Monday 10 May 2010

ဒေါ်စု နှင့် ကမ်းဘဲလ် တွေ့ ဆုံ ဆွေးနွေး မှု့ အပေါ်ကျနော်တို့ အမြင်

ဒေါ်စု နှင့် ကမ်းဘဲလ် တွေ့ ဆုံဆွေးနွေးနေစဉ် ။


 မစ္စာကမ်းဘဲလ် ဒီတခါမြန်မာ ပြည်ကိုသွားတာ အမေရိကန်အစိုးရရဲ့  တသမတ်ထည်းရှိတဲ့သဘောထားကိုသွားပြောတာ ။ ဒါကတော့

၁- ၂၀၁၀ ရွေးကောက်ပွဲရလဒ်ကို နိင်ငံတကာက လက်ခံမှာမဟုတ်ဘူး။

၂- အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ဟာ တရားဝင်ပါတီအ ဖြစ် ဆက်လက် အသိမှတ်ပြုသွားမယ်။ ဒေါ်အောင်ဆန်းစုကြည်ကိုသူတို့ ထောက်ခံတယ်၊ နအဖ အပေါ် စီးပွားရေးပိတ်စို့ မှုမရပ်ဘူး  ဆိုတာပဲဖြစ်ပါတယ်။  

တနည်းအားဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ဟာ တရားမ၀င်တော့ဘူး။ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်နောက်ဆုံးနေများလို့  ရေးသားနေကြတာတွေ၊ သုံးသပ်နေကြသူတွေဟာ မဟုတ်ဘူး၊ မှားတယ်ဆိုတာကို ကမ်းဘဲလ်ခရီးစဉ်ကို သွယ်ဝိုက်ပြီး ပြသလိုက်တာဖြစ်ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်နဲ့  ကေအင်ယူဟာ အင်အားတွေနည်းနေပေမဲ့ သူတို့ မှာ နိင် ငံရေးတန်ဖိုး ( Political Value )  ရှိနေကြတယ်။  အလားအလာ ( Dynamic  Value)   ရှိနေတယ်။
ဒါကိုမသိပဲ-အရမ်းကာရောသုံးသပ်သူတွေ၊ရေးသူတွေ၊  နိင်ငံရေး ကကြီး ခခွေး ကို ပြန်လေ့လာကြဖို့  တိုက်တွန်းခြင်တယ်။ 

 (မိုးသီးဇွန် )










3 comments :

Anonymous said...

ကိုမိုးသီးက ဟာသလည်း တော်တော်ပြောတတ်တယ်နော်....ခင်ဗျားထင်သလိုဖြစ်ပါစေဗျာ...ဒီလိုပါပဲ လူတွေက နည်းမျိုးစုံနဲ့ ရူးသွပ်နေတာကြာ...ဟဟဟဟဟဟဟဟဟဟဟဟဟ

Anonymous said...

