Monday 26 July 2010

ကြိုဆိုအပ်တဲ့ အိန္ဒိယ ကား နဲ့ ကွန်ပြူတာ

အိန္ဒိယက ကမ္ဘာ့ဈေးအပေါဆုံးကားကို ထုတ်လုပ်ခဲ့တဲ့အတွက်ကမ္ဘာကျော်လာခဲ့ပြီဖြစ်ပါတယ်။အခုလည်း တကမ္ဘာလုံး အံသြသင့်စေမဲ့ လုပ်ရပ်တခုကို ကြံစည်နေပြီပြီဖြစ်ပါတယ်။ ဒါကတော့ ကမ္ဘာဈေးအပေါဆုံး ကွန်ပြူတာကိုထုတ်လုပ်ဖို့ ကြိုးစားလာခြင်းဖြစ်ပါတယ်။ ကွန်ပြူတာက touch –screen laptop- ကွန်ပြူတာအမျိုးအစားဖြစ်ပြီး တန်ဖိုးအားဖြင့် ၃၅ ဒေါ်လာမျှသာဖြစ်ပါတယ်။

ကွန်ပြူတာတလုံးဟာ ၃၅ ဒေါ်လာဆိုပေမဲ့ ကျောင်းသားတွေအတွက်ဆိုရင် ဒေါ်လာ ၂၀ လောက်နဲ့ ဝယ်နိင်အောင် ၁၅ ဒေါ်လာကို အစိုးရက စိုက်ပေး စနစ် ( Subsidy) ကိုလုပ်ပေးမယ်လို့ ဆိုပါတယ်။

နောက်နှစ်မှာဈေးကွက်ထဲကို စတင်ရောင်းချမယ်။ ထုတ်လုပ်မှုတန်ဖိုးက ၁၀ဒေါ်လာမျှသာကုန်ကြတယ်လို့ဆိုတယ်။ ပရိုဂရမ်းတွေကို အလကားရတဲ့ Linux လို ပရိုဂရမ်ကိုသုံးစွဲမှာဖြစ်ပါတယ်။ ဒီနေ့ကျနော်တို့ သုံးစွဲနေတဲ့ နုတ်ဘုတ်တွေလို အကုန်လုပ်လို့ ရမှာပါ။ ဒီကွန်ပြူတာက အိုင်ပက် ( Ipad) ကို အတုခိုးထားပြီးကိုယ်ပိုင်ဟန်တွေနဲ့ တည်ဆောက်ထားတာ။ အိုင်ပက်လို ဒေါ်လာ ၅၀၀ ကျော် ၇၀၀ နီးပါးမဟုတ်ပဲ ဒေါ်လာ ၃၀ နဲ့ ထွက်လာတော့ အိုင်ပက် ( I pad) ရေအမျှပါပဲလို့ ဆိုခြင်ပါတော့တယ်။

ဒီသတင်းအပေါ်မှာ ကျနော်တို့  အလေးအနက် စဉ်းစားစရာတွေရှိလာတယ်။ ဒါကတော့ တာတာကားနဲ့  အခုတီထွင်လိုက်တဲ့ကွန်ပြူတာ တခုက သယ်ယူပို့ ဆောင်ရေး၊ တခုက ဆယ်သွယ်ရေးနည်းပညာဒီနှစ်ခုစလုံးက လူထု အတွက်အရေးတကြီးလိုအပ်နေတဲ့အရာတွေ၊ ဒီနှစ်ခုစလုံးမရှိပဲနဲ့  တိုင်းပြည်တခုကို ဖွင့်ဖြိုးတိုးတက်အောင် ( Development) ၊ အင်းအားကြီးနိင်ငံ ( Industrialized nation )ဖြစ်အောင်တည်ဆောက်လို့ မရပါဘူး။


