Wednesday, 26 May 2010

ရှို့  မီး


မင်္ဂလာဈေး မီးလောင်ရတာ နဖအရဲ့ ရှို့ မီးပဲ။ လျော်ကြေးပေးရမယ်။ ဈေးကိုအမြန်ဆုံးဆောက်ပေးရမယ်။ ဒါကိုတောင်းဆိုကြပါလို့ တိုက်တွန်းခြင်တယ်။ ဘာဖြစ်လို့ ရှို့ မီးလို့ ယူဆတာလဲလို့ မေးစရာရှိတယ်။
နအဖ က ရန်ကုန်မြို့ ကို စနစ်တကျဖျက်ဆီးနေတယ်။ သန်းရွှေရဲ့ မဟာအညာသားဝါဒက ရန်ကုန်နဲ့ အောက်သားတွေကိုမုန်းတာ အရိုးဆွဲနေတယ်။ ဒီတော့ရန်ကုန်ကို နည်းမျိုးစုံနဲ့ အကောက်ကြံဖျက်ဆီးနေတယ်။    နောက်တခုက နအဖ လက်ထက်မှာ သဘာဝအရ တည်နေတဲ့  Social Insitution  တွေ က ကျောင်းသား၊သံဃာနဲ့  ဈေးသည်တွေပဲရှိတယ်။ ဘယ်အသင်းအပင်းတွေမှာမရပ်တည်နိင်အောင်ဖျက်ဆီးတယ်။ ကျောင်းသားတွေကို ပြိုကွဲသွားအောင်သူတို့ လုပ်နိင်ခဲ့တယ်။ သံဃာတွေဟာ မစုစည်းနိင်ဘူးဖြစ်နေတယ်။ ဒီတော့ ကျန်ရှိနေတာ
ဈေးတွေ၊ အထူးသဖြင့်ဈေးသည်တွေဖြစ်လာတယ်။  ဈေးသည်တွေ တိုင်းပြည်မှာဖြစ်နေတဲ့ စီးပွားရေးပြသနာ ကိုအရင်ဆုံးသိသူတွေဖြစ်နေတယ်။ ဈေးထဲမှာ အရောင်းအ၀ယ်လုပ်ရင်းလူမှုရေး ကွန်ယက်က ကျယ်ပြန်တယ်။ သတင်းစုံတယ်။ အမြင်ဖလှယ်တယ်။ ပူးပေါင်းဆောင်ရွက်မှုတွေရှိတယ်။
ဒါအပြင် သူတို့ မှာအရင်းနှီးရှိနေတယ်။ ငွေကြေးရှိတယ်။ နာဂစ်မုန်တိုင်းဘေး၊ ၂၀၀၇ သံဃာလှုပ်ရှားမှု၊
ရေငတ်ပြသနာတွေမှာ သူတို့ ရဲ့  လူမှု့ ပူးပေါင်းဆောင်ရွက်မှုတွေက မြင့်မားလာတယ်။
နအဖ လုပ်ထားတဲ့ ကုန်တိုက်တွေ ၊ ကြပ်ပြေးက ဈေးတွေထက်လူစည်တယ်။ ဈေးကွက်ပေါ်မှာ ပို ပြီးသြဇာရှိနေတယ်။ ဒီတော့ ရန်ကုန်က ဈေးတွေဟာ နအဖအတွက်ရန်သူ၊ပြစ်မှတ်တွေဖြစ်လာနိင်တယ်။

