နအဖ မှ ရေကားဖြင့် မြို့ သစ်များကိုလှည်လည်ဝေလျက်ရှိနေတယ်။ တအိမ်ကို ရေ နစ်ပုံးသာပေးတယ်လို့ ဆိုတယ်။ လူတွေရေချိုးရန် ခက်ခဲနေပြီဖြစ်ပါတယ်။ မဆလ လက်ထက်တုံးက ဆန်ရှား၊ဆီးရှား အခုနအဖသန်းရွှေလက်ထက် ကြတော့ ရေပါ ရှားသွားပြီ ၊ ၂၀၁၀ ရွေးကောက်ပွဲပြီးရင်တော့ ရူစရာ လေတောင် ရှိတော့မှာမဟုတ်ဘူး လို့ လူတွေငြီးတွားနေကြပါတယ်။ တောင် ဥက္ကလာမှာ ကြံဖွတ် က တသိန်းခွဲ ယူပြီးရေပိုက် သွယ်ပေးထားတဲ့ရေ ပိုက်ကလည်း တရက်ပဲလာပြီး ပြတ်သွားတာ နစ်လရှိပြီလို့ ဆိုတယ်။
ငြီးတွားနေကြသော်လည်း ဘာမှ အရေးဆို မဲ့ အနေထား ကို မရှိဘူး လို့  လူငယ်တဦးက ပြောပါတယ်။ ကျနော်ဒို့ လူထုတွေက မရှိတာနဲ့  အသားကျနေပြီ ဗျလို့ ဆိုပါတယ်။ ရှိနေရင်ပြသာနာရှိဦးမယ်။ ဘာမှ မရှိတာကိုသူတို့ ခံနိင်ရေရှိနေကြပြီလို့  ဆိုပါတယ်။ ရေချိုးစရာမရှိလို့ ရေလာအောင်တိုက်ပွဲဝင်ဖို့ ထက်
ခွေးတွေဝက်တွေလို ဗွက်ထဲသွားလူး ပြီး လူ အဆင့်အတန်းကိုနောက်တဆင့်နိမ့်ကျသွားဖို့  ပိုလုပ်မဲ့သူက များနေပြီ လို့  သူကဆိုပါတယ်။
Friday, 14 May 2010
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment