Friday, 13 August 2010

တိုင်းပြည်ကို တကယ်တိုးတက်စေချင်ရင် တိရိစ္ဆာတွေ ကိုးကွယ်နေမှု ကို စွန့်လွှတ်ပါ။

အရေပြားရောဂါစွဲကပ်နေတဲ့ ဆင်နှုအစစ် နှင့် အဖြူ အမဲဓာတ်ပုံသုံး ထုံးဖြူသုတ် ဆင် နှိုင်းယှဉ်ထားပုံ

-မြတ်စိုး-
၈.၁၂.၂၀၁၀


ကြပ်ပြေး နေပြည်တော် ကို ခေါ်ယူသွားတဲ့ အရေပြားရောဂါစွဲကပ်နေတဲ့ ဆင်နှု အကြောင်းကို နအဖ သတင်းစာတွေမှာ ရေးကြီးခွင်ကျယ်ရေးသားဖော်ပြတာတွေ့ရလို့ တိုင်းပြည်အတွက် တော်တော် ရင်လေးမိပြန်တယ်။ ကြပ်ပြေး ကျော်ဆန်း က အရေပြားရောဂါစွဲကပ်နေတဲ့ နီကျံကျံ အရောင် ဆင်နှု ကို အဖြူ အမဲဓာတ်ပုံသုံး ဖော်ပြလိုက်တာတွေ့ရတော့ အီရတ် အာဏာရှင်ဟောင်း ဆဒ္ဒဟူစိန်ရဲ့ မင်းသားကြီး ဘဂ္ဂဒတ်ဘော့ ကို သတိရမိတာတော့ အမှန်ပါပဲ။

သီဟ၊သူရတွေ ရထားတဲ့ နအဖ စစ်ဗိုလ်ချုပ်ဆိုသူတွေ တိရိစ္ဆာန်တွေကို ဖင်ထောင်အောင် ကိုးကွယ်နေကြတာ တွေ့ရလို့ မြန်မာနိုင်ငံမှာ တော့ ကျောက်ခေတ်၊ ကြေးခေတ်၊ သံခေတ်၊ ယန္တရားခေတ် ၊ အိုင်တီခေတ်၊ အာကာသခေတ် ကနေ ငါတို့နိုင်ငံတော့ တိရိစ္ဆာန် ကိုးကွယ်နေတဲ့ ခေတ် ကို ပြန်ရောက်သွားပြန်ပြီလို့ ပြောရတော့မှာ ပဲ။ မြန်မာ ဘုရင် မင်းတုန်းမင်းလက်ထပ်က မင်းညီးမင်းသားတွေ ဘုတ်တလုပ် ရေကန်လေးထဲမှာရေကစား၊ ဆင်တွေနဲ့ ဟန်ရေးပြနေချိန်မှာ အနောက်နိုင်ငံတွေ၊ အရှေ့နိုင်ငံကြီးတွေဟာ မြေအောက်၊ရေအောက် ရထားလမ်း၊ ရေကြောင်း လမ်း တွေတည်ဆောက်လို့ ကုန်သွယ်မှုတွေတိုးချဲ့ ၊တိုင်းသူပြည်သားတွေ တကမ္ဘာလုံး အဆင်ပြေ သွားလာနိုင်အောင် အားသွန်ခွန်စိုက် လုပ်ကိုင်နေတဲ့ အချိန် ကို ပြန်သတိရမိတယ်။ အခုလည်း အိမ်နီးချင်းနိုင်ငံ တွေကို ပြန်ကြည့်ပါ။……

တရုတ်နိုင်ငံ ရှန်စီပြည်နယ်ရှိတေယန်ဂြိုဟ်တုလွှတ်တင်ရေးစခန်းမှ ယိုဂန်ဂြိုဟ်တုကို သြဂုတ်လ ၁၂ ရက်နေ့က လွှတ်တင်လိုက်တယ်။

အင်ဒိုနီးရှားနှင့် တောင်ကိုရီးယား နှစ် နိုင်ငံ ၂၀၂၀ မှာ ဂျက်တိုက်လေယာဉ်များ ထုတ်လုပ်မည်။

တောင်ကိုရီးယား၊ဂျပန် နှစ်နိုင်ငံ ပူးတွဲ အာကာသယာဉ်တွေ စေလွှတ်မယ်။

၂၀၁၆ မှာ အိန္ဒိယ နိုင်ငံက လူသားများစီးနင်းလိုက်ပါမည့် အာကာသ ယာဉ်ကို စေလွှတ်မည်။

ထိုင်းနိုင်ငံက ဘန်ကောက်မြို့ ကြီး အတွက် မြေလျှိုးမိုးပျံ လမ်းပမ်းဆက်သွယ်ရေးကွန်နက်ကို ၂၀၂၀ မှာ အပြီးသတ်ဆောက်လုပ်မည်။

မြန်မာနိုင်ငံမှာ တော့ …..

အရေပြားရောဂါရရှိနေတဲ့ ဆင်နှု ကို ကိုးကွယ်နေကြတဲ့ သီဟ၊သူရဘွဲ့ ရ စစ်ဗိုလ်ချုပ်ဆိုသူတွေ အကြောင်းဖတ်လိုက်ရတော့ နွားချေခွက်ထဲ မှာ ကျင်လည်နေတဲ့ ဖားသူငယ်တွေရဲ့ ပုံပြင်ကို သတိရမိတယ်။ နွားချေခွက်ထဲက ဖားသူငယ်တွေဟာ ပင်လယ် မမြင်ဘူး၊ သမုဒ္ဒရာ မမြင်ဘူးတော့ နွားချေခွက်အိုင် ကို အကြီးကြီးလို့ မှတ်ယူနေကြပုံပဲ။

တိုင်းပြည်ကို တကယ် တိုးတက်စေချင်ရင်တော့ ပုဂ္ဂိုလ်ကိုးကွယ်နေမှု၊ တိရိစ္ဆာန် ကိုးကွယ်နေမှုတွေ ကို တော့ စွန့်လွှတ်သင့်နေပါပြီ။ တံခါးတွေ ဖွင့်ချိန်တန်ပါပြီ။




8 comments :

Anonymous said...

စောက်ရှူး.... ဒီလုပ်ရပ် ကို ကိုယ်ကွယ်တဲ့လိုယူဆရင် တော်တော်အသိညဏ်နည်း ဗဟုသုတမရှိတာပဲ

Anonymous said...

ဟုတ်ပဗျာ..
ခုလို နည်းပညာတွေတိုးတက်နေတဲ့ခေတ်မှာ ဆင်ဖြူတော် ဆိုတဲ့ အယူအဆတွေ မရှိသင့်တော့ဘူး..
နိုင်ငံတိုးတက်မှု့နောက်ကျရတာလဲ ကျွန်တော်တို့ မြန်မာ့ခေါင်းဆောင်တွေနဲ့ ပြည်သူတစ်ချို့မှာ အဲဒီ အယူအဆတွေလွှမ်းမိုးနေလို့ဘဲ..

Anonymous said...

ကြည့်ရတာ မြတ်စိုး ဆိုတဲ့ဆောင်းပါးရေးတဲ့သူက ဗုဒ္ဒဘာသာမဟုတ်ဘူးထင်တယ်...ဘာသာရေးအကြောင်း မြန်မာ့သမိုင်းဖတ်စာအုပ် ခေတ်အဆက်ဆက်အကြောင်းတွေကိုရော ဖတ်ဖူးလား?သိမယ့်ပုံမပေါ်ပါဘူး...
ဆင်ဖြူတော်နဲ့ နိုင်ငံရေးနဲ့ လားလားမျှ မဆိုင်ပါဘူး..ဆင်ဖြူကို ကိုးကွယ်နေတာ တိရိစ္ဆာန်တွေကို ကိုးကွယ်နေတာလို့ ဘယ်သူကပြောလိုက်လဲ?ဆင်ဖြူကို ကိုးကွယ်တာ ဘယ်ခေတ်ဘယ်ခါမှမရှိသလို ယနေ့ခေတ်လည်းမရှိဘူး...အဆောင်အယောင်တစ်ခုအနေနဲ့ထားရှိတာပဲရှိတယ်..ကိုးကွယ်တာမဟုတ်ဘူး...ဒါလေးတော့ သဘောပေါက်ဖို့လိုတယ်...
နိုင်ငံကိုတိုးတတ်ဖို့လုပ်ရမှာက လူတွေလုပ်ရမှာ သတ်သတ်ပါ...ဆင်ဖြူတော်နဲ့ဘာမှမဆိုင်ပါဘူး...ဘာသာရေးနဲ့မြန်မာသမိုင်းအဆက်ဆက်မှာ ဆင်ဖြူတော်ကို တန်ဖိုးထား ထိန်းသိမ်းစောင့်ရှောက်ခဲ့တာဖြစ်လို့ ယနေ့ချိန်ခါလည်း ထိုနည်းတူ တန်ဖိုးထား ထိန်းသိမ်းထားတာပါ..အဲဒါနဲ့ နိုင်ငံတိုးတတ်ဖို့ဆိုတာတွေနဲ့ ဘာမှမဆိုင်ပါဘူး...

နိုင်ငံရေးနဲ့ ဘာသာရေးအယူဆတွေနဲ့ကို ကွဲပြားနားလည်ဖို့တော့ လိုသေးတယ်...မဖြစ်စလောက်ဦးနှောက်
အသိဥာဏ်လေးနဲ့ ဆရာလုပ်ဖို့ နိုင်ငံရေးလုပ်စားဖို့ မစဉ်းစားသေးနဲ့အုံး...



