Monday 10 May 2010

ဦးခင်မောင်ဆွေ၊ ဒေါက်တာသန်းငြိမ်းတို့ အဖွဲ့ ပေါ်သဘောထား

 ဦးခင်မောင်ဆွေ၊ ဒေါက်တာသန်းငြိမ်းတို့ တည်ထောင်သည့်  အမျိုးသားဒီမိုကရေစီ အင်အားစု ဆိုတဲ့ပါတီ
နဲ့ ပတ်သက်လို့ ကျနော်တို့ သဘောထားကတော့ 

၁- အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ပါတီ ခေါင်းဆောင်တွေအများစု ဆုံးဖြတ်ချက်ကို လက်မခံပဲ ခွဲထွက်သွားသူများလို့  မြင်ပါတယ်။ ဒါဟာ ဒီမိုကရေစီနည်းလမ်းမကျပါ။ အစဉ်အလာမကောင်းပါ။
 အမေရိကန် နိင်ငံရေးပါတီများ မှာရော၊ လက်ဝဲပါတီများ မှာပါ ဒီလိုလုပ်ရပ်မျိုးကိုလက်ခံလေ့မရှိကြပါ။

၂- အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ်နှင့် ဆင်တူယိုးမှာ ပြုလုပ်ထားခြင်းဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်နဲ့ 
စည်းရုံးရေး အရှုပ်အထွေးကို ဖြစ်ပေါ်စေတယ်လို့ ယူဆပါတယ်။ 

6 comments :

Always said...

NLD က မရှင်းမလင်းလုပ်ထားတယ်လို့ မြင်တယ်။ ဆိုလိုချင်တာက အခု NLD ပါတီမှာ ပါတီအဖွဲ့ဝင်တွေဆိုတာ ရှိသေးလား။ ပါတီအဖွဲ့ဝင်ဆိုတာ ရှိသေးရင် လူတစ်ယောက်ဟာ ပါတီ(၂)ခုမှာ ပါတီအဖွဲ့ဝင်တွေ ဖြစ်ပိုင်ခွင့် မရှိပါဘူး။ အကယ်၍ အခြားပါတီတခုသို့ ပါတီဝင်အဖြစ် ၀င်ရောက် ကူးပြောင်းမည်ဆိုရင် အရင်ပါတီမှ ပါတီဝင်အဖြစ်မှ တရားဝင် နုတ်ထွက်စာ ယူပြီးမှ အခြားပါတီမှာ ပါတီဝင်အဖြစ် ပြန်လျှောက်ရမည် ပြစ်ပါသည်။ အဲဒီတော့ အခု ဦးခင်မောင်ဆွေတို့ ပါတီအသစ်က ဘယ်လိုမျိုး လုပ်ထားပါသလဲ။

Anonymous said...

ကျွန်တော့အမြင်အရတော့ ပါတီဆွဲထားခြင်းထက်..."ပြည်သူတွေအတွက် ကောင်းတာတွေလုပ်ပေးနိုင်မဲ့" မည်သည့်အဖွဲ့အစည်း မျိုးကို မဆိုကြိုဆို သင့်ပါတယ်...ပါတီဆွဲ၊ ပုဂ္ဂိုလ် ဆွဲ ဟာ ပါတီမရှိတော့လျှင်ဖြစ်ဖြစ်၊ ပုဂ္ဂိုလ် မရှိတော့ရင် ဖြစ်ဖြစ် မူလဘူတ ရည်မှန်းချက်ပျောက်ကွယ် သွားတတ်ပါတယ်။ အာဏာ ဆိုတဲ့ အငွေ့ လေး ရေးရေး ရှိမှ ကောင်းတာဆိုလည်း လုပ်ပိုင်ခွင်ဘောင် ထဲက စည်းနဲ့ ကမ်းနဲ့ လုပ်ပေးလို့ ရပါတယ်။ မကောင်းတဲ့ အကျိုးဆက်တွေ တော့ မြန်မာ ပြည်သူတွေအတွက် တော်လောက်ပါ ပြီ...ခုချိန်မှ ရပ်သင့်ပါပြီ....

Anonymous said...

NLD is already dissolved according to the law of Myanmar/Burma(of course which is written by dictator). So that whatever any politicians do is irrelevant to NLD. They have their right to write their own history whether it is right or wrong. It is none of your business. Clone does not match Original. People will decide. Not us.

Anonymous said...

၁- အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ပါတီ ခေါင်းဆောင်တွေအများစု ဆုံးဖြတ်ချက်ကို လက်မခံပဲ ခွဲထွက်သွားသူများလို့  မြင်ပါတယ် -
လုံးဝမှားယွင်းပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ဟာ ညီ ညွတ်တယ်ဆိုတာ ကိုပြ ဖို့အတွက် NDF ခေါင်းဆောင်တွေဟာ မိမိတို့ ရဲ့ ယုံကြည် ချက် ဆုံးဖြတ်ချက်တွေ ကိုေ ဘး ချိတ်ပြီးအဖွဲ့ ချုပ်ပါတီ ခေါင်းဆောင်တွေအများစု ဆုံးဖြတ်ချက် ကို နောက်ဆုံး အချိန်အထိ လိုက် နာခဲ့ပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ ချု ပ် တရားဝင်မရှိတော့မှသာ မိမိတို့ရဲ့ ယုံကြည်ချက်အရပါတီ
တည်ထောင်ခြဲ့ခင်းဖြစ် ပါတယ်။
၂- အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ်နှင့် ဆင်တူယိုးမှာ ပြုလုပ်ထားခြင်း
လုံးဝမှားယွင်းပါတယ်။ NDF ဟာ မိမိတို့ရဲ့ ယုံကြည်ချက်ဆုံးဖြတ်ချက်တွေနဲ့ လွတ်လပ်စွာ တည်ထောင်ခြဲ့ခင်း ဖြစ်ပါတယ်။ ဆင်တူယိုးမှားပြုလုပ်ထားခြင်း ဘာမှမတွေ့ရပါဘူး။

Anonymous said...

ဒီမှာရေးထားတဲ့ comment တွေ အားလုံး မှားနေတယ်။
ဒီလောက်ပဲ ပြောချင်တယ်။

Unknown said...

It is very awful that Ko Moe Thee has such a wrong thinking. In Democracy , can you accused others like that only because of they don't follow your opinions? Shouldn't they have their own ways to fight ? Pitiful.