Tuesday 20 July 2010

ပြသာနာများ ကို မည်သို့  စဉ်းစားမည်နည်း ( မိုးသီး)

မဲ့ ဆောက်-မြ၀တီ တံတားကို နအဖ ဖက်က ဒီနေ့ ပိတ်လိုက်တယ်လို့ သိရတယ်။ ပိတ်လိုက်တဲ့အကြောင်းပြချက်ကတော့ ထိုင်းဖက်က သောင်းရင်းမြစ်ကမ်းပါးတွေကို ထိုင်းတွေက တာဖို့ တယ်။ ရေတိုးတာကို ကာကွယ်တာ။  ဒီတော့ ရေက ထိုင်းဖက်ကိုမတိုးပဲ မြန်မာ ဖက်ကိုထိုးလာနိင်တယ်။ ဒီတော့ မြန်မာ ဖက်ကမြေဆုံးရှုံးကုန်နိင်တယ်။  မြန်မာ က ထိုင်းကို ကန် ကွက်တယ်။ ထိုင်းက နားမထောင်ဘူး။ ဒီတော့ မြန်မာ့  ကုန်သွယ်ရေးလမ်းကိုပိတ်တယ်။ ထိုင်း ကို မြန်မာ က အကြပ်ကိုင်လိုက်တဲ့သဘောပဲ။ ဒါက ဇတ်လမ်းရဲ့  ကျောရိုး။

ဒီအပေါ် သုံးသပ်ချက်ကို ကျနော်တို့ လုပ်ကြည့် ကြမယ်။ နအဖ ရဲ့ ဆုံးဖြတ်ချက်ကို စီးပွားရေးရှု့ ထောင် (  Economic Perspective ) ၊  မနုသဗေဒ ရှု့ ထောင့် ( Anthropological Perspective )  ကနေကြည့်ကြပါစို့ ။

၁- ထိုင်းက စီးပွားရေးနိင်ငံ- မြန်မာ ရဲ့ အကြပ်ကို ခံနိင်ရည်မရှိဘူး။ Risk ကို မခံနိင်ဘူး။ လိုက်လျောမှု တခုခုပြုလုပ်ရမဲ့  သဘောရှိတယ်။

၂- မြန်မာ က Risk ကိုခံနိင်တယ်။ ခံနိင်ရည်ရှိတယ်။ ခံနိင်ရည်ဆိုတာက နယ်စပ်ဂိတ်ပိတ်ထားတယ်။ ကုန်စည်စီးဆင်းမှု မရှိတော့ဘူး။ စီးပွားပျက်မယ်။ ဒါကိုခံနိင်တယ် ဆိုတာကို ပြသတယ်။ီဒီတော့အပေးယူ ဆိုတာဖြစ်လာမယ်။

ကြည့်လိုက်ရင်တော့ နဖအ ဖက်က ဖြေရှင်းချက်ဟာ အမျိုးသားရေး လက္ခဏာ ဆောင်နေသလိုလို -ပို ပြီး တော့  တိကျပြတ်သားသလိုလို ၊ဒီထက်ပို ပြီး နအဖ ဖက်ကပြခြင်တာကတော့ ယောက်ကျားပီသသလိုလို   ယူဆစရာရှိတယ်။ တကယ်ကတော့ နယ်စပ်ကုန်သွယ်ရေးကို ပိတ်ပြီး တောင်းဆိုတာဟာဖြင့်  သင့်လျော်တဲ့ ဖြေရှင်းချက်မဟုတ်ပါဘူး။   ဒီလက္ခာတွေတခုမှာမရှိဘူး။ 


ဘာဖြစ်လို့ လဲ- မြန်မာ ဖက်ကလည်း ခံနိင်ရည်ကျဆင်းလာလို့ ဖြစ်တယ်။ မြန်မာ ပြည်က ကျနော်တို့ အားလုံးသိတဲ့အတိုင်းပဲ ကုန်ထုတ်လုပ်မှု ( Production ) မရှိဘူး။ ကုန်သွယ်မှု ( Trade ) ပေါ်မှာ မူတည်ပြီး ရပ်တည်နေတဲ့နိင်ငံဖြစ်တယ်။ ကုန်သွယ်မှုကို ထိခိုက်တဲ့လုပ်ငန်းတိုင်းကို သူခံနိင်ရေမရှိတော့ပါဘူး
၁၉၉၇ ခုနစ် က အမေရိကန် က စီးပွားရေးပိတ်စို့ မှုလုပ်ပေးလိုက်တဲ့အခါမှာ တပြည်လုံးစီးပွားရေးဟာ သွက်ချာပါဒ လိုက်နေကြောင်းကိုဘယ်သူမှ မငြင်းနိင်ပါဘူး။

အခု တခါ အခြေခံ ကုန်သွယ်မှု မျှသာဖြစ်နေတဲ့ နယ်ခြားကုန်သွယ်မှုလေးနဲ့ သာ ရပ်တည်နေ
တဲ့နိင်ငံဖြစ်တဲ့အတွက်   ဒီကုန်သွယ်ရေးဂိတ်ကို ပိတ်ပြီး ထိုင်းကို ကလေးစိတ်ကောက်သလိုတောင်းဆိုတာ ရီစရာကောင်းတယ်။  အိမ်ပြန် နောက်ကျတဲ့ ယောက်ကျား ကို တခါးပိတ် ပြီး စိတ်ကောက်နေတဲ့ အမျိုးသမီးတယောက်နဲ့ မတူပေဘူးလား။ေ ယာက်ကျားနဲ့ မိန်းမ ဟာ အကြပ်တည်းရောက်လာတဲ့အခါမှာ အခြေခံ စဉ်းစားပုံ မတူကြဘူး။  ယောက်ကျားက အကျိုးစီးပွား ( Interest )  ကိုအရင်စဉ်းစားတယ်။ Interest ကိုထိလာတဲ့အခါမှာ  Security  ကိုဒုတိယစဉ်းစားလေ့ရှိတယ်။ 

မိန်းမက တော့ လုံခြုံ မှု  ( Security)  ကိုအရင်စဉ်းစားတယ်။    တန်ဖိုး (value)  တွေကိုစဉ်းစားတယ်။  ဘာသာရေးနဲ့ ယဉ်ကျေးမှု ( Superstrious  & Culture )  ကို စဉ်းစားတယ်။  မိန်းကလေးတယောက်ဟာ
စပြီး မွေးဖွားလာကတည်းက ယဉ်ကျေးမှု သွန်သင်ချက်တွေက စားသောက်၊အနေအထိုင်အပြောအဆိုတွေဟာ လုံခြုံရေး ရှု့ ထောင့်ကနေ သွပ်သွင်း ခံထားရတော့တာကိုး။
ဒီလုံခြုံရေးဆိုင်ရာ အကဲဖြတ်ချက်ပေါ်လစီအောက်ကနေ နေစဉ်လူမှု ဘ၀ ကို ရုမ်းထွက်ပြီးစဉ်းစားလို့ ကိုမရဘူး။

  နအဖ ဗိုလ်ချုပ်တွေတွေလည်း ဒီလိုဖြစ်နေပါတယ်။  ပြည်တွင်းရေး မှာရော ပြည်ပဆက်ဆံရေးမှာရော ထစ်ကနဲ ဆိုရင် လုံခြုံရေး၊ အမျိုးသားရေး ( Value)  ၊ အမျိုးဘာသာ ( Superstious)   တွေခေါင်းထဲကို အရင်ဆုံးရောက်လာတယ်။    အကျိုးစီးပွား ( Interest )  ကပြောက်နေတယ်။
ဒါဟာ ယဉ်ကျေးမှုမဟုတ်ဘူး။ သူတို့ ရဲ့  မျိုးရိုးဗီဇ ( Genetic  )  လိုတောင်ဖြစ်လာတယ်။

အခုလည်း နယ်ခြား ဂိတ်ကိုပိတ်လိုက်တယ်။  ချီးမွန်းရာ မကောင်းတဲ့အပြင် ညဏ်နည်းတယ်ဆိုတာကိုပြလိုက်သလိုဖြစ်နေပါတယ်။  တကယ်က နယ်ခြား မျဉ်းတွေကို ရှေးကတည်းက ရေဝေ တောင်ကြော စနစ်နဲ့ ပိုင်းခြားသတ်မှတ်မှု လုပ်ခဲ့တယ်။  ဒီတော့ မြစ်ကြောင်းက အမြဲတမ်း ပြောင်းလဲနေတဲ့ အတွက် မဆုံးနိင်တဲ့ သံသာယာပါ ပတိပက္ခတွေကို ကျနော်တို့ 
ရေရည် ရှင်းရဦးမှာဖြစ်ပါတယ်။  နစ်နိင်ငံအကျိုးတူ ( Symbiosis Interest )  အရ မြစ်ကို ထိမ်းချုပ် (  Harness)  လုပ်နိင်တဲ့နည်းတွေကို စဉ်းစားရမယ်။ လုံခြုံရေး (  Security )  ဖက်က စဉ်းစားတာဟာ
စီးပွားရေးကို ထိခိုက်စေတဲ့အပြင်ချီးကြူးဖို့ ကောင်းတဲ့  ယောက်ကျားတယောက်ရဲ့ စဉ်းစားပုံမဟုတ်ဘူး။
အိမ်ပြန်နောက်ကျတဲ့ ယောက်ကျား ( ထိုင်း) ကို မိန်းမ ( နအဖ) က တခါးပိတ်ထားသလို့ နှုတ်ခမ်းကြီး စူပြီး စိတ်ကောက်သလို လုပ်မနေစမ်းပါနဲ့ ။  မြန်မာ သိက္ခာကျတယ်။    ပြသနာတွေကို ဖြေရှင်းတဲ့အခါမှာ ပြည်သူလူထု အကျိုးစီးပွား ( Interest )  ပေါ်မှာအခြေခံပြီး ဦးစားပေး စဉ်းစားသင့်တယ်

မိုးသီး

8 comments :

hiri said...

၁၉၉၇ ကစလိုက်တဲ့ အမေရိကန်စီးပွားရေးပိတ်တာကို ခုတော့ တစ်နိုင်လုံးမှာ စီးပွားရေးသွပ်ချာပါဒ လိုက်သွားတယ်ဆိုတာကို ခွေးမသားမိုးသီး သိတော့သွားပြီ။ လိုတမျိုး၊ မလိုတမျိုးနဲ့။ အရင်ကတော့ စီးပွားရေးပိတ်တာ တစ်နိုင်ငံလုံးကိုမထိပါဘူး၊ အခွင့်ထူးခံ စစ်ခေါင်းဆောင်တွေကိုပဲ ထိတာပါဆိုပြီး အော်အော်နေပြီး။

Anonymous said...

အကျိုးစီးပွားရော လုံခြုံရေးရော နှစ်ခုလုံးကို စဉ်းစားရမှာ ပါ မိုးသီးရယ်။

Anonymous said...

ပြသာနာကိုမည်သို့စဉ်စားမည်နည်းဆိုတဲ့ကိုမိုးသီး
ဆောင်းပါးကိုဖတ်ပြီးစိတ်ညစ်ရတယ်၊
၁။ရန်သူလုပ်သမျှဘာမှအကောင်းမမြင်တတ်တဲ့မှောင်
ပိတ်နေတဲ့အတ္တသမားတစ်ယောက်၊
၂။နိုင်ငံတော်ကိုမချစ်တတ်တဲ့သူတစ်ယောက်၊
၃။နိုင်ငံတော်ကိုမိန်းမတစ်ယောက်အနေနဲ့တင်စားရေး
သားထားတဲ့သိမ်ဖျင်းတဲ့ရေးသားမှု့၊
လို့ခံစားမိတယ်။
မိမိနေတဲ့အိမ်တိုင်ကိုလာဖြိုတဲ့သူဆိုရင်ကိုမိုးသီး
ဘယ်လိုလုပ်မလဲ၊အချိန်ရရင်ဖြေပေးပါနော်။
မိန်းမလိုစိတ်ကောက်ပြီးနေမှာလား၊ကျွန်တော်အီးမေး
ကိုအဖြေလေးပြန်ပြောပေးပါနော်။
sithusaoemyanmar@gmail.com

7zarmani7 said...

MTZ !!!
ALL IS MADE IN CHINA NOW!!!!!
EVEN IN YOUR STATE!
DONT GIVE A COMMENT LIKE A KID!!!!
IT IS TIME TO FIGHT!!!!!!!!!!!!
NOT TO WRITE A COMMENT!!!!!!!!!
I M ALWAYS BEHIND YOU EVEN I CAN COVER YOU AS YOUR BODY GUARD!!!!
I ALWAYS SHAME BY MY SELF THAT I FLED !!!!DO U REMEMBER WHEN WE WERE IN RGH!!!!????
WHERE ARE YOU NOW????
WHERE AM I NOW?????
WHERE ARE THE PATRIOTS WHO GIVE ALL THEIR LIFE&LOVE TO BURMA!!!!!!!
PLEASE MTZ DO IT ,U CAN DO IT ,I KNOW,I M HERE READY FOR BURMA& FOR U AS WELL!!!!
GOD BLESS YOU!!!!!!!!!
MORE POWER!!!!!!!!!!!!!
YARU KI
MAKON KI
HON KI!!!!!!
ANYWAY I M HERE IN PROMISED LAND WAITING SOMETHING~~~~~~*********

Anonymous said...

မိန်းမလို စဉ်းစားလဲ ဘာမှထူးမလာဘူး။ ယောင်္ကျားလို စဉ်းစားလဲ သောက်တလွဲပဲ။ စဉ်းစားကြည့် နိုင်ငံရေးမှာ ခပ်တည်တည်နဲ့  လိမ်ရာတာတွေ က ယောင်္ကျားလို စဉ်းစား တာလား။ ရေးထားတဲ့စာကို ကြိုက်လို့  မဟုတ်ဘူး ဒါပေမဲ့ ဘယ်သူက အိမ်တိုင်ကို လာဖြိုနေတာလဲ။ ဘယ်သူကမှ အိမ်တိုင်ကို လာဖြိုမနေဘူး။ ကိုယ့်ဖာသာကို ဖြိုနေတာ။ သောက်ပြသနာကို ဖြေရှင်းဖို့  မစဉ်းစားပဲ တံတားပိတ်လိုက် ငွေညစ်လိုက်လုပ်နေတာကို။ ကိုယ့်သား သမီး (ကိုယ့်ပြည်သူ/သား) အိမ်ပေါ်က ဆင်းပြေးတာ ဘာဖြစ်လို့ လဲ သောက်ဥာဏ်တွေက စဉ်းစားကြပါ့လား။

Unknown said...

ကိုမိုးသီးရေ ကျွန်နော့် စဉ်းစားချက်ကလေးကို ပြောချင်ပါတယ်၊ နယ်စပ်ဒေသမှာ ရှိတဲ့ အတိုက်အခံတွေအားလုံး လုံချုံရေး သတိရှိဖို့ လိုပါတယ်။ န.အ.ဖ. အနေနဲ့ သူ့အသက်အန္ဓရယ်ရှိမှာ တွေကိုဘဲ စဉ်းစားပါလိမ့်မယ်၊ ဘာဖြစ်လို့လည်းဆိုတော့ နှစ်ပေါင်းနှစ်ဆယ်ကျော် ကြာတဲ့အထိ ဘီလူးဆိုင်းတီးနေတာ ခင်ဗျားတို့အသိဘဲ မဟုတ်လား။ အဲဒီတော့ ထိုင်းအစိုးရဘက်က မြန်မာပြည်ကို သွားညှိနှိုင်းတဲ့လူတွေ ပြန်လာရင် အတိုက်အခံ အင်အားစုတွေအနေနဲ့ သတိရှိဖို့လိုပါလိမ့်မယ်။

Unknown said...

ကိုမိုးသီးရေ ကျွန်နော့် စဉ်းစားချက်ကလေးကို ပြောချင်ပါတယ်၊ နယ်စပ်ဒေသမှာ ရှိတဲ့ အတိုက်အခံတွေအားလုံး လုံချုံရေး သတိရှိဖို့ လိုပါတယ်။ န.အ.ဖ. အနေနဲ့ သူ့အသက်အန္ဓရယ်ရှိမှာ တွေကိုဘဲ စဉ်းစားပါလိမ့်မယ်၊ ဘာဖြစ်လို့လည်းဆိုတော့ နှစ်ပေါင်းနှစ်ဆယ်ကျော် ကြာတဲ့အထိ ဘီလူးဆိုင်းတီးနေတာ ခင်ဗျားတို့အသိဘဲ မဟုတ်လား။ အဲဒီတော့ ထိုင်းအစိုးရဘက်က မြန်မာပြည်ကို သွားညှိနှိုင်းတဲ့လူတွေ ပြန်လာရင် အတိုက်အခံ အင်အားစုတွေအနေနဲ့ သတိရှိဖို့လိုပါလိမ့်မယ်။

Anonymous said...

ဦးမိုးသီး အခုရေးထားတဲ့ post လေးကို အရမ်းကြိုက်ပါတယ်ဗျာ။ ခံစားမှုလည်းရှိတယ်။ ကျွန်တော်တို့ လူငယ်တွေအတွက်လည်း ဗဟုသုတရစေပါတယ်။ အရမ်းကျေးဇူးတင်ပါတယ်ဗျာ။