တကယ်ဆိုရင်အိန္ဒိယဟာအနုမြူလက်နက်ပိုင်နိင်ငံတခုဖြစ်နေတာကြာပါပြီ ။ ဒါပေမဲ့ဒီအနုမြူ လက်နက်က အိန္ဒယကို စက်မှုနိင်ငံအဖြစ်အသိမှတ်ပြုဖို့  လူတွေရဲ့ နေထိုင်မှု ဘ၀တွေတိုးတက်လာစေဖို့ အတွက် အာမခံချက်မပေးခဲ့ဘူးဆိုတာကတော့ လွန်ခဲ့တဲ့နှစ်ပေါင်း ၂၀ ကျော်အတိတ်က ဖြစ်ရပ်တွေက သက်သေခံခဲ့ပြီးဖြစ်ပါတယ်။ ကမ္ဘာအရေးအခင်းတွေမှာ အိန္ဒိယဟာ တရုပ်နဲ့ ဂျပန်လောက် ရှေ့ တန်း မရောက်လာနိင်ခဲ့သေးဘူးဖြစ်နေပါတယ်။



လွတ်လပ်ရေးရပြီးကတည်းက အိန္ဒိယနိင်ငံရဲ့ မူဝါဒ ကို ချမှတ်ခဲ့တဲ့ခေါင်းဆောင်တွေက သူတို့ နိင်ငံကို လုံခြုံရေးအလေးကဲ ၊ ယဉ်ကျေးမှုနဲ့ ဘာသာရေး ဇောင်းပေး ၊ စီးပွာရေးမှာ ဗဟိုချုပ်ကိုင်မှု ( Planted Economy) နိင်ငံအဖြစ်နဲ့ ပုံဖေါ်ခဲ့ပြီး စက်မှုဖွင့်ဖြိုးရေး၊နဲ့  လူ့ အခွင့်ရေး ၊ပုဂလိကအခွင့်အရေး၊ ဈေးကွက်စီးပွားရေးစနစ် တိုးတက်ရေး နိင်ငံအဖြစ် ဇောင်းပေးမစဉ်းစားခဲ့ကြလို့ ဖြစ်ပါတယ်။

ထူးဆန်းတာကတော့ကမ္ဘာမှာ စီးပွားရေးပညာရှင်အကျော်အမော်တွေအတွက်များလှတဲ့အိန္ဒိယနိင်ငံဟာ စီးပွားရေးမှာ အတော့ကို နောက်ကျနေရတဲ့ဘ၀ပါ။ ဘာဖြစ်လို့ လည်းဆိုတော့ဒီပညာရှင်တွေဟာသူတို့ လေ့လာတွေ့ ရှိချက်တွေ၊ အသိပညာတွေကို အိန္ဒိယကို ပြန်လည်တည်ဆောက်ရေးမှာ သူတို့ ပညာတွေ အသုံးချခွင့်အပြည့်အ၀မရကြပါဘူး။

ဒီတော့သူတို့ အတွက်လေ့ကျင့်ကွင်းရှိနေတဲ့ အမေရိကန်ကိုအများဆုံးထွက်လာကြတယ်။ အမေရိကန်တက္ကသိုလ်ကြီးတွေရဲ့  စီးပွာရေးတက္ကသိုလ်တွေမှာ ပါမေက္ခတွေအဖြစ်ခန်းနားထယ်ဝါစွာသူတို့ နေရာယူနိင်ခဲ့ကြပါတယ်။ တကယ်တော့ဒါဟာ အိန္ဒိယအတွက် ဆုံးရှုံးမှုတွေဖြစ်ပါတယ်။ နိင်ငံရေးသမားတွေရဲ့ စမ်းတ၀ါးဝါး စီးပွားရေး စနစ်အောက်မှာ အိန္ဒိယ ဟာ တိုးတက်သင့်သလောက်တိုးတက်ခွင့်မရဖြစ်နေတာပါ။

