Thursday, 8 July 2010

ဘောပွဲ နဲ့  ငွေတုများ

ဘောပွဲတွေကြောင့် ငွေအတုတွေပိုမိုများလာတယ်လို့  ကုန်သည်တဦးက ဆိုပါတယ်။ ငွေတုတွေကို ဘောပွဲလောင်းကစားဒိုင်များ၊ ချဲဒိုင်များ၊ မူးယစ်ဆေးဝါး လုပ်ငန်းများတွင် အဓိက ပြစ်မှတ်ထားပြီးဖြန့် ဖြုးနေ
တယ်လို့ ဆိုတယ်။

 ကမ္ဘာဖလား ဘောပွဲမှာ အကြီးမားဆုံးလောင်းကစားပွဲကြီးအဖြစ်လာတဲ့အတွက် မြန်မာ ပြည်တွင်းလည်း ဘောဒိုင်များ က စီးပွားရေးလုပ်ငန်းကြီးသဖွယ်လုပ်ကိုင်လျှက်ရှိပါတယ်။  ငွေတုများလည်း ဘောပွဲကို အသုံးချပြီး ဖြန့် ဖြုးနေကြပါတယ်။ လက်ရှိ ဘောပွဲလောင်းပွဲများတွင်း ဒိုင်များပိုပြီးရှုံးနေတယ်လို့ သိရပါတယ်။ ဒိုင်ကြီးများက ငွေတုများနဲ့ လည်ပတ်လျှက်ရှိတယ်လို့ သတင်းရရှိပါတယ်။ ငွေအတုကို တစ်ထောင်တန် တွင်ပိုလုပ်ကြတဲ့အတွက် လူထုကိုထိခိုက်လာမှာကိုစိုးရိမ်စရာအနေထားမှာရှိနေတယ်။ အတုက မာတယ်။ ကြိုးကျေလွဲတယ်လို့  ငွေစက္ကူအတုကို ကျွမ်းကျင်သူများကဆိုတယ်။ မက်ဇော်ဇော် ၊ တေဇ တို့ ကတော့ အကြီးဆုံးဒိုင်ကြီးတွေလို့ သိရတယ်။ ဒေါ်လာ သိန်းနဲ့ ချီလောင်းကြေးရှိကြတယ်။

No comments :