Friday, 14 May 2010

နိင်ငံရေးပါတီများ ရေ ပြသာနာကို ကိုင်တွယ်ဖြေရှင်းဖို့ လိုနေပြီ


တတိုင်းပြည်လုံးရေ ပြတ်တောက်သည့် အငတ်ဘေးကြီး ကျရောက် နေပြီးဖြစ်ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်မှာခေါင်းဆောင်များလည်း ရေ ဘေး ဒုက္ခကျရောက်နေသော ပြည်သူများ
ထံသို့ သွားရောက်ပြီး ပြသာနာများကို ဖြေရှင်းပေးရန်လိုအပ်နေတယ်လို့ ကျနော်တို့ မြင်ပါတယ်။
ကြံဖွတ် တွေက အလံထောင်ပြီး ရေတွေ လိုက်ဝေနေတာ ဟာ ဖြင့်အကျိုးလိုလို့ ညောင်ရေလောင်းနေတာဖြစ်ပါတယ်။ ကိုယ်က ဒီထက်ပို ပြီးလူထုအကျိုးကို  လုပ်ပြဖို့ လိုပါတယ်။ ရှေ့ ဆုံးကရှိနေဖို့ လိုပါတယ်။ လူထုပြသာနာဟာ ကိုယ်ပြသာနာပါ။
ဒီအချိန်မှာ လူထုအကျိုးကိုလုပ်မယ်လို့  ကြွေးကြော်ထားတဲ့ပါတီများ အဖွဲ့ စည်းများအနေနဲ့  လူထုပြသာနာကို သာမန်ပြသာနာလို သဘောမထားပဲ ၀င်ရောက်ပူးပေါင်း ပါဝင်ဖို့  တိုက်တွန်းနိုးဆော်ပါတယ်။ + ဘာကြောင့် ရေပြသာနာကြုံရတာလဲ + ဘယ်သူမှ တာဝန်အရှိဆုံးလဲ 
+ ဘယ်လို ဖြေရှင်းမလဲ   ဆိုတာတွေကိုရဲရဲတင်းတင်းပြောဆို ဖို့ လိုနေပြီဖြစ်ပါတယ်။  မီဒီယာတွေကလည်း ရေပြသာနာကို မီးမောင်းထိုးပေးဖို့ လိုပါတယ်။




2 comments :

မန်းကိုကို said...

ကိုမိုးသီးဆိုက်ဒ်မှာ သဘောမတူတာတွေရှိပေမယ့် ဒီတစ်ခုတော့ သဘောတူပါတယ်ဗျာ။

အခက်အခဲဆိုတာ အခွင့်အလမ်းတစ်ခုပါ။ လက်လွတ်ခဲ့တာများလွန်းလို့ ထုံနေပြီဆိုရင်တော့လည်း မပြောတတ်ဖူးပေါ့ဗျာ။

Always said...

အခုလို ထောက်ပြပြောဆိုတာကို လုံးဝ လုံးဝ ၁၀၀ ရခိုင်နှုန်း သဘောတူတယ်။ အမြင်မတော်တာကို မြင်တွေ့ရင် အခုလို ရဲရဲရင့်ရင့် ပြောဆိုထောက်ပြတာကို လေးစားတယ်။ မပြောမပြီး၊ မတီးမမြည် ဆိုသလိုပေါ့။

လေးစားစွာဖြင့်
တေဇသူရ