Monday 5 July 2010

တာဝန်ယူမှု နဲ့ တာဝန်ခံမှု

အမေရိကန်မှာခုနွေပေါက်ပါပြီ၊ ဒီနေ့ အပူချိန် ၉၈ ဒီဂရီဖါရင်ဟိုက်ရှိတယ်။ လူတွေပင်လယ်ထဲကိုဆင်းလို့ ကောင်းတဲ့အပူချိန်ဖြစ်ပါတယ်။ ပူလာတဲ့အတွက် အစိုးရက လူတွေအတွက် တာဝန်ယူဆောင်ရွက်မှုတွေကိုလုပ်ပေးလာတယ်။

တလောက မြန်မာပြည်မှာ အပူချိန် ၁၁၀ ဖါရင်ဟိုက်ကျော်သွားပါတယ်။ ရေပြတ်သွားတယ်။ စစ်အစိုးရက ဘာမှ တာဝန်ယူလုပ်ဆောင်ပေးတာမရှိပါဘူး။ နယူးယောက်မြို့ တော်ဝန်က တာဝန်ယူလုပ်ဆောင်လာတဲ့အချက်အလက်တချို့ ကို ဗဟုသုတအဖြစ်မျှဝေလိုက်ပါတယ်။ ပူလာတဲ့အတွက် အင်္ကျီပွပွဝတ်ဖို့ ၊ အရောင်ဖျော့နဲ့  ပေါ့ပေါ့ပါးပါး အင်္ကျီတွေကိုဝတ်ဆင်ဖို့ ၊ ရေများများသောက်ဖို့ ၊ တတ်နိင်ရင် အပြင်မထွက်ကြဖို့  တိုက်တွန်းနိုးဆော်လာပါတယ်။ မီးသတ် ပိုက်ခေါင်းတွေကိုလည်း ဖွင့်ပေးတယ်။ ပူလွန်းတဲ့အခါမှာလူတွေ စိတ်မသက်မသာဖြစ်တယ်။ ထိလွယ်ရှလွယ်ဖြစ်လာတယ်။ ဒါကို အစိုးရက မီးသတ်ပိုက်ခေါင်းတချို့ ကိုလမ်းတွေမှာဖွင့်ပေးတယ်။ ဒီတော့ ကလေးတွေက မီးသတ်ပိုက်ခေါင်းမှာဆော့ကြတယ်။ ရေကိုမြင်တော့လူတွေ Stress ပြေတယ်။ လူတွေသောက်ဖို့ သောက်ရေသန့် ပိုက်ခေါင်းတွေကိုထပ်မံတပ်ဆင်ပေးထားကြောင်းပြောတယ်။ ခွေးတွေသောက်ဖို့ ပါလုပ်ထားပါကြောင်း ပြောတယ်။ ဒါအပြင် အဲယားကွန်ဒီးရှင်းပျက်လို့  အိမ်မှာ ဒုက္ခရောက်နေရင် အဲယားကွန်ဒီးရှင်းဖွင့်ပေးထားတဲ့ နေရာ ( Cooling Center ) တွေကိုအရေးပေါ်ဖွင့်ပေးထားတယ်လို့ ဆိုပါတယ်။ 
နယူးယောက်မြို့ ဝန်က လူတွေအပေါ်မှာ တာဝန်ယူမှုနဲ့ တာဝန်ခံမှုရှိနေတာကတော့ချီးကြူးစရာပါ။
ကျနော်တို့ ဆီမှာတော့ ငရဲလောက်ပူနေတာတောင် စစ်အစိုးရက ဘာတခုမှလုပ်ပေးမသွားဘူး။

9 comments :

Anonymous said...

If it is true, all Burmese people should migrate to New York and leave Than Shwe alone. So that, everybody will have a peace and all you guys, so called activists, are out of jobs.

zawzaw said...

အော်
ကို မီုးသီးက တခြားနိုင်ငံမှာနေတော့
ဘာသိမှာလည်း ဘာမြင်မှာလည်း..ကိုယ့် စိတ်နဲ့ 
နှိုင်းပြီးမပြောပါနဲ့ ဗျာ....ဒီမိုကရေစီဆိုတာ
လွတ်လပ်စွာဝေဖန်ခွင့် ရှိတယ်..မဟုတ်တာတွေ
ပြောဖို့ ..မဟုတ်ဘူးဗျ

Unknown said...

ကိုဇော်ဇော်ရေ့... ကိုမိုးသီးရေးတဲ့စာကို သေချာဖတ်ပါ။ နိုင်ငံရေးစကားလား။ ဗြဟ္မဝိဟာရတရားလား ခွားခြားသိမြင်ပါ။ ဒီပို့စ်က ကောင်းစေချင်လို့ရေးတာပဲ၊ ဒါကို ခင်ဗျားက မကောင်းပြောတော့ ခင်ဗျားကို ဘယ်လိုမြင်ရမှာလဲ...။ လူသားတဦးမှာ လူစိတ်ရှိဖို့က အဓိကဆိုတာ သိထားဘို့ကောင်းပါတယ်ဗျာ...။

ဖိုးပါ said...

စီးပွါးရေးပိတ်ဆို့မှုကိုလည်း ဆက်ရှိနေစေချင်တယ်
နိုင်ငံကိုလည်း အမေရိကန်နီးနီး တိုးတက်စေချင်တယ်
အဲဒီလိုလား မိုးသီး...။

Anonymous said...

"တာဝန်ရှိမှု နှင့် တာဝန်သိမှု မသိမှု" ဒါမှမဟုတ် "အစိုးရ နှင့် ဓားပြဂိုဏ်း" ဆိုရင် ပိုကောင်းမယ် ထင်တယ်။

နိုင်ငံကို အမေရိကန်ထက် ပိုတိုးတက်အောင်လို့ ဓားပြတွေကို ဖြတ်လေးဖြတ် ဖြတ်နေရတာကွ။
ဒုက္ခသည် တွေကိုပေးတဲ့ အကူအညီတွေကိုတောင် ဖြတ်ခိုးနေတဲ့ အောက်တန်းစား ဓားပြတွေ အချောင်ပဲ မျှော်နေတာ မရလို့ ဒေါသတွေ ထွက်နေတယ် မဟုတ်လား။ သနားတယ်။