Thursday, 8 July 2010

အမေရိကန် ဗီဇာ ရဲ့ သဘော

အိုဘားမားအစိုးရက မြန်မာ ပြည်အရေးကို ပိုပြီး နီးစပ်တဲ့ဆက်ဆံရေးကိုလုပ်ခြင်တယ်လို့ ပြောပြီးတဲ့နောက်မှာ မြန်မာ ပြည်မှာရှိတဲ့အမေရိကန် သံရုံး က မြန်မာ တွေကို ( visit visa , students visa , entertainment visa  တွေကိုပိုမို ထုတ်ပေးလာတယ်။ ဒါပေမဲ့  စစ်ဗိုလ်ချုပ်တွေနဲ့  နီးစပ်သူတွေနဲ့  နီးစပ်တဲ့အနုပညာရှင်တွေကိုတော့ ဆက်လက် စာင့်ကြည့်နေဆဲဖြစ်ပါတယ်။

 မကြာသေးမှီကတော့ ရုပ်ရှင်မင်းသားရန်အောင်နဲ့  မေသန်းနု ကို  အမေရိကန် သံရုံးက
 ဗီဇာထုတ်ပေး ပြီးမှ  ဗီဇာကို ပြန်ပြီး ရုတ်သိမ်းလိုက်တယ်လို့ ဆိုပါတယ်။ အကြောင်းကတော့      အလည်လာတာမဟုတ်ပဲ ဖျော် ဖြေရေး အတွက်သွားမှာဖြစ်တာကို သတင်းရ တဲ့အတွက်  Entertainment  Visa  ကိုယူဖို့  ဗီဇာစည်းကမ်းအရ လို့ ဆိုတယ်။


ဖျော် ဖြေရေးဗီဇာဆိုရင် ဒေါ်လာ ၃ ထောင်ခန့်  ( ရှေနေခအပါအ၀င် )  ပေးဆောင်ရမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒီငွေက အမေရိကန် အစိုးရကို အခွန် ပေးဆောင်ရတဲ့သဘောဖြစ်ပါတယ်။ အမေရိကန် နိင်ငံဟာ ဒီမိုကရေစီနိင်ငံ ဖြစ်တဲ့အတွက် နိင်ငံသားတိုင်းရဲ့ အဓိက တာ န်ကတော့အခွန်ပေးဆောင်ရခြင်းဖြစ်ပါတယ်။ အခွန်ဆောင်တဲ့အတွက်အစိုးရက ပြန်လည်ပြီးတော့ နိင်ငံသားတွေရဲ့ လုံခြုံရေး၊ အခွင့်အရေး နဲ့  လူမှုဖူလှုံရေးတွေကို တာဝန်ပြန်ယူရတဲ့သဘောဖြစ်ပါတယ်။

No comments :