Monday, 9 August 2010

ဒီကေဘီအေ ဗိုလ်ချုပ် စောလပွဲ (ခ) ဗိုလ်နှုတ်ခမ်းမွေးရဲ့  ကတိစကား

မြ၀တီမြို့ သို့ မကြာသေးခင်က ရောက်လာသော နအဖစစ်ခေါင်းဆောင်တစ်ဦးဖြစ်သူ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော် အား ဗိုလ်မှူးစောလားပွယ်(တပ်မဟာ-၅- DKBA) မှ လူကြုံပါးလိုက်သောစကား သုံးခွန်း 
"ကျနော်သေရမှာ မကြောက်သလို ကျနော်စစ်တိုက်ရမှာ လည်းမကြောက်ဘူး။ ကျနော်အကြောက်ဆုံးအရာက ကျနော့်လူမျိုးကို ကျနော်သစ္စာဖေါက်မိမှာ အကြောက်ဆုံးပဲ"

 သည့်ပြင် ဗိုလ်မှူးနှူတ်ခမ်းမွှေးကို ပေးပို့ သော စာမျက်နှာလေးမျက်နှာပါ နအဖ စစ်ဗိုလ်ချူပ်ရဲမြင့်၏ စာတွင် နယ်ခြားစောင့်တပ်သို့ အသွင်ကူးပြောင်းလျှင် ကားနှင့် လစဉ်ငွေ ၂ သိန်း ပုံမှန် ချီးမြင့်မည်ဟုပြောပါသည်။ ဒီကိစ္စနှင့်စပ်လျဉ်း၍ သူ(ဗိုလ်မှူးလားပွယ် ခေါ် နှူတ်ခမ်းမွေး) ဆက်ပြောရာတွင်

"ကျနော်ဟာ မောင်ချစ်သူ နဲ့ ကျော်သန်းလို ကောင်မျိုးမဟုတ်ဘူး၊ ကျနော်ဟာ လူထုအတွက် အမြဲတမ်းတိုက်ပွဲဝင်တဲ့ စစ်သားတစ်ယောက်ဖြစ်တယ်။ ကျနော်တစ်ဦးတစ်ယောက်တည်းအတွက် ငြိမ်းချမ်းရေးမျိုးမလိုချင်ဘူး ကျနော်လိုချင်တဲ့ ငြိမ်းချမ်းရေးက ကျနော့် တမျိုးသားလုံးအတွက်ဖြစ်တယ်"
ဗိုလ်ချုပ်နှုတ်ခမ်းမွေးအဖွဲ့ ဟာ ဒီကေဘီအေ အဖွဲ့ မှာ အင်အားအတောင့်ဆုံးအဖွဲ့ ဖြစ်ပြီး သူဟာ စစ်ရေးစစ်သွေးကောင်းသောတပ်မှုးတယောက်ဖြစ်တယ်။

မူရင်း- http://thawthikho.blogspot.com/

No comments :