စစ်အစိုးရအဆက်ဆက် ဈေးတွေမှာ ဘာထောက်ပံမှုမှမရှိဘူး ၊ ထိမ်းသိမ်းမှုမရှိဘူး။ ရေ၊မီး ဘေးအန္တရယ်တွေက အတားအဆီးတွေ ကောင်းကောင်း မလုပ်ဘူး။ စီးပွားရေး အာမခံစနစ်တွေမရှိဘူး။ လုံခြုဲံရေးအကြောင်းကို အကျယ်ဆုံး အပြောအများဆုံးနအဖ က ဈေးတွေမှာလုံခြုံရေးအဆင့်အတန်းမရှိပဲနေတာကို မသိဘူးဆိုတာမဖြစ်နိင်ဘူး
တမင်တကာကို မလုပ်ပေးတာဖြစ်တယ်။ ဒီတော့ ပေါ့ဆမှုကနေ မီးလောင်တယ်။ ဒီမီးကို သာမန်မျက်စိနဲ့ ကြည့်ရင်တော့ ပေါဆမီး ဒီထက် လေးနက်စွာစဉ်းစားရင်တော့ ဒါဟာ  ရှို့ မီးဆိုတာ မြေကြီးလက်ခတ်မလွဲနိင်ပါဘူး။  

ဈေးကွက်စီးပွားရေးစနစ်ကို နအဖ က ဘုရားစူး သွားပါမယ်လို့ တစာစာ ပြောနေတယ်။ ဈေးကွက်စီးပွားရေးစနစ်ပီပြင်စွာဖြစ်ပေါ်လာရေးလို့ သရုပ်ပျက်သံနဲ့   ဟစ်ကြွေးနေတယ်။  ဒီတခါတော့ မင်္ဂလာဈေးမီးလောင်တာက သူတို့ မှာ ဈေးကွက်စီးပွာရေးတည်ဆောက်မှုအပေါ်မှာဘယ်လောက်အထိ
သက်ဝင်ယုံကြည်မှုရှိသလဲ ဆိုတာကို စမ်းသပ်ဖို့ ရာ အချက်ဖြစ်လာတယ်။  ဈေးကွက်စီးပွးရေးနစ်ဆိုတာ ဈေးကွက်တွေကို ခိုင်မာအောင်၊တည်တန့် အောင်၊ မပျက် စီးအောင်၊ ကာကွယ်မှုတွေရှိအောင်လုပ်ရတယ်။ 
တကယ်လုပ်ခြင်သလား မလုပ်ခြင်သလား ဆိုတာကို သိအောင်အတွက်

ဈေးသည်တွေအနေနဲ့  တောင်းဆိုရမဲ့ဟာတွေကတော့

၁- ဈေးကြီးကိုအမြန်ဆုံး ဆောက်ပေးရမယ်။
၂- ဆုံးရှုံးသွားတဲ့ ကုန်ပစ္စည်းတွေကိုလျောကြေးပေးရမယ်။
၃- အာမခံစနစ်တွေကို တည်ထောင်ပေးရမယ်ဆိုတာတွေကို တောင်းဆိုဖို့ လိုလာတယ်။

ဒီငွေတွေကို နအဖ ကလျောပေးနိင်တဲ့အနေထားမှာရှိနေတယ်။ ဓါတ်ငွေတွေရောင်းထားတဲ့ငွေ ၂ဘီလီယံဒေါ်လာကျော်ရှိနေတယ်။  ဒါကိုတောင်းဆိုရမယ်။ ဈေးသည်တွေက  ကိုယ်စားလှယ်အဖွဲ့ တဖွဲ့ ဖွဲ့ စည်းပြီးတောင်းဆိုရမယ်။ ဆွေးနွေးညှိနိင်မှုတွေလုပ်ရမယ်။

ငွေတွေကိုလျောပေးခြင်းဟာ အနာဂတ် ဈေးကွက်စနစ်ကို စီးပွားရေးပညာအရကြည့်ရင်  ကောင်းမွန်ဈေတယ်။ နိင်ငံတော်အတွက်ရော၊ ဈေးသည်တွေအတွက်ရော၊လူထုအတွက်ပါကောင်းတယ်။
လျောပေးတဲ့အတွက်ဘယ်သူကမှမနစ်နာဘူး။ ဘာကြောင့်လဲ 

