Thursday, 8 July 2010

လူထု အစိုးရ တရပ်ဖွဲ့ စည်း နိင်အောင်ကြိုးပန်းခြင်း

၂၀၁၀ ရွေးကောက်ပွဲမတိုင်ခင် အစိုးရဖွဲ့စည်းရန် အထူးသံကိုယ်စားလှယ်များ ပါဝင်သော အစိုးရဖွဲ့စည်းရေးဖြစ်မြောက်မူကော်မီတီ ဖွဲ့စည်းမှသာလျှင်

မြန်မာ့နိုင်ငံရေးပြသနာကို ဒီမိုကရေစီအတိုက်အခံများက တော်တော်ကြီး နားလည်ကြပါသည်။ သို့အတူ နိုင်ငံတကာမှ သမတတွေ အစိုးရတွေက ပိုသိကြသည်။ နောက်ဆုံးမှာ လုံခြုံရေးကောင်စီထိတိုင် ရောက်သွားပြီ ။ ဗီတိုအာဏာဖြင့် ပယ်ချသောကြောင့် တရုပ်နှင့် ရုရှားနှစ်နိုင်ငံစလုံးအကြောင်းကိုလည်း နောကြေနေကြပါပြီ။ ထို့ကြောင့် နိုင်ငံတကာဖိအားများကို လုပ်စရာမလိုတော့ပြီဟု တချို့ က ယေဘူယျ သတ်မှတ်ကြပါသည်။ ပြည်တွင်းမှ ပြသနာများကို ပြည်တွင်းမှပင် ရှင်းကြရန်လိုသည်ဟု သိနားလည်ကြသေးသည်။ စင်စစ်ပြည်သူ့အားသည် ပြည်တွင်းမှာပင် ရှိသည်ဟု ဆိုကြပါသည်။

ကျွန်တော်တို့သည် နိုင်ငံတကာအပြင်တွင် ရောက်ရှိနေထိုင်ကြပါသည်။ အဖွဲ့အစည်းတွေ ဖွဲ့စည်းပြီး လှုပ်ရှားကြပြီးပါပြီ။ တချို့ မှာ စင်ပြိုင်အစိုးရဖွဲ့စည်းပြီး လှုပ်ရှားကြပါသည်။ တချို့ က ကုလသမဂ္ဂမှ ဖယ်ရှားရန် စစ်အစိုးရကို နှင်ထုတ်နိုင်ရန် ကြိုးစားကြပြီးပါပြီ။ နောက်ဆုံးမှာ နိုင်ငံတကာစစ်ရာဇ၀တ်ရုံးမှာ စစ်ရာဇ၀တ်ကောင်အဖြစ် တရားစွဲဆိုနိုင်ရန် တောင်းဆိုကြပါပြီ။ အားလုံးသောပြသနာမှာ စစ်အစိုးရကို ဖြုတ်ချရေးဖြစ်ပါသည်။ ကံတရားသည် ကျွန်တော်တို့အပေါ် မျက်နှာသာ မပေးလာသေးပါ။

တခုတော့ရှိပါသည်။ မည်သူမျှ ထိုင်၍မနေကြသည်မှာတော့ သိသာနိုင်ပါသည်။ ၂၀၁၀ ရွေးကောက်ပွဲကို သပိတ်မှောက်ရန် အပြင်းအထန်ကြိုးစားနေကြပါသည်။ နိုင်ငံတကာမှ မသိအမှတ်မပြုဟု ဆိုသောအသံတွေကိုလည်း ကြားနေရပြီ။ ကျွန်တော်တို့မှာ ယခုမှမဟုတ် ။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကိုလည်း သပိတ်မှောက်ကြသူများဖြစ်သည်။ ခုတော့လည်း ၂၀၁၀ ရွေးကောက်ပွဲကို သပိတ်မှောက်ကြရန် ကြိုးစားသူများဖြစ်ပါသည်။ တနေ့က အင်တာနတ်ပေးပို့သော သတင်းတခုမှာ အဖွဲ့အစည်းတခုကို ရည်ရွယ်ပြီး တိုက်ခိုက်ရေးသားလာသော စာတပုဒ်ကို ဖတ်မိပါသည်။ အောက်တန်းကျလှသော ယင်းစာရေးသူကို ပြန်၍ မချေပချင်ပါ။ သို့သော် ဒီမိုကရေစီအတိုက်အခံများသည် နည်းလမ်းပေါင်းစုံဖြင့် စစ်အစိုးရကို ဖြုတ်ချရန်ကြိုးပမ်းနေခြင်းအပေါ် မည်သည့်အတွက်နှင့် တိုက်ခိုက်ဝေဖန် နေရသနည်းဟု စဉ်းစားမိပါသည်။

ပြည်တွင်းမှ ပုဂ္ဂိုလ်များက ရွေးကောက်ပွဲနှင့် ပါတ်သက်၍၄င်း၊ စစ်အစိုးရကို ဖြုတ်ချရေးနှင့် ၄င်း၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေအား စစ်ရာဇ၀တ်ကောင်အဖြစ် ခုံရုံးတင်စစ်ဆေးရန်ကြိုးပမ်းနေခြင်းရှိပါက ပြန်လှန်ချေပ ရေးသားနိုင်ကြပါသည်။ ယခုမူ ပြည်ပမှာနေထိုင်ပြီး ဒီမိုကရေစီအတိုက်အခံများအား ဝေဖန်ပုတ်ခတ်ရေးသားနေခြင်းမှာ လွန်လွန်းလှပါပြီ။ ထို့ကြောင့်လည်း ကျွန်တော့်မှာ ဆောင်းပါးများကို ရေးသားပြီး ဘလော့တွေ ၀ပ်ဆိုက်တွေမှာ မရေးသားချင်တော့။ ရန်သူစစ်အစိုးရသိသွားရအောင် ပြည်ပကသတင်းပေးတွေ အများကြီး ရှိနေကြပါပြီ။

၂၀၁၀ ရွေးကောက်ပွဲကို ဖျက်ဆီးရေးနည်းလမ်းထဲက တခုမှာ နိုင်ငံရေးပေါ်လီစီ တခုကို အလျှင်အမြန်အကောင်အထည် ချမှတ်ရေးဖြစ်ပါသည်။ ယင်းနည်းလမ်းမှာ သည်သို့ဖြစ်သည်။



( ၁ ) ဒီမိုကရေစီအတိုက်အခံများထဲမှ မြန်မာနိုင်ငံဆိုင်ရာအထူး သံတမန်ကိုယ်စားလှယ်များ အဖြစ် ရွေးချယ်ခန့်ထားရေး ။

( ၂ ) အထူးသံကိုယ်စားလှယ်များပါဝင်သော စင်ပြိုင်သို့မဟုတ် ကြားဖြတ်အစိုးရ ဖွဲ့စည်းဖြစ်မြောက်ရေးကော်မီတီ ဖွဲ့စည်းရေး။

( ၃ ) ယင်းကိုယ်စားလှယ်များအဖွဲ့မှ သက်ဆိုင်ရာနိုင်ငံများမှ တက်ကြွသူများနှင့် ပူးပေါင်းဆောင်ရွက်သွားရေး ။

( ၄ ) အထူးသံတမန်ကိုယ်စားလှယ်အဖွဲ့၏ လုပ်ငန်းဆောင်ရွက်ချက်များမှာ အမြန်ဆုံး ( ၃ ) လအတွင်း အကောင်အထည်ဖေါ်ရေး။



ရှင်းလင်းချက်များ



ဒီမိုကရေစီအတိုက်အခံများမှ သံတမန်ကိုယ်စားလှယ်များအဖြစ် ရွေးချယ်ခန့်အပ်ခြင်းကို မိမိတို့နိုင်ငံမှ လူအများယုံကြည်ထောက်ခံသော ပုဂ္ဂိုလ်များအား ရွေးချယ်ဆုံးဖြတ်ပေးရန်လိုပါသည်။ အဓိကမှာ နိုင်ငံရေးရေစီးကြောင်း

ကောင်းမွန်သော တနည်းအားဖြင့် နိုင်ငံတကာအစိုးရများမှ သိရှိကြသော တော်လှန်ရေးခေါင်းဆောင်များ၊ နိုင်ငံရေးခေါင်းဆောင်များကို ခန့်အပ်ရန်လိုသည်။ ယင်းပုဂ္ဂိုလ်များ၏ လုပ်ငန်းစဉ်မှာ စင်ပြိုင် အစိုးရဖွဲ့စည်းရေး

