၁၇ နစ်သား စီးပွားရေးသမား
ကြွက်သေတခုအရင်းပြုဆိုတဲ့မြန်မာ စကားပုံက အမေရိကန် က ၁၇နစ်သား အတွက်မှန်ကန်နေပါတယ်။ သူလုပ်သွားတဲ့စီးပွားရေးက စိတ်ဝင်စားစရာကောင်းတဲ့အတွက် အမေရိကန် ဖေါ့စ်သတင်းဌာနက သူကိုအင်တာဗျူးခဲ့ရတဲ့အထိဖြစ်ပါတယ်။ သူစီးပွားရေးကိုစတင်အရင်းပြုသွားတာကတော့ ကြွက်သေမဟုတ်ပါဘူး။ သူသူငယ်ချင်းတယောက်ကပေးတဲ့ ဆဲဖုန်းအဟောင်းပါ။ ဆဲလ်ဖုံးအဟောင်းက နေစလိုက်တဲ့ သူရဲ့  ၀ယ်ရောင်း စီးပွားရေး က နာမည်ကျော်ပို့ ရှကား ကိုပိုင်ဆိုင်ခဲ့ပါတယ်။ ဆဲလ်ဖုန်းအဟောင်းကိုရောင်းမယ်လို့  သူက Craigslist ( အင်တာနက်စီးပွားရေး ကွန်ယက်) မှာကြေညာလိုက်တယ်။ သူလုပ်သွားပုံ အဆင့်အဆင့် က ဒီလိုပါ။
၁- သူဆဲလ်ဖုန်းအဟောင်းနဲ့  ဆဲဖုန်းနည်းနည်းကောင်းတာနဲ့ သူကလဲလိုက်ပါတယ်။
၂-နည်းနည်းကောင်းတဲ့ဆဲလ်ဖုန်း နဲ့  အိုင်ပေါ့ ကိုလဲလိုက်ပြန်ပါတယ်။
၃- အိုင်ပေါ့ နဲ့  နည်းနည်း ညစ်ပတ်နေတဲ့ စက်ဘီးကိုလဲလိုက်တယ်။
၎- နည်းနည်းညစ်ပတ်နေတဲ့စက်ဘီးနဲ နည်းနည်းကြီးတဲ့စက်ဘီးကိုလဲပြန်ပါတယ်။
၅-နည်းနည်းကြီးတဲ့စက်ဘီးနဲ့  အက်ပဲလ်ကွန်ပြူတာ နဲ လည်းပြန်ပါတယ်။
၆- Apple Computer နဲ့  ၁၉၈၇ မော်ဒဲလ် တိုယိုတာ ( four runner) ကား နဲ့ လည်းပြန်ပါတယ်။
၇- ၁၉၈၇ မော်ဒဲလ် တိုယိုတာ ( four runner) ကား နဲ့  ဂေါက်သီးရိုက်ကာ့း လည်းပြန်ပါတယ်။
၈- ဂေါက်သီးရိုက် ကား နဲ့  တခါ ညစ်ပတ်နေတဲ့ စက်ဘီးအသစ်ကိုလည်းပြန်တယ်။
၉- ညစ်ပတ်နေတဲ့စက်ဘီးအသစ် နဲ့ တခါ မော်တော်ဆိုင်ကယ်နဲ့ လည်ပြန်ပါတယ်။
၁၀- မော်တော်ဆိုင်က နေ Chevy S10 Pick Up ကားနဲ့ လည်းပြန်ပါတယ်။
၁၁- Chevy S10 Pick Up ကားနဲ့ ၂၀၀၄ ဟွန်တာ ကားနဲ့ လည်းပြန်ပါတယ်။
၁၂ ဟွန်ဒါ ၂၀၀၄ မော်ဒဲလ်န့ဲ တခါ Chevy Tahoe ကားနဲ့ လည်းပြန်ပါတယ်။
၁၃- Chevy Tahoe ကားကနေ တခါ ၁၉၇၅ ခုနစ်မော်ဒဲလ် ဖိုဒ် Baronco ကားနဲ့ လည်းပြန်ပါတယ်။
၁၄- ၁၉၇၅ ခုနစ်မော်ဒဲလ် ဖိုဒ် Baronco ကားကနေ နာမည်ကျော် ၂၀၀၀ ပိုရှ် ( Porsche ) ကားနဲ့ လည်းလိုက် ပါတော့တယ်။ သူငယ်ချင်း ပေးတဲ့ ဆဲလ်ဖုန်းအဟောင်း ကနေ စလိုက်တဲ့ ကုန်သွယ်မှုဟာ ပိုရှ်ကားတစီးအထိပိုင်သွားတဲ့ စတိဗ့် ရဲ့  အောင်မြင်မှု တွေဖြစ်ပါကြောင်း။ သူရဲ့ေ၇ာင်း ၀ယ်ဖေါက်ကားမှုဖြစ်စဉ်ကိုကြည့်ရင် အမေရိကန်နိင်ငံ ရဲ့  စီးပွားရေး စနစ်လှည်ပတ်ပုံစနစ်က သူကိုအောင်မြင်သွားစေတာဖြစ်ပါတယ်။ ဒါကတော့
၁- အင်တာနက် ကွန်ယက်ကနေ လူတိုင်းစီးပွားရေးလုပ်နိင်တဲ့ စနစ် ရှိနေခြင်း
၂- ကုန်ပစ္စည်း တခုနှင့်တခု တိုက်ရိုက် လဲလှယ်နိင်ကြခြင်း (Swap ) လိုခြင်သူနဲ့  ပိုနေသူ ရှာဖွေတွေ့ ရှိရန် အလွန်လွယ်တကူတဲ့ စနစ်ရှိနေခြင်း ။
၃- ကုန်ပစ္စည်းတွေဖေါခြင်းသောခြင်း ပေါများခြင်း တို့ ဖြစ်ပါတယ်။
2 comments :
That was not sensible. There will be too many undisclosed info in it. Waste time to read.
ဘယ်လိုကြိုးစားလုပ်ကိုင်တယ်ဆိုတာ မပါပါလား
Post a Comment