Thursday 29 July 2010

RFA က ၂၀၁၀ ရွေးကောက်ပွဲအတွက် ပွဲစားလုပ်ပြီလား

 ခိုင်အောင်ကျော်




RFA

အသံလွှင့်ဌါန

အကြောင်းအရာ။ ၂၀၁၀ ခုနှစ် ဇူလိုင်လ ၂၉ ရက်နေ့ ကြာသပတေးနေ့ မနက်ပိုင်းအစီအစဉ်မှာ ဦးဘအောင်စီစဉ်ထုတ်လွှင့်ခဲ့တဲ့ ကိုမျိုးရန်နောင်သိမ်းရဲ့  ဆောင်းပါးနဲ့ ပါတ်သက်လို့ နောက်နောင် ယခုလို ဆောင်းပါးမျိုး မထုတ်လွှင့်ရန် အကြောင်းကြားကန့်ကွက်စာ ပေးပို့ခြင်း။



လေးစားစွာဖြင့် ။ ။ ကျွန်တော်တို့ဟာ ဒီမိုကရေစီအင်အားစုတြွေ
ဖစ်သလို ဒီမိုကရေစီအရေးနှင့် ပါတ်သက်လို့ ပေါ်ပေါက်လာတဲ့ RFA အသံလွှင့်ဌါရဲ့ သတင်းလွှင့်ထုတ်ချက်များကိုလဲ အစဉ်သဖြင
့်နားထောင်ခဲ့သူ

ဖြစ်ပါတယ်။ အထူးသဖြင့် RFA ပေါ်ကာစ မိနစ် ၃၀ စီနဲ့ လွှင့်တဲ့အ
ချိန်ကာလတုံးမှာ ကျွန်တော်ဟာ မိမိရဲ့အသက်အိုးအိမ်ကို မစဥ
်းစားမငဲ့ကွက်ဘဲ ပြည်တွင်းကနေပြီး ဆောင်းပါးတွေရေးပို့ခဲ
့ပါတယ်။  အဲဒီဆောင်းပါးတွေကို အပါတ်စဉ် သောကြာနေ့တိုင်း မှာ လွှင့်ထုတ်ခဲ့ပါတယ်။ အဲဒီလိုဆောင်းပါးရေးကောင်းမူကြောင့် စစ်အစိုးရက ဖမ်းဆီးဖို့လုပ်လို့ ထွက်ပြေးခဲ့ရသူလဲ ဖြစ် ပါတ
ယ်။  မနေ့က ကြာသပတေးမနက်ပိုင်းအချိန်မှာ ကိုမျိုးရန်ေ နာင
်သိမ်းရဲ့ ဆောင်းပါးကို နားထောင်လိုက်ရတော့ တခုခု မှား နြေ
ပီလို့ သိလိုက်ရပါတယ်။ ဘာဖြစ်လို့လဲဆိုရင် ဒေါ်အောင
်န်းဆုကြည်က

၂၀၁၀ ရွေးကောက်ပွဲမှာ ပြည်သူတွေကို မဲမပေးရင်လဲ ရပါတယ်လို့ ပြောဆိုလိုက်ပါတယ်။ ဒါကို ကျွန်တော်တို့က မဲမပေးရေးကမ်
ပိမ်းလုပ်နေကြပါတယ်။ ဦးဝင်းတင်ကလဲ သပိတ်မှောက်ကြတော့လို့
 ပြောဆိုလိုက်ပါပြီ။ တချိန်တည်းမှာဘဲ ကျွန်တော်တို့ဟာ ဘလော့တွေ ၀ပ်ဆိုက်တွေမှာ ၂၀၁၀ ရွေးကောက်ပွဲကို သပိတ်မှောက်ကြောင်း ဆောင်းပါးတွေ ရေးသားနေသူဖြစ်ပါတယ်။ ဒီတော့ကာ ကျွန်တော်တို့ရဲ့  ဘလော့ကပြောတဲ့အသံတွေ ၊ ၀ပ်ဆိုက်ကပြောတဲ့အသံတွေကို မသုံးဘဲ အခုလို ၂၀၁၀ ရွေးကောက
်ပွဲကို မဲပေးဖို့အရေးနဲ့ မဲဆွယ်ပေးနေတဲ့ အသံလွှင့်ခ
ျက်မျိုးကို ထုတ်လွှင့်နေတာဟာ ကျွန်တော်တို့တင်မက ရွေးကောက်ပွဲမှာ မဲမပေးလို့ရတယ်ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုလဲ စော်ကားရာရောက်သွားပါတယ်။