သို့မဟုတ် ကြားဖြတ်အစိုးရဖွဲ့စည်းရေး ဖြစ်ပါသည်။ ထိုသို့ဖွဲ့စည်းနိုင်ရန်အတွက် ဖြစ်မြောက်ရေးကော်မီတီ ဖွဲ့စည်းရန်လိုပါသည်။ ဖြစ်မြောက်ရေးကော်မီတီက တာဝန်များကို ထမ်းဆောင်နိုင်မှသာ စင်ပြိုင်သို့မဟုတ် ကြားဖြတ်

အစိုးရဖွဲ့စည်းနိုင်မည်ဖြစ်ပါသည်။



အထူးသံတမန်ကိုယ်စားလှယ်များသည် သက်ဆိုင်ရာနိုင်ငံများတွင် တက်ကြွသူများနှင့် ပူးပေါင်းဆောင်ရွက်ထားရန်လိုသည်။ သံကွင်းဆက်ပမာ လှုပ်ရှားနိုင်ရေးအတွက် လှို့ ဝှက်ဖွဲ့စည်းရန်ဖြစ်ပါသည်။ ဤသို့ဖွဲ့

စည်းခြင်းကို မည်သူတဦးတယောက်ကိုမျှ အသိပေး အကြောင်းကြားရန် မလိုအပ်ချေ။ မီဒီယာ သမားများထံသို့လည်း အသိပေးရန်မလိုချေ။

သို့သော် သက်ဆိုင်ရာနိုင်ငံများ၏ လွှတ်တော်အမတ်များ။ သမတများ။ အစိုးရအဖွဲ့ဝင်များ။ အတိုက်အခံပါတီများမှ လှါတ်တော်ကိုယ်စားလှယ်များထံတွင် တွေ့ဆုံဆွေးနွေးရန် တင်ပြစဉ် မိမိတို့ကိုယ်ရေးအကျဉ်း

များကို ပြုစုပြီး သက်ဆိုင်သူများ သိရှိစေရန် ပေးပို့ထားရမည်ဖြစ်ပါသည်။ ဤသည်မှာ နိုင်ငံတကာ သံခင်းတမန်ခင်း လုပ်ရိုးလုပ်စဉ်သာ ဖြစ်ပါသည်။



မှတ်ချက် ။ ။ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်ကိုယ်စားလှယ်များ၏ လုပ်ငန်းတာဝန်မှာ ( ၃ ) လအတွင်းသာ ဖြစ်ပါသည်။



အစိုးရဖွဲ့စည်းဖြစ်မြောက်ရေးကော်မီတီ ဖွဲ့စည်းရခြင်းအကြောင်း ။ ။။။။

×××××××××××××××××××××××××××××××××××××××--



ကျွန်တော်တို့မှာ အခါခပ်သိမ်း အရပ်သားအစိုးရဖွဲ့စည်းရေးကို တောင်းဆိုဆန္ဒပြကြပြီးဖြစ်ပါသည်။ သို့သော် အရာမထင်ခဲ့။ ထို့ကြောင့် ကျွန်တော်တို့၏ မြန်မာနိုင်ငံအရေးကို ပိုမိုသိရှိကြသော အစိုးရများကို ပြောစရာစကား မရှိတော့။ တခုသာရှိသည် ။ ကျွန်တော်တို့ တိုက်ပွဲကို အရှိန်အဟုန်မြှင့်မြှင့် ဆောင်ရွက်ရန်လိုပါသည်။

ကမ္ဘာ့ကုလသမဂ္ဂနှင့် ပြောစရာမလိုတော့။ လုံခြုံရေးကောင်စီနှင့် ပြောစရာမလိုတော့ ။

အဓိက လိုအပ်သည်မှာ ကျွန်တော်တို့ သက်လုံကောင်းဖို့ လိုပါသည်။

သတ္တိရှိဖို့ လိုပါသည်။ ရဲရင့်ဖို့ လိုပါသည်။

ပြတ်သားဖို့လိုပါသည်။

ဗိုလ်ချုပ်အောင်ဆန်းက ဗြိတိန်အစိုးရနှင့် စကားပြောစဉ် တနှစ်အတွင်း လွပ်လွပ်ရေးပေးရမည် ဆိုသော စကားနှင့် စပါသည်။ ရရင်ရ မရရင်ချ ဆိုသောစကားသည် နိုင်ငံရေဒစကားဖြစ်ပါသည်။