တောဂေါ်လီ

Anonymous said...

ဖြစ်နိုင်တာ နှစ်ခုလောက်တော့ရှိတယ်။

၁)ရာဇ၀င်ထဲက ရှင်ဘုရင်တွေလို ငါသာလျှင် ဘုန်းရှင်ကံရှင်ဖြစ်သောကြောင့် ဆင်ဖြူ ပိုင်ရတယ်လို့အထင်ရောက်အောင် သန်းရွှေကြီးကို လက်အောက်ငယ်သားတွေက အရူးဘုံမြောက်လုပ်နေတာလည်း ဖြစ်နိုင်သလို ...

၂) ဆင့်ဟိုဟာ ခွေးမျှော်တာလည်းဖြစ်နိုင်ပါတယ်။


ကိုယ့်လူတို့လည်း စဉ်းစားမိတာလေးတွေရှိရင် မျှဝေကြပါဦး။


ကိုဝေညီလေး

Anonymous said...

ဆောက်ရူးအတွေးအခေါ်တွေကြောင့် တို့တိုင်းပြည်ခုလိုဖြစ်နေတာ။ဆောက်ရူးအတွေးအခေါ်တွေ ဖယ်ရှား၇မယ်။

AungNN said...

မှန်တယ်၊သဘောတူတယ်၊ ဆင်ဖြူဆိုပြီးဆင်ညိုကိုထိုင်ရှစ်ခိုးတာရူးတာပါဘဲ။
ဒီလူတွေကအုပ်ချုပ်နေတော့သွားပြီပေါ့။

Burma Forum Canada said...

ဒီနေရာမှာ စာရေးသူက တရိစ္ဆာန်ကို ကိုးကွယ်တယ် ဆိုတဲ့စကားဟာ တရိစ္ဆာန်ကို အရေးပေး အခမ်းအနားတွေလုပ် အဆောင်အယောင်တွေ ထားနေတယ်လို့ ပြောချင်တာနဲ့ တူပါတယ်။

အရမ်းဆဲဘို့ မသင့်လျှော်ပါဘူး။ အရမ်းဆဲတာဟာ နိုင်ငံကြီးသားတွေရဲ့ အလုပ်မဟုတ်ပါဘူး။ တိုင်းပြည်ကို ချစ်ရင် ကယ်တင်ဘို့ ကြိုးစားပါ။ ဆဲတဲ့နည်းကို မသုံးပါနဲ့။

Anonymous said...

တောဂေါ်လီ ဆိုရင်တော့ တောမှာသွားပြောပေါ့ကွာ။ဆင်ဖြူကို ကိုးကွယ်တဲ့အလေ့အထ ဟာ ဘာ ဘာသာရေးနဲ့ ဆိုင်လို့လဲ..ခင်ညွန့် ရောင်နေတုန်းကလဲ ဆင်ဖြူပေါ်တယ် ဆိုပြီး ကောလ ဟာလတွေလွင့်ထုတ်ခဲ့တယ်..ခရုသင်းစွဲနေတဲ့ဆင်လား..ဘာလားမသိခင်မှာ မောင်ခင်ညွန့် ဟာ ပူတာအိုထောင်ရောက်ခဲ့ရတယ်။ မင်းလောင်းလိုလို..မင်းရူးလိုလို လုပ်တဲ့သူတွေအကြားမှာတော့ ဆင်ဖြူဟာ ပရိုပါဂင်ဒါ ဘဲ...၁၉ရာစု မြန်မာပြည်မှာပြောတာပေါ့နော်..ထိုင်းကလဲ အဲလိုမျိုးရူးခဲ့တယ်..ဆင်ဖြူရှင် ဘုရင်နောင် ဆိုပြီးဖြစ်ခဲ့သလို ဆင်ဖြူရှင် မင်းတြားဆိုပြီး ကုန်းဘောင် တတိယဆက်မှာ ပေါ်ခဲ့တယ်.. ဘယ်လိုဘဲပေါ်ခဲ့ပေါ်ခဲ့..ဆင်ဖြူရှင်ဘဲဖြစ်ဖြစ်..နူကလီးယား ရနေတယ်ဆိုပြီး ကမ္ဘာကို ဝါဒဖြန့်ဖြန့် ငါတို့ကတော့ မြို့ဂေါ်လီမို့ မင်းတို့ ရောင်းတာလောက်တော့ နယူးယော့ခ် က တရုပ်တန်း လောက်တောင် မစွံတော့ မဝယ်ဘူးပေါ့ကွာ။ ဘာသာရေး နဲ့ တိုင်းပြည် ရေးမရူတ်ထွေးစမ်းပါနဲ့... တောမှာသွားပြောပါ။