Sunday, 11 April 2010

ခေါင်းဆောင် ဆိုတဲ့သူတွေဟာ စဉ်းစားကြတယ် ..

-အောင်ခက်-

ထမင်းကောင်း ဟင်းကောင်းစားရတဲ့ အခါ မိတ်ကောင်းဆွေကောင်းတွေကို သတိရသလို စာကောင်းပေကောင်း တွေကို ဖတ်ရတဲ့ အခါ ကျနော်တို့ စာဖတ်မိတ်ဆွေတွေကိုလည်း သတိရမိတာတော့ အမှန်ပါဘဲ။ အဲဒီအတွက် ဘဲ ကျနော်တို့ WFWW( We Fight We Win) က ကျနော်တို့ ဖတ်ရှု့ ခဲ့ တဲ့ စာကောင်းပေကောင်းတွေကို ကျနော်တို့ရဲ့ စာဖတ်ပရိသတ် အဆွေခင်ပွန်းတွေအတွက် မျှဝေ ပေးနေပါတယ်။ ဒီလမှာတော့ အင်တာနက်စာမျက်နှာများမှာ လူထု အကျိုးအတွက် မိမိဆန္ဒအလျောက် အသိစိတ်ဓာတ်ရှိရှိဖြင့် သတင်းများ၊ ခွန်အားဖြစ်စေမည့် ဗဟုသုတများ၊ ဘ၀ခံစားချက်များ၊ အတွေးအမြင်များကို မျှဝေပေးနေကြတဲ့ Citizen Journalists လို့ခေါ်တဲ့ လူထု သတင်းထောက်များ၊ နိုင်ငံသား သတင်းထောက်များ က ရေးသားတင်ပြထားကြတဲ့ “ခေါင်ဆောင် /ခေါင်းဆောင်မှု” ဆိုသည့် အကြောင်းနှင့် ပက်သက်ပြီး လက်လှမ်းမှီ ဖတ်ရှု့ရသမျှ ကို ချစ်လှစွာသော စာဖတ်သူများအား ဝေမျှ ပေးသွားပါမယ်။

ဒီနေ့မှာတော့ Myanmar Hero အင်တာနက်စာမျက်နှာမှာ Mandalaymaung ပို့စ်လုပ်ခဲ့တဲ့ “ခေါင်းဆောင် ဆိုတဲ့သူတွေဟာ စဉ်းစားကြတယ် ..” အတွေးအမြင် ဆောင်းပါး တစ်ပုဒ် ကိုတင်ပြသွားမှာ ဖြစ်ပါတယ်။

၂၀၁၀ နှစ်သစ်ကူးမှစတင်ပြီး ၀င်ရောက်လာခဲ့ပြီဖြစ်တဲ့ ဆယ်စုနှစ်သစ် မှာ အရည်အချင်း ပြည့်ဝပြီး၊ တိုင်းချစ်ပြည်ချစ် စိတ်ဓာတ်ရှိတဲ့ မြန်မာလူငယ်ခေါင်းဆောင်ကောင်းများ ပေါ်ထွက်လာပြီး တိုင်းပြည်ကို မှန်ကန်တဲ့လမ်းကြောင်းပေါ် ဦးဆောင်လမ်းပြခေါ်ဆောင် သွားနိုင်ကြပါစို့လား။
************************************************************************************
ခေါင်းဆောင် ဆိုတဲ့သူတွေဟာ စဉ်းစားကြတယ် ...

 
ဘာကြောင့်စဉ်းစားလဲဆိုတော့ သူတို့တွေဟာ ခေါင်းဆောင်ဖြစ်နေလို့ပဲ၊
ဘာကြောင့် ခေါင်းဆောင်ဖြစ်နေကြတာလဲဆိုတော့ သူတို့တွေဟာ စဉ်းစားခဲ့ကြလို့ပဲ။


  • သူတို့မှာ သူတို့ကိုယ်သူတို့ စိတ်ချယုံကြည်မှုရှိကြတယ်။
  • သူတို့မှာ အင်မတန်ခိုင်မာတဲ့ ဘ၀ရည်မှန်းချက် ရှိတယ်။
  • သူတို့က အကောင်းဆုံးဖြစ်အောင် အမြဲတန်း အစွမ်းကုန်ကြိုးစားတယ်။
  • သူတို့က ပန်းတိုင်ရောက်ဖို့ အပင်ပန်းခံ အားထုတ် အလုပ်လုပ်တယ်။
  • သူတို့ကိုယ်သူတို့ သိကြတယ်။
  • သူတို့ရဲ့ အားနည်းချက်တွေကို သိတယ်။
  • သူတို့ရဲ့ အားကောင်းချက်တွေကို သိတယ်။
  • သူတို့က ဝေဖန်မှုကိုခံယူပြီး အကျိုးရှိအောင် ပြုပြင်ကြတယ်။
  • သူတို့က တီထွင်ဆန်းသစ်တတ်တယ်။
  • ထက်သန်ပြင်းပြသောဆန္ဒရှိပါစေ အောင်မြင်ပါလိမ့်မည်။
  • တိကျသောရည်မှန်းချက်ပန်းတိုင်ရှိရမည်၊
  • ပန်းတိုင်သို့ မည်သည့်အချိန်တွင် ရောက်ရမည်ဟု သက်မှတ်ချက်ရှိရမည်၊
  • ရည်မှန်းချက်ဘာလဲဆိုတာ စာဖြင့်ရေးချထားရမည်၊
  • မည်သို့သွားရမည်ဟူသော လုပ်ငန်းစီမံချက် ချမှတ်ရမည်၊
  • ပန်းတိုင်သို့ရောက်ရေးကို နေ့စဉ်တွေးရမည်။

2 comments :

ADMIN said...

That is my post in one of my old blog posts 2 years before. Why don't credit me ??

http://www.meepyatite.com/2008/02/people-who-achieve-their-dreams.html

ADMIN said...

I have that post in one of my old blog posts 2 year before.. :) ... http://www.meepyatite.com/2008/02/people-who-achieve-their-dreams.html

And this is 2nd comment, I don't know why don't approve 1st comment.