မေလ ၂၉ ရက်နေ့မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က နိုင်ငံရေးပါတီအဖြစ် မှတ်ပုံမတင်ခဲ့တဲ့အခါမှာ ကော်မီတီဝင်တိုင်းက သဘောတူဆုံးဖြတ်ချက်ချမှတ်ချကြပါတယ်။ ဒါကို အဲဒီကော်မီတီဝင် တွေကဘဲ ပါတိသစ်ထူသွားတာကို သစ္စာဖေါက်လို့ မခေါ်သင့်ဘူးဆိုပြီး အသံလွှင့်သွားပါသေးတယ်။ ကျွန်တော်တို့ကတော့ သစ္စာဖေါက်တင်မက ပြည်သူ့တရားခုံရုံးမှာ စွဲချက်တင်ရမဲ့ ဒီမိုကရေစီပျက်ရယူများ

အနေနဲ့ ဒီမိုကရေစီနိုင်ငံတော်သစ်ထူထောင်ချိန်မှာ တရားစွဲဆိုခွင့် တောင်းဆိုသွားမှာပါ။ RFA ဌါနဟာ ဘာဘဲဖြစ်ဖြစ် မည်သည့်နည်းနှင့်မျှ ရွေးကောက်ပွဲမှာ မဲပေးရေးအတွက် မဲဆွယ်ဖို့ ပေးထားတဲ့ အသံလွှင့်ဌါနတခုအဖြစ် မပြုလုပ်သင့်ကြောင်း ပြောကြားလိုပါတယ်။ ဒါဟာ ကျွန်တော်

တို့ရဲ့  မေတ္တာရပ်ခံချက်ဖြစ်သလို ကန့်ကွက်စာလဲဖြစ်ပါတယ်။ အခုလို ၂၀၁၀ ရွေးကောက်ပွဲကို သပိတ်မှောက်နေတဲ့ ကျွန်တော်တို့ရဲ့  နိုင်ငံတကာရောက် ဒီမိုကရေစီအင်
အားစုတွေကြားမှာ ရွေးကောက်ပွဲ

မဲဆွယ်ရေးနဲ့ ရွေးကောက်ပွဲအထမြောက်ရေးအတွက် အခုလိုအသံလွှင
့်ပေးတာဟာ ရက်စက်ရာကျနေပါတယ်။  ဦးသုဝေတို့ ထိုင်းနိ
ုင်ငံကိုလာပြီးမဲဆွယ်စည်းရုံးစဉ်က ကျွန်တော်တို့ဟာ ထိုင်းနိုင်ငံထုတ်ဂျာနယ်မှာ ၂၀၁၀ ရွေးကောက်ပွဲအတွက် ပွဲစားတွေ လေလံတင်ဖို့လာနေကြပြီ ဆိုတဲ့ ဆောင်းပါးတွေနဲ့

လှောင်ပြောင်သရော် ဝေဖန်ရေးသား ထားပါတယ်။ အဲဒီဆောင်းပါးကို ကျွန်တော်ရေးသားခဲ့တာပါ။ ကျွန်တော်ပြောချင်တာက ၂၀၁၀ ရွေးကောက်ပွဲ့ ပါတ်သက်လို့ အသံလွှင့်ချင်ရင် ဘလော့တွေ ၀ပ်ဆိုက်တွေကိုကြည့်လိုက်လို့ရှိရင် ကမ္ဘာကြီးတခုလုံးကို ရောက်နေတဲ့ ဆောင်းပါးရှင်တွေ ဘလော့ဂါတွေရဲ့ တန်ဖိုးဖြတ်မရတဲ့ ဆောင်းပါးများစွာ ရှိပါတယ်။ ကွန်ပြူတာကို ခလုပ်ကလေးတချက်နှိပလိုက်တာနဲ့ ဆောင်းပါး