ဒါပေမဲ့လွန်ခဲ့တဲ့ အနစ် ၁၅ ခန့် က ဘီဂျေပီပါတီ့  စီးပွားရေးပြုပြင်ပြောင်းလဲမှုတွေကိုစတင်ဆောင်ရွက်ပေးလာတဲ့နောက်ပိုင်းမှာ အိန္ဒိယခေါင်းဆောင်တွေ တဖြေးဖြေးနဲ့  နိင်ငံလုံးဆိုင်ရာ ပြောင်းလဲမှုဖြစ်စဉ် ( Globalization) ထဲကိုလည်း တစတစ ယုံကြည်လာကြတာလည်းတွေ့ နေရပါတယ်။



ဒါပေမဲ့ တာတာကုမဏီလို ၊ တဟုန်တိုးတက်လာတဲ့ ကွန်ပြူနာနည်းပညာတွေလို မျိုးကြတော့ နိင်ငံရေးခေါင်းဆောင်တွေရဲ့  ချုပ်ကိုင်မှုအောက်က လွပ်လပ်မှုကိုဖေါက်ထွင်းယူလာနိင်ကြတဲ့အတွက် အိန္ဒိယရဲ့ တိုးတက်မှုရောင်နီပျို လာတာကို ကျနော်တို့ စတင်မြင်တွေလာတာဖြစ်ပါတယ်။



ကျနောရဲ့ နိင်ငံရေးယုံကြည်ချက်တော့ နိင်ငံတခုဟာ အနုမြူဗုံးကိုထုတ်လုပ်နိင်တာထက် နိင်ငံတခုမှာ ကားတွေ ကိုကိုယ်ပိုင်ထုတ်နိင်ဖို့ အရေးကြီးတယ်။ ကွန်ပြူတာလို ဆက်သွယ်ရေး နည်းပညာတွေထုတ်လုပ်နိင်တာက အရေးကြီးတယ်လို့ မြင်ပါတယ်။ ကားတွေနဲ့  ကွန်ပြူတာတွေကိုမထုတ်လုပ်နိင်ရင် နိင်ငံတွေဟာဆင်းရဲ မှုက နေ လွတ်မြောက်နိင်မှာမဟုတ်ပါဘူး။

ဘာဖြစ်လို့ ကားတွေထုတ်လုပ်ဖို့ လိုနေပါသလဲ

၁- ကားတွေကိုထုတ်လုပ်ခြင်းဖြင့် အလုပ်သမားပြသာနာကိုဖြေရှင်းပေးနိင်တယ်။

( အနုမြုဗုံးနဲ့ ဒုံးအင်ဂျင်တွေကအလုပ်သမားပြသနာကိုမဖြေရှင်းပေးနိင်ဘူး။ ကျွမ်းကျင်တဲ့အလုပ်သမား တွေပဲသုံးရလို့ ဖြစ်တယ်။ )

၂- ကားအဂျင်လို သံမဏီကိုထုတ်လုပ်လာနိင်တဲ့အတွက်နိင်ငံအတွက်တခြားစက်မှုကရိယာတွေကိုထုတ်လုပ်လာနိင်တယ်။

၃- ကိုယ်တိုင်းပြည်ထုတ် ကားတွေ၊ ကွန်ပြူတာတွေ၊ ကို ပြည်တွင်းမှာဈေးပေါပေါနဲ့  ဖြန့် ဖြူးခြင်းအား ဆက်သွယ်ရေးကောင်းလာတယ်။ ပြည်တွင်းဈေးကွက်ခိုင်မာလာတယ်။ နိင်ငံတကာကုန်သွယ်ရေး ( International Trade) ကိုအလွန်အမင်းမှီခိုနေရတဲ့အဆင့်ကနေလွတ်မြောက်လာတယ်။

