Tuesday 11 May 2010

ဦးဝင်းတင် ရဲ့  လက်မှတ်ထိုးတဲ့ လှုပ်ရှားမှု ကိုအားပေး ကြ ။ ၀ိုင်းဝန်းကူညီကြ။

မေလ ၅ ရက် နေ့ က ဦးဝင်းတင်နဲ့  တခြားသောအင်အားစုများး အစည်းအဝေး လုပ်ဖြစ်တယ်။ အဲဒီအစည်းအဝေးမှာ ဦးဝင်းတင်ပြောတဲ့  လူထုကို အခြေပြုတဲ့  နိုင်ငံရေးရဲ့  ပထမခြေလှမ်းအဖြစ် လက်မှတ်ထိုးတဲ့ လှုပ်ရှားမှု စတင်ဖို့ အတွက် ဆွေးနွေးကြပါတယ်။ လှုပ်ရှားမှု ကို ဦးဝင်းတင်က ဦးဆောင်ပြီးတော့ ရန်ကုန်အပါအ၀င်နယ် ၇ နယ်က အင်အားစုများက ပါဝင်ဆောင်ရွက်ပေးမှာဖြစ်ပါတယ်။ လှုပ်ရှားမှုကာလကို မေလ ၇ ကနေစပြီး ၇ ဇူလိုင်နေ့  အထိ သုံးလတာ သတ်မှတ်ထားပါတယ်။ လှုပ်ရှားမှုစတင်တဲ့   နေ့ မှာပဲ လက်မှတ်ပေါင်းသုံးရာကျော်ရရှိခဲ့ ပါတယ်။

လှုပ်ရှားမှုရဲ့ ရည်ရွယ်ချက်က တွေကတော့

၁။ဒေါ်အောင်ဆန်းစုကြည်၊ ဦးခွန်ထွန်းဦးနဲ့ မတရားဖမ်းဆီးခံထားရသော ကျောင်းသားများ အပါအ၀င် နိုင်ငံရေးအကျဉ်းသားများ ပြန်လည် လွှတ်ပေးရန်

၂။၂၀၀၈  ဖွဲ့ စည်းပုံအခြေခံဥပဒေကိုပြန်လည်ပြင်ဆင်ပေးရန်

၃။ ၂၀၁၀ ရွေးကောက်ပွဲဥပဒေကိုပြန်လည်ပြင်ဆင်ပေးရန်

၎။ ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကိုအသိအမှတ်ပြုပေးရန်

၅။၁၉၉၀ ရွေးကောက်ပွဲရလဒ်အရပေါ်ထွန်းလာသောပြည်သူ့ လွှတ်တော်များအားလုပ်ပိုင်ခွင့် များအပ်နှင်းရန်


Source: http://www.sitmonethu.blogsport.com/

3 comments :

Anonymous said...

၂၀၁၀ ရွေးကောက်ပွဲပဲ လုပ်တော့မယ်...အခုထိ ချေးခြောက် ရေနူးလို့ကောင်းနေတုန်းပါပဲလား...မရတဲ့အရာကို အတင်းလုပ်နေတာပါလား..သွားပြီး မင်းတို့တော့ ရေစုန်မျောပြီ...တကယ့်အစွန်းရောက်တွေပဲ...

Anonymous said...

အဲဒီလိုတောင်းဆိုလာတာ နှစ် ၃၀ ကျော်ပါပြီ။
ရွှေဂုံတိုင်ကြေညာချက်မှာလဲ ဒါတွေ တောင်းဆို ပြီး ပါပြီ။ ရခဲ့ကြပါသလား။
ဒီ စစ် အု ပ်စုကတောင်းဆိုတာကို လုံးဝ မမှုပါ။
လူထုကိုဒီတောင်းဆိုမှုတွေနဲ့နောက်ထပ်အနှစ်၃၀ကျွန်မခံခိုင်းပါနဲ့တော့။
လူထုအတွက်အကျိုးရှိမဲ့ဟာတွေလုပ်ကြပါတော့။

Anonymous said...

U Win Tin is "Cat taking a shower"

http://www.youtube.com/watch?v=8KswnjMa-MQ