အခု အစည်းဝေးဆုံးဖြတ်လိုက်ပါပြီ။ ဆုံးဖြတ်ချက်ကတော့ မှတ်ပုံမတင်ဘူးဆိုတဲ့ ဆုံးဖြတ်ချက်ဖြစ်ပါတယ်။
အများစုက မှတ်ပုံမတင်ဖို့ ဆုံးဖြတ်လိုက်ကြခြင်းဖြစ်ပါတယ်။ တက်ရောက်သူ ၁၀၅ ယောက်ခန့် ရှိပြီး
၉၅ ရာခိုင်နှုန်းကျော်အများစု ဆန္ဒမဲ ဖြင့် မှတ်ပုံမတင်ကြောင်း ဆုံးဖြတ်ခဲ့ပါတယ်။ တိုင်းနယ်ပြည်နယ်များ
အားလုံးက မှတ်ပုံမတင်ရေး သဘောထား များ ပေးကြပါတယ်။ အစည်းဝေး ဆုံးဖြတ်ချက်များကို ဦးတင်ဦး
က ဖတ်ပြပါတယ်။
ဦးအောင်ရွှေ ကတော့ နေမကောင်းဘူးဆိုပြီး အစည်းဝေးကို တက်ရောက်ခြင်းမရှိကြောင်းသိရပါတယ်။ သူက မှတ်ပုံတင်ဖို့ ကြိုးပန်းခဲ့သူဖြစ်ပါတယ်။ အစည်းဝေးဆုံးဖြတ်ချက် ချမှတ်ပြီးသွားတဲ့အခါမှာ အဖွဲ့ ချုပ်ဝင်လူငယ်တဦးက '' တရွှေ တော့ ကျသွားပြီ နောက်တရွှေ '' ပဲ ကျန်တော့တယ် လို့  ကြွေးကြော်သွားကြောင်းသိရပါတယ်။
လူငယ်အမျိုးသမီးတဦးကတော့ တကယ်ပျော်စရာကြီး ရှင်၊ တကယ်အောင်ပွဲခံမဲ့ နေ ကြရင် ဒီထက်ကို ပို ပျော်ရမှာပဲနော်လို့  မျက်ရည်ဝဲ ရင်းဆိုပါတယ်။
သတိပြုရန်များ
-ဒီကနေ လှုပ်ရှားမှုကြီးကိုဆက်လက်တင်သွားဖို့ လိုတယ်။
-လူစုခွဲခံလို့ မဖြစ်ပါ။
-မှတ်ပုံမတင်ရေးဆွေးနွေးတဲ့ ခေါင်းဆောင်များကို ရဲဘော်များကို လူဖမ်းပွဲကြီးပြုလုပ်လာနိင်ပါတယ်။
-အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ရုံးတွေကို လူထုက သွားရောက်အားပေးဖို့  ၀ိုင်းရံဖို့ လှုပ်ရှားပေးကြဖို့ လိုတယ်။
Monday, 29 March 2010
Subscribe to:
Post Comments
(
Atom
)
10 comments :
Good Bye NLD.
Good but whats next?
NLD will not take part in the election so Kyant Fut will win land slide victory.
Than Shwe won't care anything, he will held election whether NLD take part or not, he will shoot everybody to kill if demonstrate against him.
He have the military power which follow whatever he said. There is nothing NLD can do.
More people will die, more people will be detained if there demonstration.
Never ending story. American and British cannot come and help.
So what shall we do? Can somebody answer, we dont want to wait another 20 years of uncertainity.
They're "Just Not Doing It Wrong" however I am not they're Right. Time will tell. Good Luck NLD....
အဆိုးမြင်ဝါဒီများသို့ 
NLD နိုင်ရင်ရော .. အာဏာလွဲပေးလို့ ထင်ပါသလား.. မစောင့်နိုင်ရင် ဘာဆက်လုပ်မလဲကိုယ်ဘာသာကိုယ်လဲ စဉ်းစား..
Good Luck SPDC(Na A Pha) and their "Do Ma Nar" son.
Htin Aung Kyaw
မှန်ကန်တဲ့ ရပ်တည်ချက် အတွက် လေးစား အားပေး ထောက်ခံ လျှက်ပါ.. NLD
အစဉ်လေးစားလျှက်
ဟင်နရီ
မြောင်းထဲ ရောက်ဖို့ အောင်ပြီ လို့ဆိုတာလား သို့တည်းမဟုတ် တော်လှန်ရေးကြီး အဓွန့်ရှည်လို့ လုပ်စားခွင့်ပိုရှည်သွားလို့ အောင်ပြီလို့ ဆိုလိုတာလား ;)
He have the military power which follow whatever he said. There is nothing NLD can do.
More people will die, more people will be detained if there demonstration
.......Absolutely right.U Nay Win allowed the people to march on the road because he wanted to finish one party system.Thats why he asked u guys like one or multi party ?so,8888 started,but U Than Shwe will not allow the people marching on the road because he wants nothing to change.If u march on the road ,u will die.If he doesnt allow,another 8888will not happen.All r his decision.Dont be so proud that u r 8888 hero.
တစ်ဆင့်တော့ အောင်ပြန်ပြီ၊ နောက်တစ်ဆင့်က ခေါင်ဆောင်တွေက ကြားဖြတ်အစိုးရ ဖြစ်အောင်ဖွဲ့ တစ်တိုင်းပြည်လုံး လူထုတစ်ရပ်လုံးက အုံကြွ ရရာလက်နက်ဆွဲ လမ်းပေါ်ထွက်ကြရမယ်၊ များများထွက်မှ ကိုယ့်ဖက်က အကျသက်သာမယ်၊ မြို့တိုင်း ရွာတိုင်း ဒေသတိုင်း၊ ကလေး လူကြီး မိန်းမ ရဟန်းသံဃာ ကျောင်သား စာရေးစာချီ အားလုံးလမ်းပေါ်ထွက်ကြရမယ် စုရပ်ဆိုတာမရှိစေနဲ့ နေရာအနှံ တိုက်ပွဲဆင်၊ကိုယ့်ရပ်ကိုယ့်ရွာ လုံခြုံရေး ခဏတစ်ဖြုတ် ကိုယ့်ဖါသာ စည်းစည်းလုံးလုံးတာဝန်ယူ၊ ပိတ်ဆို့လို့ ရသမျှ ပိတ်ဆို့
ရှောင်သင့်တဲ့နေရာရှောင် ရန်ရှင်းရင် ပြန်ထွက် စည်းရုံးသင့်သူကို စည်းရုံး
နီးရာကြံဖွတ်ရုံးတွေအိမ်တွေကိုဖြို ကြံဖွတ်တွေ အာဏာရှင် ဒေါက်တိုင်တွေ ကိုရှင်း သေနတ်နဲ့လာရင် ရှောင် အခွင့်သာတဲ့နေရာမှာ ထိပ်တိုက်ရင်ဆိုင် အသက် ပေးရတဲ့သူလည်း ရှိမှာပဲ။
ဆင်းရဲမွဲတေပြီး အမျိုးကောင်း မိန်းမငယ် အရွယ်ကောင်းရင် ဖာဖြစ် ကျွန်ဖြစ် အသက်ကြီးရင် သူတောင်းစားဖြစ် ယောက်ျားဆို ကျွန်ဖြစ်၊ ရှက်လို့လည်းသေ ငတ်လို့လည်းသေ တိုက်ပြိုရင်လည်းသေ မုန်တိုင်းတိုက်လည်းသေ AIDS ဖြစ်လည်းသေ နှာစေချောင်းဆိုးဖြစ်လည်း သေနေကြရတဲ့ဘဝ၊ အမျိုးကော ဂုဏ်သိက္ခာပါ မသေသင့်ပဲ တစ်မြေ့မြေ့ သေဆုံးနေတဲ့ဘဝ ကနေ သတ္တိရှိရှိ အထိုက်အသင့် ပေးဆပ်သင့်တာ တစ်ကြိမ်သာ ပြတ်ပြတ်ပေးဆပ် အသေခံတိုက်ပွဲဝင် ပြီရုန်းထွက်ကြရမယ်။ ဒီလိုတိုက်ပွဲဝင်လို့ မြန်မာနိုင်ငံသား ၅%သေမယ်ဆိုလျင်တောင် ကျန်တဲ့ ၉၅% ကိုယ့်မြေကိုယ့်ဒေသရင်း ကိုယ်နိုင်ငံရင်းမှာ ဂုဏ်သိက္ခာရှိရှိ ကျန်းကျန်းမာမာ ပူပင်သောကကင်းကင်းနဲ့ နေနိုင်မယ်။ခေါင်ဆောင်တွေကိုချည်းအားကိုးနေ အပြစ်တင်မနေပဲ ကိုယ့်တာဝန် ကိုယ်ကျေဖို့ တိုက်ပွဲဝင်ဖို့ လိုတယ်။ခေါင်းဆောင်တွေကော နောက်လိုက်တွေပါ အမျှော်အမြင်ရှိရှိ သတ္တိမွေးပြီး ပေးဆပ်သင့်တာကို အချိန်အခါသင့် ပေးဆပ်ရဲမှ ကိုယ်လိုချင်တာကို တန်ဖိုးအနည်းဆုံးနဲ့ ရနိုင်မယ်။ ဘာကိုမှအလကားတော့ မရနိုင်ဘူး၊ အခုအချိန်ဟာ အကောင်းဆုံးအချိန်ပဲ။ အားလုံးသေရဲမှ အနဲဆုံးပဲ သေရလိမ့်မယ်။ တိုက်ပွဲဝင်ကြပါ၊ဒါဟာ နောင်လာနောင်သားတွေအတွက် သင့်ရဲ့တာဝန်ပဲ၊ သင်သေမယ်ဆိုတာ မသေချာပါဘူး အောင်ပွဲရဖို့တော့ သေချာတယ်။
လူ့ငရဲမှ ရဲရဲခွဲထွက်ကြပါစို့။
NLD ရဲ့ဆုံးဖြတ်ချက်ကိုကြိုဆိုပါတယ်။ဒီရွေးကောက်ပွဲက စစ်အစိုးရရဲ့ တစ်ဖတ်သတ်လုပ်ပွဲကြီးပါ။NLD က ဒီရွေးကောက်ပွဲမှာ အနိုင်ရလည်း နအဖက အာဏာလွှဲပေးမှာမဟုတ်ပါဘူး။ဒီတော့ အစောကတည်းက ရွေးကောက်ပွဲကိုဆန့်ကျင်တာက ပိုကောင်းပါတယ်။(We are together with NLD)
Post a Comment