လျောပေးခြင်းအားဖြင့် အစိုးရအသုံးစရိတ် (  Government Spending )  တက်လာတယ်။  အစိုးရအသုံစာရိတ်မြင့်တက်လာတဲ့အတွက်   GDP  တက်လာတယ်။  ဈေးသည်တွေက အရင်  နှီးမြုပ်နှံမှု
 ( Investerment )  ရလာတယ်။ လူတွေက ၀ယ်ယူစားသုံးမှု ပြန်တက်လာတယ်။  အစိုးရ က ဈေးသည်တွေဆီကအခွန်ငွေ ( Tax)  ပြန်ရခြင်းအားဖြင့် ဒီငွေတွေပြန်ပေါ်လာတယ်။
ဒီတော့ ငွေကိုလျောလိုက်ရလို့  အစိုးရက အရှုံးမရှိပဲ ဈေးကွက်ကို ပြန်လည် လည်ပတ်လာစေတယ်။
စီးပွားရေး ပြန်လည်နလံထူလာနိင်တယ်။  အစိုးရက မလျောရင်ဘာဖြစ်မလဲ

ဈေးသည်တွေအရင်းမရှိဖြစ်သွားတယ်။ အလုပ်လက်မဲတွေဖြစ်လာမယ်။ ဈေးတက်မယ်။ ကြပ်တည်းမှုတွေက မတည်ငြိမ်မူ  နဲ့ ပေါက်ကွဲမှုတွေဆီကိုဦးတည်သွားမယ်။ အစိုးရက နစ်ဘီလီယံဒေါ်လာကို မသုံးပဲ ထားတဲ့အတွက်  Saving  ထဲမှာ ပဲငွေကအိပ်နေတယ်။ငွေကြေးလည်ပတ်မှုကို နှောင့်နှေးစေတယ်။ ဈေးကွက်ကို ပျက်ဆီးဈေတယ်။
ဘာကြောင့်ဒီဈေးမီးလောင်ရလဲ။ အစိုးရရဲ့  ညံဖြင်းမှု၊ ဒါဟာရှို့ မီးပဲ။ ဒါကြောင့်လျောကြေးပေးရမယ်။


( မိုးသီးဇွန် ) 






5 comments :

Anonymous said...

http://www.khitlunge.org.mm/news/news_detail.aspx?info_id=19335&sub_id=1 အရှူးကြီး မိုးသီးအတွက်မြန်မာစာတော့တက်တယ်မော့လား။

Anonymous said...

မဟာအညာသားဝါဒ လို့ တော့ မကြားဖူးပါဘူး ကိုမိုးသီး။ သန်းရွှေ က ရန်ကုန် ကို နေပြည်တော်ထက် မသာစေခြင်တာတော့ ဟုတ်ကောင်းဟုတ်နိုင်ပါတယ်။ ဒါပေမယ့် "မဟာအညာသား" ဆိုတဲ့ အသုံးအနှုန်းကတော့ အထက်အညာသားတွေ နဲ့ အောက်ပြည်အောက်သား - ရန်ကုန်သားတွေ ကို သွေးခွဲရာရောက်ပါတယ်။ ကျနော် ကြားသိဖူးတာကတော့ အညာသူ/သားတွေသာ ရန်ကုန်သူ/သားတွေဆီမှာ အထင်သေးခံရတာ များပါတယ်။ တောသူ၊ တောသား ဆိုပြီးတော့ပေါ့လေ။ အညာသားတွေထဲမှာ သန်းရွှေလို သိုးမည်းတွေ ရှိပေမယ့် ဗိုလ်မင်းရောင်၊ ဗိုလ်ချုပ်အောင်ဆန်း တို့ လို ခေါင်းဆာင်တွေ၊ တော်လှန်ရေးသမား ၊ နိုင်ငံရေးသမားကောင်းတွေ အများကြီးထွက်ခဲ့ပါတယ်။ ဗမာဘုရင်တွေ နန်းဆိုက်ခဲ့တာလည်း မန္တလေး န့ဲ့ ပုဂံမှာပါ။ အောက်ပြည် အောက်ရွာမှာ ဆိုရင်လည်း ဦးသန့် တို့ လို မြစ်ဝကျွန်းပေါ်သားတွေ လည်းရှိပါတယ်။ ဒါပေမယ့် အမြဲတမ်း အထက် နဲ့ အောက်ပြဿနာတွေရှိနေတာ မကောင်းပါဘူး။ အထက်ဗမာပြည် ဗကသ နဲ့ အောက်ဗမာပြည် ဗကသ မှာလည်း ပြဿနာတွေ ခေတ်အဆက်ဆက် ရှိခဲ့တာ ၀မ်းနည်းစရာပါ။

