Thursday 29 July 2010

သန်းရွှေ ရဲ့  အိန္ဒိယခရီးစဉ် (ဟာသ)

သန်းရွှေ ရဲ့  အိန္ဒိယခရီးစဉ် (ဟာသ)

သကြားမင်းကြီး- ‘’ ဟဲ့ မာတလိ ပေါတာကြီးသန်းရွှေ အိန္ဒိယကိုဘာသွားလုပ်တာလဲကွ။ ဒီကောင်ကြီး အပြင်ထွက်ခဲတယ်ကွ။

မာတလိ- သံတမန် ရပ်ကွက်ကရတဲ့သတင်းတွေအရ လန်ချား အစီးရေ သန်း၂၀ ၀ယ်ယူဖို့ စာအချုပ်သွားချုပ်တာလို့ သိရတယ် ဘော့စ်။ ‘’

သကြားမင်းကြီး- ‘’ ဟေ့ ဟုတ်လားကွ ၊ ဒီခေတ်ကြီး ကျမှ လန်ချားပြန်စီးဦးမယ် ‘’

မာတလိ- ‘’လန်ချားတွေကို မြန်မာပြည်မှာ ပြေးဆွဲခြင်းအားဖြင့် လောင်စာ မလိုဘူး။

သယ်ယူပို့ဆောင်ရေးကောင်းလာမယ်။သဘ၀ပတ်ဝန်းကျင်ကိုလည်းမထိခိုက်ဘူးလို့  သူတို့ မဟာဗျူဟာအစည်းဝေးမှာ ဆုံးဖြတ်ထားတယ်။ ဒါကြောင့် အိန္ဒယက လန်ချားတွေရှိသမျှအကုန်ယူမယ်ဆိုပြီး ပေါတာကြီး ကမန်းကတန်း စာချုပ်သွားချုပ်တာလို့ သိရတယ်။ အိန္ဒိယမှာ လူတိုင်း တာတာကားကိုစီးကုန်ပြီ ။ လန်ချား ကိုဘယ်သူမှမစီးတော့ဘူး ဘော့စ်။ ‘’

သကြားမင်းကြီး - ‘’ အို …. မိုင် ….. ဂေါ။ ‘’

မာတလိ- ‘’ မဂေါ့ နဲ့  ဦး ဘော့စ် ။ ၂၀၁၀ ရွေးကောက်ပွဲ မှာ လူတိုင်း မဲရုံကိုလာနိင်အောင် ဒီ လန်ချား တွေ နဲ့  အိမ်တိုင်ရာရောက်လာခေါ်မယ် လို့ သိရပါတယ် ဖရာ့။ ‘’

သကြားမင်းကြီး -- ( ပထမအကြိမ်ထက်ကျယ်လောင်စွာဖြင့် ) ‘’ အို …. မိုင်… ဂေါ့။’’

1 comment :

ကန့်ကေ် said...

ရယ်ရတယ် ဗြဲ :D ...