ကိုမိုးသီးတို့ ပြင်ပကလူတွေကတော့ ထောက်ပံ့ကြေးလေးယူလိုက် ၊ အခါကြီးရက်ကြီးတွေမှာ စားကောင်းသောက်ကောင်းလေး ဟိုအော်ဒီအော်လုပ်လိုက်၊ ပြည်တွင်းကလူတွေကို လူထုအုံကြွမှုဖြစ်အောင် မြှောက်ထိုးပင့်ကော်လုပ်လိုက်နဲ့
တော်တော် အနေချောင်တာပဲနော်၊၊ ပြည်သူတွေကို ထောင်ထဲမပို့ပါနဲ့၊သွေးမြေကျအောင်မလုပ်ပါနဲ့၊ နိုင်ငံရေး သမားပီသစွာ လက်ရှိအခြေအနေနဲ့ သုံးသပ်ပြီး ဒို့ပြည်သူတွေအတွက် ဘယ်လိုအကျိုးရှိအောင် တိုးတက်အောင်လုပ်ပေးမလဲ
ဆိုတာပဲစဉ်းစားသင့်၊လုပ်ဆောင်သင့်ပါတယ်၊
ကိုမိုးသီးတို့က ငါတို့လိုချင်တာမရရင် အားလုံးကိုဆန့်ကျင်ဖို့ချည်းလုပ်နေတော့ ပြည်သူတွေအတွက်တော့ အခက်သားဗျာ...ကိုမိုးသီးတို့က စစ်တပ်ကလူတွေ
လွှတ်တော်ထဲမှာ ၂၅% ပါမှာကိုမကျေမနပ်မဖြစ်ပါနဲ့..
ဘယ်အာဏာရှင်မှ အာဏာကိုအလွယ်တကူမစွန့်လွှတ်
ဘူးဗျ..Physics သဘောတရားအရ တည်မြဲနေတဲ့
အရာဝတ္တုတခုကို ရွေ့ချင်ရင်သူ့ထက် ကြီးမားတဲ့ အားနဲ့တွန်းမှရွေ့လျားနိုင်ပါတယ်..အနှစ်၂၀ ကျော်
တည်မြဲနေတဲ့၊လက်နက်အင်အားပြည့်စုံနေတဲ့ နအဖ ကို ဘယ်လိုအင်အားနဲ့ရွေ့အောင်တွန်းနိုင်မယ်ထင်လဲ၊
ကျွန်တော့အထင်တော့ ကိုမိုးသီးတို့က အမေရိကန်ကို
အားကိုးနေတယ်ထင်တယ်၊ ကိုယ့်အကျိုးစီးပွားမပါပဲ
ဘယ်နိုင်ငံခြားသားမှ လာပြီးမကူညီဘူးကိုမိုးသီးရေ..
ဒီတော့ကာ ကိုယ့်တိုင်းပြည်ကိုတကယ်ချစ်ရင်၊ပြည်သူ
တွေကိုချစ်ရင် ရတဲ့အခွင့်အရေးကို ရသလောက်ယူပြီး
လိမ္မာပါးနပ်စွာလုပ်သင့်တယ်လို့အကြံပေးချင်ပါတယ်၊
ဒေါ်စုပြောခဲ့ဘူးတဲ့စကားလေးကိုတော့ကျွန်တော့်ခုထိ
နားထဲမှာစွဲနေတုန်းပဲ၊ဒါပေမယ့် ဒေါ်စုပါတီဝင်တွေနဲ့
ဒေါ်စုကိုလေးစားလှပါချည်ရဲ့ဆိုတဲ့လူတွေတော့ မေ့နေ
လောက်ပြီထင်ပါတယ်.."တိုင်းသူပြည်သားတွေအ
တွက်ဆိုရင် ကျွန်မတို့ ဘယ်သူနဲ့မဆို လက်တွဲပြီး အလုပ်လုပ်နိုင်ပါတယ်"တဲ့...
ကဲ..ဘယ်လိုလဲကိုမိုးသီး..အပြစ်မဲ့တဲ့ ဆင်းရဲတွင်း
နက်နေတဲ့ မြန်မာပြည်သူပြည်သားတွေကိုတော့ ထောင်ထဲတွန်းမပို့ချင်ပါနဲ့ဗျာ...

PS: ကျွန်တော်ဟာ ကိုမိုးသီးရဲ့ဘလော့ကိုနေ့စဉ်
ဖတ်ဖြစ်တဲ့ကိုမိုးသီးရဲ့စာဖတ်ပရိသတ်ပါ၊ ကျွန်တော့်
အမြင်က တခြားသူတဦးတယောက်ကို ထိခိုက်ခဲ့ရင်
အနူးညွတ်တောင်းပန်ပါတယ်..ကိုမိုးသီးဘလော့ဒီ
ထက်အောင်မြင်ပြီး တိုင်းပြည်အကျိုးသယ်ပိုးနိုင်တဲ့လူ
တယောက်ဖြစ်ပါစေလို့ဆဒ္ဒပြုလိုက်ပါတယ်..

Tun Lin said...

ဒေါ်စုကို ဘာတွေညွှန်ကြားချက် ပေးနေလဲ ဒေါ်စုကို ငါတို့ ပိုင်ပါတယ် ဆိုတဲ့ အချိုးလား - လို့  စီဘောက် တစ်ခုမှာ တွေ့ လိုက်ပါတယ်။ နိုင်ငံသေး အင်အားမကြီး ပေမဲ့ မြန်မာနိုင်ငံကို သူတို့  ချယ်လှယ်ချင် သလို မရဖူး၊ သူတို့ အရိပ်အောက်ထဲ ဆွဲသွင်းလို့  မရဘူး ဆိုတာ ကမ္ဘာက ပိုသိသွားပြီ။ ပိတ်ဆို့ မူတွေ ဖြုတ် လာရင်တော့ တစ်မျိုးပေါ့။