Thursday, 19 August 2010

ပြည်သူချစ်တဲ့ တပ်မတော်သား ကြီး ဗိုလ်မှုးကြီး ကြည်မောင် ကွယ်လွန်ခြင်း ၆ နှစ်မြောက်အခန်းအနား ၊ ကိုရင်ထွေး၊ မအိရွှေစင် ရဲ့  က ဖိတ်ကြား စာ


ဗိုလ်မှုးကြီးကြည်မောင် - ကာနယ်လ်ကြည်မောင်လို ထင်ရှားတယ်။ သူကွယ်လွန်သွား ပေမဲ့ နာမည်က ကြီးမားဆဲ ၊မိုးယံသို့ဟိန်းပျံနေဆဲ။ ပြည်သူတွေ ရဲ့ ရင်ထဲမှာ တသသ စွဲကျန်ရစ်နေတုံးပါ။  ဘာဖြစ်လို့ လည်း။ သူရဲ့ ကိုယ်ကျိုးစွန့် လွတ်မှု၊ တိုင်းပြည်နဲ့ လူမျိုးအပေါ်မှာ သစ္စာရှိမူ။ ၁၉၆၂ ခုနစ်မှာ  ဦးနေ၀င်းစစ်တပ် က မတရားသဖြင့်အာဏာသိမ်းလိုက်တဲ့အခါမှာ သူဟာ ကိုယ်ကျိုးရှာတဲ့ ဦးနေ၀င်း နဲ့ လမ်းခွဲလိုက်ပြီး ပြည်သူဖက်ကရပ်တည်ခဲ့လို့ ပဲ။ သူဟာတည်ကြည်တယ်။ သူရဲ့ ခန့် ငြားတဲ့ရုပ်သွင် က ညဏ်ပညာကြီးမားမှု ၊ ကြင်နာတတ်မှု ၊ အနုပညာကိုချစ်မြတ်နိုးမှုတွေကို တွေ့ ရတယ်။ ၈၈ အရေးတော်ပုံကြီးဖြစ်လာတော့သူဟာ ကျောင်းသားတွေနဲ့ အတူလက်တွဲခဲ့ တယ်။ ပြည်သူရှေ့ က မားမားရပ်တည်ခဲ့တယ်။ သူရဲ့ ကိုယ်ကျိုးစွန့် လွတ်မှု၊ ကျေးဇူးတွေကို ဒို့ မမေ့သင့်ဘူး။ ဂုဏ်ပြုကြမယ်။ သူအကြောင်းတွေပြောမယ်။ တော်လှန်ရေးသီချင်းတွေသီကျူးမယ်။ အနာဂတ်အတွက် သူရဲ အိမ်မက်တွေ ကို ငါဒို့ ဆက်လက်အကောင်ထည်ဖေါ်ကြမယ် ရဲဘော်ဒို့ ။ ဆက်ဆက်လာခဲ့ပါ။  
(ရဲဘော်ရင်ထွေး၊ ရဲဘော်အိရွှေစင်၊ ရဲဘော်စုထိတာ။ )























No comments :