Friday, 23 April 2010

မွန် ပြည်သစ်ပါတီက နအဖ ကို စတင် အာခံ နေပြီ

   မွန် ပြည်သစ် ပါတီ တပ်ဖွဲ့ ဝင်များ

အပြစ်ခပ်ရပ်စဲရေးလုပ်ထားသော တိုင်းရင်းသားအဖွဲ့ များ မှာ နယ်ခြားစောင့် တပ်များ အဖြစ် မလုပ်ဘူးလို့ 
နအဖ ကို မနေ့ က နောက်ဆုံးထားပြီး အကြောင်း ပြန်လိုက်ပြီးတဲ့နောက်မှာ နအဖ တပ်များ မွန်ပြည်သစ်ပါတီ ကို စတင်ဖိအားပေးလာပါတယ်။  ဖိအားပေးမှု က သိပ်ထိရောက်မှု မရှိဘူးလို့ ဆိုပါတယ်။

မွန်ပြည်သစ်ပါတီ ထိမ်းချုပ်ထားရာ သပြုချောင်း သို့   ရောက်လာပါတယ်။   ထိုနေရာမှာ မွန်ပြည်သစ်ပါတီ ခေါင်းဆောင်အများစုနေထိုင်ကြတယ်လို့ သိရတယ်။  ဒီတခါ နအဖ တပ်တွေရောက်လာ ပေမဲ့ မွန်ပြည်သစ်ပါတီက နည်းဗျုဟာ ပြောင်းလဲပြီး  နအဖ တပ်မှ  စစ်သားများကို စတင်စည်းရုံးကြပါတယ်။ အရင်လိုတိုက်ခိုက်ခြင်း၊ မီး၇ှို့ ဖျက်ဆီးခြင်း၊ ချောင်းမြောင်းတိုက်ခိုက်ခြင်းမဟုတ်ပဲ    စစ်သားများကို စည်းရုံးခြင်းလက်ရှိအခြေအနေများကို ရှင်းပြခြင်းများ လုပ်ကြပါတယ်။ 

 ဘာကြောင့်ဒီလိုလုပ်ရတာလဲ လို့ သက်ဆိုင်ရာမွန်ခေါင်းဆောင်တွေကို မေးကြည့်တဲ့အခါမှာတော့  နအဖ အောက်ခြေစစ်သားတွေအခြေအနေက အလွန်ဆိုးဝါးလျက်ရှိကြောင်း စိတ်ဓါတ်များ ကျဆင်းလျက်ရှိတယ် လို့ ဆိုပါတယ်။ တချို့ စစ်သားများကလည်း  တပ်မှ ထွက်ပြေး ပြီး နယ်စပ်မှာ အလုပ်လုပ် လို နေကြတယ်လို့  သိရတယ်။  

 ကနေ ဒါ ( အဲလ်ဘားတာ ပြည်နယ်) နှင့် အမေရိကန် ( ဖေါ့ဝိန်း) ရောက် မွန် လူမျိုးများ မှာ နစ်သောင်းခန့် ရှိတယ်။ သူတို့ က မွန်ပြည်သစ်ပါတီ  နအဖ ထံအညံခံနေတာ ကို စိတ်ပျက်နေကြတယ်။ ဒါပေမဲ့ လွန်ခဲ့တဲ့ ၆ လခန့် က စတင်ပြီး မွန် ပြည်သစ်ပါတီက နယ်ခြားစောင့် တပ်ဖွဲ့   အဖြစ် မရပ်တည်တဲ့အတွက် ပြည်ပရောက် မွန် လူမျိုးများက  တယောက်လျင် တလ  ၅ ဒေါ်လာ နှုန်း ဖြင့် မွန်ပြည်သစ်ပါတီ ကို ရံပုံငွေ ကူညီကြရန်  စီစဉ်နေကြောင်းလည်း သိရပါတယ်။




No comments :