ယခုလည်း ကျွန်တော်တို့မှာ ၂၀၁၀ ရွေးကောက်ပွဲကို စစ်အစိုးရမှ ပြုလုပ်ပြီး အစိုးရဖွဲ့လျှင် နိုင်ငံတကာမှ အသိအမှတ်မပြုဟု ပြောဆိုနေကြပါသည်။

ယင်းမှာ ကျွန်တော်တို့၏ အထူးသံတမန်များက ဆောင်ရွက်ရမည့် လုပ်ငန်းဖြစ်ပါသည်။

( ၁ )

စစ်အစိုးရ၏ ၂၀၁၀ ရွေးကောက်ပွဲမှ ဖြစ်ပေါ်လာမည့် အရပ်သားအစိုးရကို အသိအမှတ်မပြုဆိုလျှင်

( ၂ ) ဒီမိုကရေစီအတိုက်အခံများမှ ဖွဲ့စည်းမည့် စင်ပြိုင်အစိုးရ သို့မဟုတ် ကြားဖြတ်အစိုးရကို အသိအမှတ်ပြုမည်လားဟု မေးစရာသာ ရှိပါသည်။ အသိအမှတ်ပြုမည်ဟု ပြောသောစကားကို ပြည်တွင်းသို့ ကျွန်တော်တို့က

စင်ပြိုင်သို့မဟုတ် ကြားဖြတ်အစိုးရတွင် ပါဝင်မည့်သူများအား လှို့ ဝှက် သတင်းပေးပို့ရုံသာ ရှိပါသည်။



ထို့ကြောင့် အမေရိကန်အစိုးရအပါအ၀င် နိုင်ငံတကာများနှင့် ထိတွေ့ဆက်ဆံဖို့ အတွက် မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်ကိုယ်စားလှယ်များ အဖွဲ့ကို အမြန်ဆုံးခန့်အပ်ရွေးချယ်ကြရန်လိုပါပြီ။



ဤသည်မှာ ကျွန်တော်တို့၏ နိုင်ငံရေးပေါ်လီစီတခုဖြစ်ပါသည်။ ဤ ပေါ်လီစီကိုကျင့်သုံးသည့်အခါ မည်သူမျှ အာဏာရာထူး အကျိုးခံစားရရှိမည် မဟုတ်။

တချိန်တည်းမှာ ယုံကြည်သူများက ပူးပေါင်းဆောင်ရွက်နိုင်ကြပြီး မယုံကြည်သူများက မိမိတို့၏ ပေါ်လီစီများနှင့် အမြန်ဆုံးမြန်မာနိုင်ငံကို ဒီမိုကရေစီရရှိအောင် ဆောင်ရွက်နိုင်ကြပါသည်။



ခိုင်အောင်ကျော် ( နယူးယောက် )

၇- ၇- ၂၀၁၀

6 comments :

Anonymous said...

ငါလိုးမသားမိုးသီးလီးဒီမိုကရေစီလား..commentလေးတောင်ဖော်မပြရဲဘူး..လွပ်လပ်ခွင့်ဆိုတာမင်းအတွက်ခွေးပါးစပ်
ကထွက်တဲ့နတ်စကားဘဲ..ဖိနပ်နဲ့ပေါက်တာစောက်ဆင့်မရှိတဲ့ကောင်တွေလုပ်တာကွဒီတခါထိုင်းဆင်းလာခဲ့မင်းဘေး
မှာဘယ်သူဆိုင်ကယ်ထိုးရပ်ပြီးခေါင်းကိုကျည်ပစ်သွင်းသွားမလဲဆောင့်ကြည်လိုက်မယုံမရှိနဲ့နော်..

Anonymous said...

