ရွက်နိုင်ခြင်း ဖြစ်ပါသည်။ ခေါင်းဆောင်မှုဆိုင်ရာ ကျွမ်းကျင်မှု (Leadership Skills) ဟူ၍ အချုပ်အားဖြင့် ဆိုနိုင်ပါသည်။ ခေါင်းဆောင်ဟူသည် တာဝန်ယူလိုစိတ် ရှိရမည်။ တာဝန်ယူနိုင်ရမည်။ အများနှင့်မတူ တစ်မူထူးခြားစွာ ဆောင်ရွက်နိုင်စွမ်း ရှိရမည်။ ထိုသို့ဖြစ်ရန်မှာ အထက်ဖော်ပြပါ ကျွမ်းကျင်မှုများနှင့် ပြည့်စုံရမည်ဖြစ်ပါသည်။ သို့ဖြစ်၍ ခေါင်းဆောင်ဟူသည် မိမိကိုယ်ကို ကြိုးပမ်းပြုပြင်ခြင်းဖြင့် ခေါင်းဆောင်ဖြစ်လာခြင်း ဖြစ်ပြီး ခေါင်းဆောင်သည် အလိုအလျောက် ပေါ်ပေါက်လာခြင်း၊ မွေးဖွားလာခြင်း မဟုတ်ဟု ဆိုရခြင်းဖြစ်ပါသည်။
ဦးတင်စိန်(FISCA)
No comments :
Post a Comment