Monday, 9 August 2010
"နယူးယောက်မြို့ မြန်မာသံရုံးရှေ့တွင်ကျင်းပခဲ့သော ၂၂ နှစ်မြောက် ၈၈၈၈ နေ့အခမ်းအနား"
“သမိုင်းသစ်ရေး…၊ ငါတို့သွေးကို ၊ ထုံးဖြူဆေးသုံး ၊ ဖျောက်ဖျက်ဖုံးလဲ ၊ မဆုံးကမ္ဘာတည်လိမ့်မည် ”
မနေ့က (၇)ရက် နေ့တွင် ၂၂ နှစ်မြောက် ၈၈၈၈ နေ့ အခမ်းအနားကို နယူယောက်မြို့ မြန်မာသံရုံးရှေ့တွင်ကျင်းပခဲ့ပါသည်။ ထိုအခမ်းအနားသို့ ဒီမိုကရေစီအင်အားစုများနှင့် အဖွဲ့ အစည်းအသီးသီးမှအဖွဲဝင်များ ၇၀ ခန့် တက်ရောက်ခဲ့ပါသည်။ ထိုအခမ်းအနားမှ စစ်အာဏာရှင်တို့မှ တဖတ်သတ်ရေးဆွဲခဲ့သော ၂၀၀၈ အခြေခံဥပဒေကိုဖျက်သိမ်းပေးရန်နှင့် မကြာမီကျင်းပတော့မည့် တရားမျှတမှုလုံးဝမရှိတဲ့ ၂၀၁၀ ရွေးကောက်ပွဲကို ပြတ်ပြတ်သားသားဆန့်ကျင်ရန် စစ်အာဏာရှင်များအား အမြစ်ဖြတ်ချေမှုန်းပြီး အမိမြန်မာနိုင်ငံတော် ဒီမိုကရေစီရရှိသည်တိုင်အောင် ဒီမိုကရေစီအင်အားစုများမှ စုပေါင်းညီညာစွာရှေ့ဆက်ပြီးတိုက်ပွဲဝင်သွားရန် သံဓိဋ္ဌာန်ချမှတ်ခဲ့ပါသည်။
ထိုအခမ်းအနားကို ညနေ ၄ နာ ရီ တွင် စတင်ပြီး ညနေ ၅ နာရီတွင်အောင်မြင်စွာပြီးဆုံးခဲ့ပါသည်။
at
21:13
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment