Wednesday 21 July 2010

ရခိုင်သံဃာ့သမဂ္ဂ၏ ပထမအကြိမ် ညီလာခံ သဘောထား ထုတ်ပြန်ကြေညာချက်

ကြေညာချက် အမှတ် - ၁/ ၂၀၁၀
နေ့စွဲ။ ။ ၂၀၁၀ ခုနှစ်၊ ဇူလိုင်လ (၂၀) ရက်

ပထမအကြိမ် ရခိုင်သံဃာ့သမဂ္ဂညီလာခံကို ၂၀၁၀ ခု၊ ဇူလိုင်လ (၁၈) ရက်နေ့မှ (၂၀) ရက်နေ့အထိ (၃) ရက်တိုင်တိုင် ထိုင်း-မြန်မာနယ်စပ်တနေရာတွင် အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့သည်။ ညီလာခံသို့ ပြည်တွင်း၊ ပြည်ပတွင် ရောက်ရှိနေကြသော ရခိုင်ရဟန်းသံဃာစုစုပေါင်း (၄၀) ပါး တက်ရောက်ခဲ့ကြသည်။ ညီလာခံသို့ အကြောင်းအမျိုးမျိုးကြောင့် မတက်ရောက်နိုင်ခဲ့ သော ကိုယ်စားလှယ်များကလည်း ဖုန်း၊ အင်တာနက် အီးမေးမှ တဆင့် အကြောင်းကြား ဆက်သွယ်ခဲ့ကြ ပါသည်။ ဒေသအသီးသီးမှ ကိုယ်စားလှယ်များကို သမဂ္ဂဖွဲ့စည်းပုံနှင့်အညီ အချိုးကျ ရွေးချယ်တာဝန် ပေးအပ်ခဲ့ပါသည်။ နာယက ဆရာတော်ကြီး (၃) ပါး၊ အကြံပေးအဖွဲ့ဝင် ၀ါရင့်ဆရာတော် (၃) ပါးနှင့် ဗဟိုကော်မတီဝင် (၁၅) ပါး ပါဝင်သော သမဂ္ဂကို အောင်မြင်စွာ ဖွဲ့စည်းနိုင်ခဲ့သည်။

သမိုင်းတလျှောက် အဖိနှိပ်ခံ ပြည်သူများဘက်မှ ရပ်တည်တိုက်ပ၀ွဲ င်ခဲ့သော ရခိုင်ရဟန်းသံဃာများ၏ ညီညွတ်မှု၊ စွန့်လွတ်အနနစ်နာခံမှု အစဉ်အလာကောင်းများကို ဆက်ခံကာ မပြီးဆုံးသေးသော သမိုင်းပေးတာဝန်များကို ပခုံးပြောင်းလက်လွှဲူပြီး ဆက်လက်တိုက်ပွဲဝင်သွားကြမည်ဟု ညီလာခံတွင် သံဓိဋ္ဌာန်ချမှတ်ခဲ့ကြသည်။ လက်ရှိ ပြည်သူများကြုံတွေ့နေကြရသော ဆင်းရဲဒုက္ခများသည် အုပ်ချုပ်သူအစိုးရအဆက်ဆက်က ဗမာလူမျိုးကြီးဝါဒနှင့် စစ်အာဏာရှင်စနစ်ကို ကိုင်စွဲပြီး မတရား ဖိနှိပ်ရက်စက်မှုများကြောင့်သာ ဖြစ်ပေါ်လာရခြင်းဖြစ်သည်ဟု ရခိုင်သံဃာ့သမဂ္ဂမှ ရှုမြင်သုံးသပ်သည်။ ရခိုင်ပြည်သူများ၊ တိုင်းရင်းသားပြည်သူများ အားလုံးကို ဆက်လက်စစ်ကျွန်ပြုရေးအတွက် စီမံဖန်တီးထားသော တပြည်ထောင် (၂၀၀၈) ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေနှင့် (၂၀၁၀) ရွေးကောက်ပွဲကိုလည်း ရခိုင်သံဃာ့ထုတရပ်လုံးက လက်မခံဘဲ ဆန့်ကျင် တိုက်ဖျက်ရမည်ဖြစ်ကြောင်း ဆုံးဖြတ်ခဲ့ကြသည်။

ညီလာခံတွင် ရခိုင်သံဃာ့သမဂ္ဂ၏ အားနည်းချက်၊ အားသာချက်များ၊ အနာဂတ်တွင် ရင်ဆိုင်ကြုံတွေ့ရမည့် အခက်အခဲအကြပ်
အတည်းများနှင့် ပြည်သူလူထုအတွက် အလုပ်အကျွေးပြုနိုင်မည့် အခွင့်အလမ်းများကို အကြေအလည် ဆွေးနွေးခဲ့ကြပြီး အောက်ပါရည်ရွယ်ချက်များကို အောင်မြင်စွာ ချမှတ်ခဲ့ကြသည်။

၁။ အာဏာရှင်စနစ် ချုပ်ငြိမ်းရေး။
၂။ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးနှင့် တိုင်းရင်းသားအားလုံး ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေး။
၃။ လွတ်လပ်စွာကိုးကွယ်ပိုင်ခွင့်နှင့် ဘာသာရေးအဓိကရုဏ်းများ မဖြစ်ပွါးအောင် ကာကွယ်စောင့်ရှောက်ရေး။
၎။ အမျိုးသားရေး စိတ်ဓါတ် ရှင်သန် ထက်မြက်ရေး။
၅။ ရခိုင်တမျိုးသားလုံး စာရိတ္တမြင့်မားလာစေရေး။
၆။ ယဉ်ကျေးမှုအမွေအနှစ်များ ထိမ်းသိမ်းစောင့်ရှောက်ရေး။
၇။ ရခိုင်တမျိုးသားလုံး သွေးစည်းညီညွတ်ရေး။

ညီလာခံမှ သတ်မှတ်ပြဋ္ဌာန်းလိုက်သော မူလုပ်ငန်းစဉ်များကို သွက်လက်ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်
အတွက် အောက်ပါ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် (၇) ဦးကိုလည်း ဒီမိုကရေစီနည်းကျ ရွေးချယ်တင်မြှောက်ခဲ့ကြသည်။

၁။ ဆရာတော်ဦးသီဟ (ဥက္ကဋ္ဌ)
၂။ အသျှင်သူရသေန (ဒု ဥက္ကဋ္ဌ)
၃။ အသျှင်ဓနပါလ (အထွေထွေအတွင်းရေးမှူး)
၎။ အသျှင်ဣန္ဒသကျ (ဘဏ္ဍာရေးနှင့် စီမံခန့်ခွဲရေး)
၅။ အသျှင်စန္ဒပါလ (စည်းရုံးရေးနှင့်ပြန်ကြားရေး)
၆။ အသျှင်ဝါရိန္ဒသာရ (လူမှုကူညီ စောင့်ရှောက်ရေး)
၇။ အသျှင်ကုလ၀ံသ (ပြည်တွင်းလုပ်ငန်း)

ဗဟိုအလုပ်အမှုဆောင်အဖွဲ့
ရခိုင်သံဃာ့သမဂ္ဂ

ဆက်သွယ်ရန် - ဆရာတော်ဦးသီဟ (+၆၆) ၀၈၇ ၅၅၇ ၇၀၆၉

No comments :