ကိုမိုးသီးရေ နာခံမှုကိုဆန်းစစ်ခြင်းနဲ့ လူ့ငရဲ ကိုဒေါာင်းလိုက်တယ်
ကိုမိုးသီးကိုလေးစာတယ်ဗျာ
ဝေဖန်ရဲတာကို ပြောတာပါ။
စီဗောက်မတွေ့လို့ဒီမှာကွန်မန်းလုပ်တာ ခွင့်လွှတ်ပါ။
ကျနော်ကိုမိုးသီးစာကိုဖတ်ပြီးတော်တော်သဘောကျတယ်ဗျာ။
ကိုမိုးသီလိုပြောရဲသူများများ မြန်မာပြည်မှာရှိစေချင်တယ်။
လောကနီတိကတော့မဖတ်ဖူးပေမယ့် ကိုမိုးသီးပြောတာနဲ့တင် ဖိုဝါဒ ကျမ်းမှန်းသိသာပါတယ်။
ထပ်ရေးပါဦး။
ကျနော်ငယ်ငယ်က သင်္ချာနားမလည်တာကို မေးမိလို့ မင်းဥာဏ်မှီဘူးပြောခံရဘူးတယ် စိတ်နာနာနဲ့အလွတ်ကျက်ပြီးအမှတ်ပြည့်ယူခဲ့ဘူးတယ်။

Anonymous said...

ခိုင်အောင်ကျော်( စစ်တွေ) ဆိုတာကြားဖူးပါ၏၊ .. ကုလားပြည်ရောက်တော့ ..ခိုင်အောင်ကျော်( နယူးဒေလီ) မကြားဖူးပါ ..ကုလားပြည်မှာလည်း စာတိုပေစ (ခိုင်အောင်ကျော်- စစ်တွေအမည်ဖြင့်) ရံဖန်ရံခါ ကြားဖူးပါ၏၊၊ ယခုမူကား... နယူးယောက်ရောက်တော့. ခရစ်စတိုဖာ ခိုင်အောင်ကျော်ဟု မပြောရုံတမယ်ပါ၊ သို့သော်... အတွေးကား ဆန်ဆိပ်ညောင်ပင်ရင်းး( စစ်တွေဈေးကြီးနားမှ ဘတ်စ်ကားဂိတ်ဟောင်းအနီး) ..လောက်မျှသာတည်း... ဓူဝေေ၀....ဝေ...ဝေ...၊

Unknown said...

၁။အဲဒီအမည်မဖေါ်ရဲတဲ့စစ်ခွေးတွေ ၀င်မရေးပါစေနဲ့။
၂။ဗမာပြည်နဲ့အဝေးကြီး ဟိုးအမေရိကမှာနေပြီး
စိတ်ကူးယဉ်ဆန်တာတွေပြောမနေပါနဲ့။
၃။နိုင်ငံရေးပြောချင်ရင် တကယ်စေတနာမှန်ရင် တိုက်ပွဲထဲ
သို့မဟုတ်အနီးဆုံးနေရာကိုလာပါ။

Anonymous said...

ဘယ်ကကြောင်တောင်တောင်အတွေးတွေရလာတာလည်း
ဒီလိုအတွေးအခေါ်တွေနဲဒီမိုကရေစီရေဘယ်တော့များမှ
ခံစားရမှာလည်းဗျာ

Anonymous said...

သေနတ်အားကိုးတဲ့ မင်းသားခေါင်းစွပ်နဲ့ ဘီလူးတွေ
နောက်ဆုံးတော့လည်း ဘီလူးစွယ်က ဖုံးမရပါဘူး။
တတိုင်ပြည်လုံးကို ဒီနည်းနဲ့ အကြမ်းဖက် ခြိန်းခြောက် သတ်ဖြတ် ဗိုလ်ကျနေတာ ငြင်းချင်သေးလား။
သေနတ်သာမရှိရင် ထမိန်ခြုံနေမယ့်ကောင်တွေ။
သေနတ်တွေ ကိုင်ထားပြီး ကြောက်နေတယ် သတ္တိရှိရင် နံမည်မှန် ဖေါ်ရေးပါလား။ ဘယ်သူမှ မင်းတို့လို သေနတ် ခါးကြား ထိုးမထားပါဘူး။ ဘာလည်း လူထုက ဒဏ်ခတ်တာ ခံရမှာတော့ ကြောက်နေကြတယ် မဟုတ်လား။
သန်ရွှေလေလည်တာ ရှူပြီး လူထုကိုဒုက္ခ ပေးနေတဲ့ကောင်တွေ။ အရိုးလောက်သာ ကိုက်ရရင် မိဖရင်းတောင် ပြန်သတ်မဲ့ခွေးတွေ။