Thursday, 13 May 2010

မတရားတဲ့ ကိစ္စတွေကို ရပ်ပြီးတော့ မကြည့်နေပါ နဲ့ မတရားတာလည်း ဖြစ်ရင် ဖြစ်ပါစေလို့ လျစ်လျူမရူ့ ထားပါနဲ့ ( ဒေါ်အောင်ဆန်းစုကြည်)

(အဓိပတိကြီး)



ကျွန်မတို့ကို ဒီမိုကရေစီ ရအောင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချူပ်က ဘာတွေလုပ်နေလဲလို့ မေးတဲ့အခါ ကျလို့ရှိရင် မေးတဲ့သူတွေကို ကျွန်မတို့က ပြန်ပြီးတော့မေးချင်တယ်။
ရှင်တို့ကရော ဘာလုပ် ပေးနေ လဲ ဆိုတာ ပြန်ပြီးတော့ မေးချင်တယ်။

ဘာဖြစ်လို့လဲ ဆိုတော့ လူတိုင်း လူတိုင်း ဟာ
ဒီမိုကရေစီ အရေး အတွက် တစ်ခုခု တော့ လုပ်နိုင်တယ်။
တကယ်ပဲ စိတ်ဆန္ဒ ရှိလို့ ရှိရင် လုပ်နိုင် ပါတယ်။

အခု ဆိုရင် ကျွန်မ တို့ နိုင်ငံ တွင်း တင် မဟုတ်ဘူး။
နိုင်ငံ ပြင်ပ ကလဲ ဒီမိုကရေစီ အရေး အတွက်
ကြိုးပမ်း ပေးနေတဲ့ သူတွေ အများကြီး ရှိပါတယ်။
အဲ့ဒီ့ သူတွေကို လည်း ကျေးဇူး တင်တယ် ဆိုတာကို အခုချိန်မှာ ပြောချင်ပါတယ်။

ဒီမိုကရေစီ လမ်းစဉ်လို့ ခေါ်ရတဲ့ အကြောင်းက ဘာဖြစ်လို့ လဲဆိုတော့
ဒီမိုကရေစီ လမ်းစဉ်ဆိုတာ ဘယ်တော့မှ ပြီးနိုင်မယ့် အလုပ်ကိစ္စ တစ်ခု မဟုတ်ပါဘူး။
ဒီလမ်းစဉ် ပေါ်မှာ ဆက်ပြီးတော့ သွားနေရ မှာပါ
အင်မတန်မှ နှစ်ကာလပေါင်း များစွာ ကျင့်သုံး ခဲ့တဲ့ နိုင်ငံတွေ မှာတောင်မှ
သူတို့ရဲ့ ဒီမိုကရေစီ အခွင့် အရေး တွေ မဆုံးရူံးရအောင်
ဒီမိုကရေစီ နိုင်ငံရေး စနစ် မပျက်စီး ရအောင်
တစ်ချိန်လုံး ပဲ ထိန်းသိမ်း ရတယ် တစ်ချိန်လုံးပဲ ကြိုးစားရတယ်။

ကျွန်မတို့ လို ဒီမိုကရေစီ မရသေးတဲ့ နိုင်ငံဆိုရင်
ဆထက်တပိုး ပိုပြီး ကြိုးစားရမှာ ဖြစ်ပါတယ်။

အဲ့တော့ ဒီမိုကရေစီ ရရှိရေးအတွက်
ကျွန်မတို့ နိုင်ငံသူ နိုင်ငံသား အားလုံးဟာ တတ်နိုင်သလောက် ကြိုးစားပေးကြပါ
ဝိုင်းဝန်းပြီးတော့ ကူညီပေးကြပါ လူတိုင်း လူတိုင်း ဟာ ကူညီ ပေးနိုင်ပါတယ်။

ဥပမာအားဖြင့်
မတရားတဲ့ ကိစ္စတွေကို ရပ်ပြီးတော့ မကြည့်နေပါနဲ
မတရားတာလည်း ဖြစ်ရင် ဖြစ်ပါစေလို့ လျစ်လျူမရူ့ ထားပါနဲ့
ကိုယ်တတ်နိုင်သမျ မတရားတဲ့ဟာတွေကို မြင်လို့ ရှိရင်
တရား ဥပဒေ ဘက်က ပြောဆိုပေးကြပါ ရပ်တည်ပေးကြပါ
တစ်နည်းနည်းနဲ့တော့ ဒီမိုကရေစီ ရရှိရေး အတွက် လုပ်ပေးကြပါ။

ဒီမိုကရေစီ ရရှိရေးဆိုတာ
ကျွန်မတို့ တိုင်းပြည် အေးချမ်းသာယာရေး သာယာဝပြောရေးအတွက် ဖြစ်ပါတယ်။ အဲ့တာကြောင့်မို့လို့
အားလုံးနဲ့ ဆိုင်တဲ့ ကိစ္စမို့လို့
အဖက်ဖက်က နေ ကူညီကြပါ
လို့ မေတ္တာ ရပ်ခံချင်ပါတယ်။


လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်


(အဓိပတိကြီး)

3 comments :

Always said...

အဓိပတိကြီး
မြန်မာစာမှာ “ မ ”ကို ဘယ်လိုနေရာမှာ ဘယ်လို သုံးရမည်ဆိုတာ မသိသေးဘူးလား။

ရပ်ပြီးတော့ မကြည့်နေပါနဲ့ = ရပ်ပြီးတော့ ကြည့်နေပါ။

လျစ်လျူမရူ့ ထားပါနဲ့ = လျစ်လျူရူ့ ထားပါ။

လေးစားစွာဖြင့်
တေဇသူရ

Anonymous said...

မြန်မာနိုင်ငံကို စီးပွားရေးတွေ ပိတ်ဆို့နေတာ တ၇ားလား????ဘာကြောင့်လဲ ဘယ်သူ့ကြောင့်လဲ ဘယ်သူတွေက ဖြေရှင်းပေးသလဲ???

Anonymous said...

အကူအညီပေးတော့လည်း အဆွယ်တဖွေးဖွေးနဲ့ ခွေးတွေဖြတ်ဆွဲလို့ ကုန်တာပဲ၊
ခွေးကောင်တွေသာပြောင်ပြီး လူတွေက မွဲမြဲမို့ ပေးလည်း အပိုပါပဲ။