လူနေမှုအဆင့်အတန်းတွေမြင့်မာလာနိင်တယ်။

၎- ဈေးပေါတဲ့ကွန်ပြူတာကိုလူတိုင်းသုံးနိင်လေ လူထုအတွက်သတင်းအချက်အလက်တွေ ပိုမိုရရှိလာနိင်လေဖြစ်တယ်။ သတင်းအချက်အလက်တွေပိုမိုရရှိလာနိင်တာနဲ့ အမျှ လူထုရဲ့  ပညာရေး နဲ့  ကိုယ်ဘာသာကိုယ်သင်ယူရေး ( Self-leaning Process) ကြီးမားလာလေဖြစ်တယ်။ ဒါက နိင်ငံတော်အတွက် လူသားအရင်းမြစ် ဖွင့်ဖြိုးမှု ( Human Development) ကို အာမခံချက်ပေးလာနိင်တယ်။ ဒါဟာ လူတဦးအတွက်ရော၊ နိင်ငံတော်အတွက်ပါကောင်းတယ်။ တကယ်တော့ နိင်ငံတော်နဲ့ အန်ဂျီအိုတွေက လုပ်နေတဲ့ လူသားအရင်းမြစ်ဖွင့်ဖြိုးရေးစီမံကိန်း တွေဆိုတာသိပ်ထိရောက်လှတာတော့မဟုတ်ပါဘူး။ လူတိုင်းကွန်ပြူတာပိုင်လာတာက လူသားအရင်းမြစ်ဖွင့်ဖြိုးရေးအတွက် အထောက်ကူပြုနိင်ဆုံးနည်းလမ်းကောင်းတခုဖြစ်နေပါတယ်။ ဘာဖြစ်လို့ လည်းဆိုတော့ လူတယောက်က သူလေ့လာခြင်နေတဲ့ ပညာတွေ သတင်းအချက်အလက်တွေကို ကွန်ပြူတာအင်တာနက်ကွန်ယက်တွေကနေ ရှာဖွေလာနိင်လို့ဖြစ်ပါတယ်။ ကုန်ထုတ်လှုပ်မှုစွမ်းအား တိုးတက်လာနိင်တယ်။

မြန်မာ ပြည်မှာရာ၊ တလောက ဗိုလ်မှုး စိုင်းသိန်းဝင်း ရဲ့  အဆိုအရ နအဖ စစ်အစိုးရက ဂျာမဏီကနေ CNG အမျိုးစား တွင်ခုံတွေကို ၀ယ်ယူခဲ့ကြတယ်။ နယူးကလီးယား စီမံကိန်းအတွက်ပါ။ တကယ်က ဒီလို စက်တွေဟာ အကောင်စားအင်ဂျင်စက်တွေ၊မီးစက်တွေ၊ ဆေးရုံးသုံးကရိယာတွေကို ခုတ်လို့ ရတဲ့ စက်တွေပါ။ ဒီလို အကောင်းစားတန်ဖိုးရှိတဲ့စက်တွေကို စီးပွားရေး၊ပညာရေး၊နဲ့ ကျမ္မာရေးဖွင့်ဖြိုးမှုမှာမသုံးပဲ အနုမြူဗုံးထုတ်လုပ်ရေးမှာသုံးစွဲနေ တာကတော့ လမ်းမှားကိုသက်သက်လျောက်နေတာပါ။ လွန်ခဲ့တဲ့နှစ်ပေါင်း ၅၀ ကျော်က အိန္ဒယလိုအမှားတွေကိုမလုပ်ပဲ လူထုသုံးပစ္စညတွေထုတ်လုပ်တာက နတ်လူသာဓုခေါ်စရာမဖြစ်ပေဘူးလား။


1 comment :

Anonymous said...

မြန်မာ ပြည်မှာရာ၊ တလောက ဗိုလ်မှုး စိုင်းသိန်းဝင်း ရဲ့  အဆိုအရ နအဖ စစ်အစိုးရက ဂျာမဏီကနေ CNG အမျိုးစား တွင်ခုံတွေကို ၀ယ်ယူခဲ့ကြတယ်။ နယူးကလီးယား စီမံကိန်းအတွက်ပါ။

CNC (Computerized Numerical Control) စက်တွေလို့ ဆိုလိုချင်တာ ဖြစ်မယ် ထင်ပါတယ်။ တွင်ခုံထဲမှာ CNG အမျိုးအစားရယ်လို့ မကြားဖူးသေးပါ။