ပေါင်းများစွာကို ကမ္ဘာမြေကုန်သရွေ့ လွှင့်လို့ ရပါတယ်။
ဘာဘဲပြောပြော ကျွန်တော်တို့ဟာ ၂၀၁၀ ရွေးကောက်ပွဲကို သပိတ်မှောက်ကြသူများဖြစ်တယ်။ ၂၀၁၀ ရွေးကောက်ပွဲကို ဖျက်ဆီးစေဖို့ ပျက်စီးမဲ့နည်းလမ်းတွေကို နည်းလမ်းပေ
ါင်းများစွာနဲ့  အသုံးပြု နေသူများဖြစ်တယ်။ မဲမပေးရေး တအိမ်တက်ဆင်း ပြောကြားရေးနည်းလမ်းတွေကို သုံးနေကြသူများဖြစ်တယ်။ ဒါဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲရလာဒ်ကို

အကောင်အထည်ဖေါ် ဆောင်စေလိုလို့ ဖြစ်တယ်။ စစ်အစိုးရဟာ ၁၉၉၀ ခုနှစ်မှာ ရွေးကောက်ပွဲ့ကို ပထမတကြိမ် ပြုလုပ်ခဲ့ပြီပြီ။ ရွေးကောက်ပွဲကတိ မတည်ဘဲ အာဏာကို ဆုပ်ကိုင်ထားတယ်။

အခုတချိန်မှာလဲ ရွေးကောက်ပွဲကို လုပ်လာနေဖို့ ကြိုးစားနေပြီ။ နှစ်ကြိမ်လုပ်မဲ့ ရွေးကောက်ပွဲကို ကတိမတည်တာနဲ့ ပါတ်သက်လို့ ကျွန်တော်တို့ မယုံကြည်ဘူး။

ဒီရွေးကောက်ပွဲဟာ စစ်အစိုးရကို သက်ဆိုးရှည်ဖို့ ဖြစ်တယ်။ ဒါကို ကျွန်တော်တို့ ဆန့်ကျင်တယ်။ ကျွန်တော်တို့က ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲကို လက်ခံတဲ့လူဖြစ်တယ်။ ၂၀၁၀ ရွေးကောက်ပွဲကို

သပိတ်မှောက်သူများဖြစ်တယ်။ ဒီရွေးကောက်ပွဲနဲ့ ပါတ်သက်လို့ ဘယ်သူ့ကိုမှ ကျွန်တော်တို့ရှေ့မှာ လူလိုသူလိုဆက်ဆံ
ပြောဆိုတာ လက်မခံဘူး။ သူတို့ရဲ့ ရွေးကောက်ပွဲ့နဲ့ ပါတ်သက်လို့ ပြောတဲ့ သူဟာ

ကျွန်တော်တို့ရဲ့ ရန်သူများဖြစ်တယ်။ ဒီမိုကရေစီသစ္စာဖေါက်များရဲ့ စည်းရုံးပြောဆိုသံများကိုလဲ ကျွန်တော်တို့ မကြားချင်ဘူး။ ရန်သူရဲ့ရန်သူဟာ မိတ်ဆွေဖြစ်တယ်ဆိုတာ နားလည်ဖို့လိုပါတယ်။

ဒါ့ကြောင့် RFA မှ နောက်နောင်ကို ၂၀၁၀ ရွေးကောက်ပွဲအတွက် ပါတီစည်းရုံးရေးနည်းလမ်းတွေ။ မဲဆွယ်စည်းရုံးရေးနည်းလမ်းတွေကို အောက်လမ်းနည်းနဲ့ အသုံးချခြင်းများအား အသုံးပြုခွင့်မပေးမိ

စေရန် အထူးသတိပေးအကြောင်းကြား ကန့်ကွက်စာ ရေးသားပေးပို့လိုက်ရပြီး မျိုးရန်နောင်သိမ်းရဲ့ ဆောင်းပါးများကို ဆဆက်လက်ပြီး လုံးဝ မလွှင့်ပေးပါရန် အကြောင်းကြားစာ ပေးပို့လိုက်ရပါတယ်။



ခိုင်အောင်ကျော်

နိုင်ငံရေးပေါ်လီစီဒါရိုက်တာ

နိုင်ငံတကာမြန်မာအမျိုးသားများဖေါင်းဒေးရှင်းကွန်ဂရက် ( I F B N C )

နယူးယောက်

အမေရိကန်နိုင်ငံ

10 comments :

Anonymous said...

"ကျွန်တော်တို့ကတော့ သစ္စာဖေါက်တင်မက ပြည်သူ့တရားခုံရုံးမှာ စွဲချက်တင်ရမဲ့ ဒီမိုကရေစီပျက်ရယူများအနေနဲ့ ဒီမိုကရေစီနိုင်ငံတော်သစ်ထူထောင်ချိန်မှာ တရားစွဲဆိုခွင့် တောင်းဆိုသွားမှာပါ"

အထက်ပါစကားစုကတော့ တရားလွန်ပါတယ်ဦးခိုင်အောင်ကျော်...ဒီလူတွေဟာအများကြီးပေးဆပ်ခဲ့တဲ့သူတွေပါ၊ ဒီ Web Site တင်တဲ့ ကိုမိုးသီးကလဲပြောဘူးပါတယ်၊သူ့အနေနဲ့ သဘောမတူပေမယ့် NDF ထောင်တဲ့သူတွေရဲ့ဆုံးဖြတ်ချက်ကို လေးစားရမှာပါတဲ့

လူကြီးဆန်ပါဦးခိုင်အောင်ကျော်၊ ငါနဲ့မတူ ငါ့ရန်သူ မလုပ်ပါနဲ့၊ ဒီလူတွေဟာ သူတို့ယုံကြည်တာကို လုပ်ခဲ့ကြတာပါ၊ ရန်သူနဲ့ပေါင်းစားနေတာလဲ မဟုတ်ပါဘူး၊

ဦးလေးရေးတာတွေဖတ်ဖူးပါတယ်၊ သိပ်တက်ကြွနေရင် အပြင်ကနေ မအော်ပါနဲ့
အထဲကိုပြန်ဝင်လုပ်ပါလို့ အကြံပြုပါရစေ။

လွတ်လပ်နယ်မြေမှာ လွတ်လပ်စွာနေထိုင်စားသောက်နေပြီး လွတ်လပ်စွာ အော်နေတာကိုတော့ ကျနော်လေးစားပါတယ်။

Anonymous said...

RFA က ပွဲစားလုပ်မှာပေါ့။ RFA တို့ BBC တို့ ဆိုလို့ ဒီမိုကရေစီ ဘက်တော်သားတွေလို့ တော့ ပုံအော မယုံလိုက်လေနဲ့ ။ RFA နဲ့ BBC တွေမှာ မဆလ အဆက်တွေ၊ စစ်တပ် အဆက်တွေ အလုပ်ဝင်လုပ်ပြီး နေရာကောင်းယူ၊ အခွင့်ထူးခံနေကြတာ။

မျိုးရန်နောင်သိန်း ကကော ဘာသမိုင်းကြောင်းရှိလို့ လဲ။ ထောင်နှစ်ခါကျတာမှာ နအဖ လူဖြစ်သွားတာလား။ မျိုးရန်နောင်သိန်း နဲ့ မျိုးသိန်း (BDC) တို့ တွေက မဆလ ကောင်စီဝင် ရဲ့ သားတွေပဲ။ အခုတော့ ဇာတိပြပြီပေါ့။ တစ်ယောက်တစ်မျိုး လုပ်စားနေကြတာ။ အံ့ပါရဲ့။

Anonymous said...

Finally, someone against the free speech who (may be) believes in free speech. As a matter of fact, he may against the debate who probably believes in the debate. Wow. May I say more! , He may against the democracy who probably believes in the democracy. In fact, most of so called politicians (for/against Na Ah Pha) are doing good for their personal benefits not our country Burma. What’s a shame for 20+ years no improvement revolution? All are selfish together. Don’t point to other people. Idiot!

Anonymous said...

အေးဗျာ comment ရေးလို့မရတော့လဲ ဖုန်းဆက်ပြီးပြောတာပေါ့.သူ့ဖုန်းသိပါတယ်
၃၄၇-၃၂၉-၀၆၁၇

Anonymous said...

Comment ရေးလို့မရတော့လဲ ဖုန်းဆက်ပြောရုံပဲရှိတာပေါ့......ခင်ဗျားတို့လဲ နအဖ နဲ့သိပ်မကွာပါဘူး...ဘာမှမထူးတာပါ

Anonymous said...