Anonymous said...

တော်တော်ဆိုးတာပဲ...ရှို့မီးဆိုပဲ...မိုးသီးဖွန်ကြီး အသက်ကြီးလာတော့ ဇီဇာကြောင်ပြီး ကြောင်တောင်တောင် ဂေါက်တောက်တောက်နဲ့ ပိုက်ဆံအတွက် ဘာမဆို ပြောဆိုနေတာပါလား...ဒီလိုတောင်ပြောလို့ရနေပြီ " ဒေါ်စုက ဂေါက်သီး..မိုးသီးဖွန်တို့ ယောင်ပြီးကျားနေတဲ့အဖွဲ့က ဂေါက်တံ...ဒီမိုကရေစီအရေးလှုပ်ရှားနေတဲ့ မထင်မရှားမိန်းမတွေက ဂေါက်တွင်း...သူတို့တစ်ဖွဲ့လုံးက ဂေါက်ကွင်းကြီးပါလားနော်"....။

Anonymous said...

ဟုတ်သေးဘူးကိုမိုးသီးရ၊ဒါက လောဘတွေကြောင့်
ပေါ့ဆမီးပါ၊စစ်စိုးရက မီးလောင်ရင်ခုလို ဘာမှ
မလုပ်နိုင်တာ စောက်ရှက်ကွဲမှာစိုးတာရော၊ဆုံးရှုံးသူတွေ
ပေါက်ကွဲပြီးဆန္ဒပြတာမျိုးဖြစ်မှာကြောက်တာရော ။
သူတို့ကိုယ်တိုင်လုပ်တာမဖြစ်နိုင်ပါဘူး၊ပြောရမှာက
အဲဒါမဟုတ်ဘူး၊မြိုလယ်ခေါင်လောက်တဲ့မီးကို
မိုးရွာချတာတောင် မညှိမ်းသတ်နိုင်တဲ့ကိစ္စပဲ၊
မီးလောင်ပြီးအချိန်ဘယ်လောက်ာကာမှ ပထမဆုံ့းမီးသတ်ကား စရောက်လဲ၊
မီးသတ်တွေကနေ့စဉ် ဆီ ရေ ယာဉ်ပြင်ဆင်မှုကြိုမလုပ်
ထားပဲ တခြားဘာတွေလုပ်နေရလဲ၊
သူတို့ကျတော့အရမ်းချမ်းသာနေပြီး
ပြည်သူတွေအတွက် ခုလို မီးဘေး
၊ ရေဘေးတွေမှာ ဘာမှအဆင်သင့်မရှိတာတွေပြောရမှာ၊နိုင်ငံရေးတိုက်ကွက်ဆိုပေမဲ့ တချို့ပြည်သူတွေနားလည်မှုလွဲနိုင်ပါတယ်

Anonymous said...

Reply to anonymous who said all the oppositions group are infamous or whatsoever...

I want to ask you do you even dare to write comment with your real name and picture attached. The answer is NO!

That's mean you are also worthless person who has no balls not even close to the courage of opposition who dare to say their own mind with their real names and stand by their words.