ကျနော်တို့ ဘလောက် ကိုအားပေးနေတဲ့ ရဲဘော်များ၊မိတ်ဆွေများကို ပြည်တွင်းနေရရှိတဲ့ သတင်းတခု တင်ပြချင်ပါတယ်။ သတင်းကတော့ ဗိုလ်ချုပ်သန်းရွှေအသည်းသန် ဖြစ်နေပြန်ပြီဆိုတဲ့သတင်းပါ။
ဗိုလ်ချုပ်သန်းရွှေ တယောက် အိန္ဒယက ပြန်လာကထည်းက သွေးတိုးနှလုံးနဲ့ ဆီးချို ရောဂါမျိုးစုံပြန်ထ ပြီး ဆေးရုံကိုအရေးပေါ်တက် ရောက်နေရပြီဆိုတဲ့ သတင်းကို လွန်ခဲ့တဲ့ အပတ်ကတည်းကကျနော်တို့ ရရှိခဲ့ပါတယ်။ အိန္ဒယအစာများကို စားသုံးလာတဲ့အတွက် ကိုလက်စထောတွေထက်ပြီး သွေးကြော ပိတ်ရောဂါကိုခံစားနေရတယ် လို့ အတွင်းသတင်းများအရသိရတယ်။ ထူးခြား တာကတော့ အရင်က သူကျမ္မာရေးအသည်းသန်ဖြစ်နေပြီဆိုတဲ့သတင်းတွေထွက်ပေါ်တိုင်း သူဟာ မီဒီယာမှာ ထွက် ထွက်ပြရလေ့ရှိပါတယ်။

ဒီတခါတော့သူမထွက်ပြနိင်တာ တပတ်ကျော်နေပြီဖြစ်တဲ့အတွက် သံတမာန်တွေက စိတ်ဝင်တစားစောင့်ကြည့်နေပါတယ်။ အထူးသဖြင့်တရုပ်သံ တွေက ပိုပြီးဂဏာမငြိမ်ဖြစ်နေကြတယ်လို့ ဆိုပါတယ်။ တရုပ်သံတွေ မကြာခန ကြပ်ပြေးကိုတက်နေတာရယ်၊ ပြီးခဲ့တဲ့တနင်္ဂနွေနေ့  ဆင်ဖြူ ပူဆော်ပွဲမှာ သန်းရွှေ မတက် နိင်ပဲ တင်အောင်မြင့်ဦးကိုပဲသူကိုယ်စား ဆင်ဖြူ ကန် တော့်ခိုင်းတာရယ်ကြောင့် အနောက်တိုင်းသံတမန်တွေက အခြေအနေတော့ထူးနေပြီလို့  ဆိုရာ မှ ဒီသတင်းတွေထွက်ပေါ်လာခြင်းဖြစ်ပါတယ်။
ကြပ်ပြေး ရပ်ကွက်မှာလည်း စစ်ဗိုလ်ချုပ်တွေကြားမှာ သန်းရွှေ အလွန် ခေတ် အတွက်ကြိုတင်ပြင်ဆင်မှုတွေလုပ်နေကြပြီလို့ သိရပါတယ်။ လောလောဆယ်မှာ စစ်ဗိုလ်ချုပ်တွေကြားမှာ အုပ်စုသုံးခုဖြစ်နေတယ်။
တန်ခိုးအထွားဆုံး အုပ်စုကတော့ ဗိုလ်ချုပ်မြင့်ဆွေ၊ ဗိုလ်ချုပ်တင်အေး၊ ဗိုလ်ချုပ်ဝေလွင် တို့  စစ်ဝင်ရိုးတန်းဖွဲ့  ထားလိုက်ကြတယ်လို့  သတင်းရပါတယ်။ သူတို့ ကိုနောက်ကွယ်က ကြိုးကိုင်နေတာကတော့ ဒေါ်ကြိုင်ကြိုင် လို့ ဆိုတယ်။
ဒုတိယအုပ်စုကတော့ ဗိုလ်ချုပ်မောင်အေး၊ ဗိုလ်ချုပ်ရွှေမန်း တို့ က တဖွဲ့ ဖြစ်နေပါတယ်။ သူတို့ နောက်မှာတော့ ဆရာကျောင်းတို့ လိုစီးပွားရေးသမားတွေနဲ့  တတိယအုပ်စု ၀င် နေ၀င်းမောင် တို့  အဖွဲ့ တွေ က ကြောထောက်နောက်ခံပြုထားတယ်လို့ ဆိုပါတယ်။
