Monday, 28 June 2010
Gay Parade in US
ကမ္ဘာတဖက်ခြမ်းကနေစဉ် ဖြစ်ပျက်နေတာတွေကို သိစေချင်တဲ့ဆန္ဒနဲ့ တင်ပြပေးလိုက်ပါတယ်။
ထောက်ခံတာ၊ကန့် ကွက်တာ စာဖတ်သူတွေအပိုင်းပါ။ ကျနော်တို့ ရည်ရွယ်ချက်ကတော့ နအဖ သတင်းအမှောင်ချခံထားရတဲ့ပြည်သူတွေကို ကမ္ဘာကြီးမှာ ဘာတွေဖြစ်နေတယ်ဆိုတာကို ပြည်သူတွေကိုသိစေချင်တယ်။ ဆရာကြီး ဒေါက်တာသန်းထွန်း စကားနဲ့ ပြောရရင်တော့ မအ အောင် လို
ပါ။
source: Ko Aung Myo Min
at 09:57
Subscribe to:
Post Comments
(
Atom
)
8 comments :
အများပြည်သူ မြင်ကွင်းအရှေ့မှာ လိင်ပိုင်းဆိုင်ရာ မြူဆွယ်မှုပြုတဲ့ ပွဲတစ်ခုအနေနဲ့ ပဲမြင်ပါတယ်။ လူ့အဖွဲ့အစည်းအတွက်ဘာမှ အကျိုးပြုတဲ့ ပွဲတော်မဟုတ်ပါ။ လိင်ဆက်ဆံတဲ့ အပြုအမူ ပုံစံမျိုးတွေနဲ့ ရင်သား၊ဖင်သားတွေ ဖေါ်ပြပြီး လှုံဆော်လှုပ်ရှားပြသတဲ့အတွက် ကလေးသူငယ်တွေအတွက် အထူးစိုးရိမ်းမိပါတယ်။ ရုပ်ရှင်တွေမှာ အသက်၁၆နှစ်အောက် မကြည့်ရတာတို့၊မိဘနဲ့မှကြည့်ရှု့ခွင့်ပြုတာတို့ဟာ အကြောင်းမဲ့တားမြစ်ထားတာ မဟုတ်ပါ။ ဖက်ရှင်ပွဲဆိုရင်လဲ ဖက်ရှင်နဲ့တူအောင် အများပြည်သူကြည့်ရှုနိုင်တဲ့ (ကလေးသူငယ်အပါအ၀င်)အနေအထားဖြစ်
သင့်ပါတယ်။ ဒီလိုပွဲမျိုးကို ပိတ်ပင်တားမြစ်သင့်ပါတယ်။
လူ့အဖွဲ့အစည်းရဲ့ အမှိုက်သရိုက်အနေနဲ့ မြင်ပါတယ်။
ကိုကို အမည်မသိရေ
ကျနော်တို့ကတော့ မြူဆွယ်တယ်လို့မထင်ပါ၊ အဲဒါကြည့်တဲ့သူက မြူဆွယ်နေပါလားလို့ခံစားရတဲ့ ခံစားချက်နဲ့ကြည့်ရင် မြူဆွယ်တယ်လို့ထင်မှာပါ၊ ကြည့်တဲ့သူပေါ်မူတည်ပါတယ်။
ဒါနဲ့မေးပါရစေဦး
ဘာကြောင့်အဲဒီလို လမ်းလျောက်ရတယ်ဆိုတာရောသိလား၊ လူမှုအသိုင်းအ၀ိုင်းက ဒီလိုလူတွေကို မသိကျိုးကျွံပြုထားတာကြပြီလေ။ ဆိုတော့ လူမှုအသိုင်းအ၀ိုင်းမှာ သူတို့ရှိနေတယ်ဆိုတာကို သတိပြုမိစေချင်လို့လျောက်တာပေါ့။
မိန်းမလျာတွေကတဲ့ ရုပ်ရှင်ကြည့်လိုက်ရတော့ ကျနော် လူအ မဟုတ်တော့ဘူးပေါ့နော်? ထူးလည်းထူးပါပေ့ ကိုမိုးသီးရယ်..
ပထမ comment ကိုထောက်ခံပါတယ်။
ထူးပါပေ့... ကိုမိုးသီးရယ်... တကယ်ပါပဲ... လူအ မဖြစ်စေရအောင် စေတနာနဲ့ တင်ပေးတာတော့ လက်ခံပါတယ်... ဒါပေမယ့် အဲဒီလောက်အထိတော့ မတင်သင့်ပါဘူး... အနောက်နိုင်ငံက ယဉ်ကျေးမှုအနေနဲ့ဆိုရင်တော့ လက်ခံနိုင်ပေမယ့် မြန်မာ့ယဉ်ကျေးမှုနဲ့တော့ မကိုက်ညီဘူးထင်ပါတယ်...
ပထမ ပြောတဲ့ comment က မှန်ကန်တယ်....နည်းနည်း စည်းကမ်းတကျဝတ်စားဆင်ရင်သင့်ပြီး၊ လမ်းလျှောက်သင့်တယ်...
ဝေဖန်နေလိုက်ကြတာ ကြည့်တဲ့ဦးရေက ၄၀၀၀လောက်ဖြစ်နေပြီ မကြည့်ချင်ကြလို့ပဲ
ကြည့်များကြည့်ချင်ရင် ခက်လှချည်ရဲ့ လူတွေများ
ဂေးပွဲတော်ကို ကြည့်မှတော့ ဒါတွေပဲထွက်လာမှာပေါ့
လူအခွင့်ေ၇းရှိတဲ့တိုင်းပြည်မှာ လုပ်နေကြတာတွေက
သူတို့အခွင့်ေ၇းတွေပဲ မြန်မာတွေ မကြိုက်ရင် မကြည့်နဲ့ပေါ့ကြိုက်လွန်းလို့ ထပ်ခါ ထပ်ခါ ကြည့် ပြိး သူတော်ကောင်းတွေလုပ် နံမည်တွေတောင် ထုတ်မဖော်ရဲ
လွတ်လပ်စွာ သဘောထားကွဲလွဲခွင့် ရှိတာပဲ
ူလူယဉ်ကျေးးကြီးတွေ သူတော်ကောင်းကြီးတွေ
လုပ်မနေဲ့ အခုကြည့်နေတာ ယောကျားချင်းပဲနော် သိတ်စိတ်လှုပ်၇ှားမနေကြနဲ့
ခင်ဗျား သားတွေအကုန်လုံး အ၆ ဖြစ်ကုန်၇င်
ကြိုက်မလား?...
Post a Comment