Friends please read the article "Burma: We Love Myo Yan Naung Thein". For not informed friends; Myo Yan Naung Thein is one of the founding leader of 88-Generation Students Group Inside Burma who spear-headed the 1988 Mass Uprising, 1996 Students' Demonstrations and 2007 Saffron Revolution. He was arrested, tortured and spent many years in prisons. Khine Aung Kyaw's article is not credible. http://www.scribd.com/doc/35164549/Burma-We-Love-Myo-Yan-Naung-Thein

ko maung said...

ရခိုင်ကတော့အချင်းချင်းသွေးခွဲစကားဘဲပြောမှာပေါ့
သိတဲ့အတိုင်းရခိုင်လေ..ဘယ်ဗမာကိုရခိုင်ကကောင်းတယ်
ပြောဘူးလည်းဒေါ်စုကိုတောင်မကောင်းတတ်လို့အကောင်း
ပြောနေတာအခွင့်အရေးရတာနဲဇာတိပြမှာ

Anonymous said...

Ko myo yan naung thein is very brave and intelligent guy.

Anonymous said...

There must be a clear divide and a boundary between the friends and the foes. Whoever supports the junta's election are enemies of democracy.NDF founders and members are shameless traitors betraying the revolution against dictatorship, ignoring the people's genuine will and insulting 1990 election result which is the outcome of 1988 uprisings when hundreds of thousands of people sacrificed their lives. And it is a shame that people talking about Myo Yan Naung Thein as a 'founding member of 88 generation students'. Shame on them. MYNT once sentenced following 1996 protests and he is not a 88 generation student. Everyone knows about it. He was arrested again in 2007 protests because of his connections with his brother Myo Thein (BDC) who was then working for Burma Campaign UK. Myo Thein (BDC) is praising his brother following this scandal. Then, is he ready to echo his brother's support for junta's election. Praising brother is supporting his view. If BDC is ready to change their campaign of anti-2010 election, go on. The history is history. The history never give a chance to liars! There are lost of brothers, sisters and family members working on different sides. But Myo Yan Naung Thein and Myo Thein is somewhat strange. What is their stance? Simply taking advantages on different ways? Liars of Chinese origins, could not get rid of Chinese money-making traits.

Anonymous said...

မျိုးရန်နောင်သိန်း နှင့် မျိုးထိုက်တန်သိန်း ခေါ် မျိုးသိန်း (BDC)တို့ဟာ မဆလ ပါတီ လှည်းတန်းမြို့နယ် ယူနစ်ကော်မိတီငင် ဦးမြသိန်း(ကွယ်လွန်) ၏ သားဖြစ်ပါတယ်။ စစ်အာဏာသိမ်းပြီးနောက် သူ့ ဖခင် ဦးမြသိန်းတို့ကို စစ်အစိုးရ က လုပ်ငန်းလိုင်စင်များချပေးကာ စီးပွားဖြစ်လာကြသူများဖြစ်ပါတယ်။ ကျောင်းသားခေါင်းဆောင်ဟောင်း ဦးလှရွှေ( ၁၉၆၂) ကို ၄င်း အကျဉ်းထောင်ထဲတုန်းက မိုက်ရိုင်းစွာဆဲဆိုခဲ့သူ လဲဖြစ်ပါတယ်။ စိတ်ပုံမှန်မဟုတ်သူ ဖြစ်ပြီး ကျန်နိုင်ငံရေး အကျဉ်းသား အားလုံးလိုလိုကို အမြဲရန်လိုနေသူတစ်ဦးလဲ ဖြစ်တယ်။ ယခုထောင်က မလွတ်ခင်မှာ “ ဖခင်ဗိုလ်ချုပ်မှူးကြီးသန်းရွှေ လိပ်မူတပ်ပြီး အသားနားခံစာတင်ခဲ့သူဖြစ်သလို ထိုစာထဲတွင် ဒီမိုကရေစီအင်အားစုများကို စံနစ်တကျ ချေမှုန်းပေးပါမည်ဟု ကတိပေးစကားရေးသားထားခဲ့ဖူးပါတယ်။ စာပါအကြောင်းအရာများကို “ တင်ဆန်း၊ ထွန်းကြည်” တို့ နှစ်ဦး ကောင်းကောင်း သိကြပါကြောင်း သတင်းပေးလိုက်ရပါတယ်။ တစ်ချိန်က ရန်နောင် မင်းရဲ့သူငယ်ချင် ရဲမော်