တတိယအုပ်စုကတော့ သိန်းစိန်၊ ညဏ်ဝင်းတို့ အဖွဲ့ ဖြစ်ပါတယ်။ သူတို့ ကကြားအုပ်စုလို့  ခေါ်ကြပါတယ်။ ကြားအုပ်စုဝင်တွေကတော့ သူတို့ အချင်းအချင်းပြောဆိုတဲ့အခါမှာ ဒေါ်ကြိုင်ကြိုင် ဗိုလ်ချုပ်မြင်ဆွေ ၊တင်အေးတို့ အုပ်ကို အုပ်ကြီးလို့ ခေါ်ကြပြီ။ မောင်အေးတို့ ကိုတော့အုပ်သေးလို့ ခေါ်ဆိုကြောင်းသိရပါတယ်။
စစ်ဗိုလ်ချုပ်တွေဟာ ရုပ်ရှင်သရုပ်ဆောင်တွေထက် အလွန်ဟန်ဆောင်ကောင်းသူတွေဖြစ်ပါတယ်။ ဗိုလ်ချုပ်သန်းရွှေအိန္ဒယက ပြန်လာတော့ မောင်အေးနဲ့ အဖွဲ့ ဟာပြ၀ပ်ကြိုးနွံစွာနက်လက်အုပ်ချီပြီး ကြိုဆိုနေကြတဲ့ပုံတွေကို တီဗွီက တခန်းတနားပြသခဲ့ကြပါတယ်။ ဒါကိုကြည့်ပြီးညီညွတ်နေတယ်လို့ ကောက်ချက် ချလို့ မရကြောင်း Mr Blue လို့ အမည်ဝှက်ပေးထားတဲ့ အနောက်တိုင်းစစ်သံတမန်တဦးကဆိုပါတယ်။ မြန်မာ စစ်တပ်ရဲ့  နည်းဗျူဟာတရပ်ဖြစ်ကြောင်း Mr Blue က ဆိုပါတယ်။
ရန်ကုန်ခေတ်ပျက်သူဌေးလောကမှာလည်း ထူးခြားမှုတွေဆက်တိုက်ဖြစ်နေပါတယ်။ တေဇ၊ မက်ဇော်ဇော် တို့ လို လည်း သန်းရွှေသတင်းကြောင့် ထိန့် လှန့် တုန်လှုပ်လျှက်ရှိပါတယ်။ သန်းပေါင်းများစွာဒေါ်လာတွေကို ထရပ် ကားပေါ်တင် ပြီး ညစဉ်ဟိုပြောင်း ရွေ့ နေကြတယ်လို့ သိရပါတယ်။ သူတို့ တည်ထောင်ထားတဲ့ဘဏ်တွေထဲ ကိုသူတို့ မအပ်ထားကြဘူးလို့ ဆိုတယ်။ နောက်တယောက်တက်လာရင်ဘာဖြစ်မှန်းမသိဘူးလို့ သူတို့  စိုးရိမ်နေကြကြောင်းသိရပါတယ်။
ရန်ကုန် ကားပွဲစားတန်းမှာတော့ အစားမတော်တလုပ်၊ အဖားမတော်တအုပ် ဆိုတဲ့စကား အလွန် ရေပန်းစားနေတယ်လို့ သိရပါတယ်။ အစားမတော် တလုပ်ဆိုတာကတော့ ဗိုလ်ချုပ်သန်းရွှေ အိန္ဒိယမှာကုလားစားတွေလိမ့် စားခဲ့တာကို ဆိုလို ပုံရတယ်။ အဖါးမတော်တအုပ်ဆိုတာကတော့ စာရေးဆရာ ဟိန်းလတ် အဖါးလွန်ပြီး မြောက်ကိုးရီးယား အာဏာရှင် ကင်ချုံအီး အထုပတ္တိကိုရေး ပြီးဖါးသော်လည်း အတီးခံရပုံကို ရည်ညွန်းပြီး တယောက်နဲ့ တယောက် နောက်ပြောင်ပြောဆိုနေကြကြောင်း သိရပါတယ်။
ဗိုလ်ချုပ်သန်းရွှေ တယောက် ဒီတခါ မီဒီယာမှာ ထွက်ပြ နိင်မပြနိင် ဆက်လက် စောင့်ကြည့်ကြပါစို့ ။

No comments :
Post a Comment