Thursday, 19 August 2010

သန်းရွှေ နှင့်အပေါင်းအပါများ ကို နိင်ငံတကာ တရားရုံး ကို တင်နိင်အောင် ကြိုးပန်းကြပါစို့ 



လေးစားအပ်ပါတဲ့  ညီအကို မောင်နှမ အပေါင်းတို့ 


ခင်ဗျားတို့  အိမ်မက်တွေဟာ တကယ်ဖြစ်လာခါနီးပါပြီ။ အမှန်တရား ရောင်နီ ထွန်းလင်းလာချေပြီ။ စိတ်ဓါတ်မကျ ကြနဲ့   ။ ဆက်လက်တိုက်ပွဲဝင်ကြပါ။

မနေ က အမေရိကန် နိင်ငံက သန်းရွှေ၊ မောင်အေး၊ အောင်သောင်၊မောင်သောင်း၊ ရွှေမန်း ၊ သိန်းစိန် တို့ နဲ့ အပေါင်းအပါတွေကို စစ်ရာဇ၀တ်ကောင်များအဖြစ်တရားစွဲဆိုဖို့ ကုလသမဂ ကိုတောင်းဆို လိုက်အပြီး 
ထောက်ခံ သောနိင်ငံ ၅ နိင်ငံ ရရှိလာပြီ ဖြစ်ပါတယ်။  တခြားနိင်ငံတွေကလည်းဆက်လက်ထောက်ခံလာဖို့  မြန်မာ   အစွမ်းကုန်ကြိုးပန်းကြပါ။  ဒါဟာမဖြစ်နိင်စရာမရှိဘူး။ အမေရိကန် က ခုလိုတရားဝင်တောင်းဆိုမှု 
ကို ကျနော်တို့ နစ်ပေါင်းများစွာ တိုက်တွန်းခဲ့ပေမဲ့ မဖြစ်ခဲ့ဘူး။အခုမှာတော့ ကိုယ်နားကို ကိုယ်မယုံ နိင်လောက်အောင်ကို အိုဘားမား အစိုးရက တောင်းဆိုလာပြီဖြစ်ပါတယ်။ 
ဂျပန် ၊ ဥရောပ၊ စကင်ဒေးနီးယားနိင်ငံ များ၊ အရှေ့ တောင်အာရှ နိင်ငံများ၊အာဖရိကနိင်ငံများ  မှာ ရောက်နေတဲ့  မျိုးချစ်မြန်မာ တိုင်း က မိမိတို့ ရောက်နေတဲ့  နိင်ငံတွေက အန်ဂျီအိုများ၊ကျောင်းသားသမဂများ၊ မီဒီယာများ၊ လွှတ်တော်အမတ်များ ကို  ချဉ်းကပ်ပါ သူတို့ အစိုးရတွေက အမေရိကန် အဆိုပြုချက်ကိုထောက်ခံပေးဖို့ တိုက်တွန်းပါ။ ဆန္ဒပြပွဲများဖေါ်ထုတ်ကြပါ။ 


ပြောချက်များ ( Talking Points)  

က- - သန်းရွေနဲ့ စစ်အုပ်စုရဲ့  လပ်စားမှု ၊ အုပ်ချုပ်ရေးညံဖျင်းမှုကြောင့် နိင်ငံကပြိုကွဲတော့မဲ့အခြေနေကိုထောက်ပြပါ။ 
ခ-မြောက်ကိုရီးယားနဲ့ ပေါင်းပြီး နယူးကလီးယားထုတ်နေတဲ့ကိစ ကို ဖေါ်ပြပါ။ 

င- သူတို့  ဟာ လူသားမျိုးနွယ်များ တုံးသွားအောင်သတ်ဖြတ်မှု (   Crime Against Humanity ) ကျူးလွန်နေကြောင်း  ကို ဖေါ်ပြပေးပါ။ 

နိင်ငံတကာဥပဒေ  နှင့်ညိစွန်းနေသောရာဇ၀တ်မှု များ ဖြစ်သော-

 ၁-လူများ သတ်ဖြတ်ခြင်း
 ၂-ပေါ်တာဆွဲခြင်း၊
  ၃-အိမ်မြေ၊ခြံများ၊လယ်ယာများ ကို မတရားသိမ်းဆည်းခြင်း။ 
   ၄-ရွာများကိုအ ဓမရွေ့ ပြောင်းခြင်း။ 
          ၅ -  စစ်ရေးနှင့်မပတ်သက်သော ရွာသားများ ( တိုင်းရင်းသားများ ) ကို တိုက်ခိုက်နေခြင်း။ 
           ၆-  လူထုပိုင်၊ပြည်သူပိုင် ပစ္စည်းများ ကို သိမ်းဆည်းခြင်း  ၊ တိုက်ခိုက်ခြင်း ( ကြံဖွတ်က 
           ပြည်သူပိုင်များကို     ပါတီအတွက်အသုံးချနေခြင်း၊ တိုင်းရင်းသားများမှီတင်းနေထိုင်နေသော 
             သစ်တောကြီးများကို တေဇ ၊ မက်ဇော်ဇော်၊ ဆရာကျောင်းတို့ ကို 
             ဈေးပေါပေါနှင့်ရောင်းချခြင်း။ ) 

           ၇-  ကလေးစစ်သာများ ကို  အသုံးပြုနေခြင်း။ 
            ၈- တိုင်းရင်းသူအမျိုးသမီးများ အား အဓမ မုဒိန်းကျင့်မှုများကို စနစ်တကျဆောင်ရွက်နေကြောင်း
                ထောက်ပြပါ။  ( ရှမ်း၊ ကရင် နှင့်မွန်ပြည်နယ်များတွင်ဖြစ်ခဲ့သောဖြစ်ရပ်များ အထောက်အထားများကို ရနိင်ပါသည်။ ) 
၉- နာဂစ်မုန် တိုင်းဖြစ်စဉ်က ဒုက္ခရောက်လူထုများကို ကူညီမှုများ နှောင့်နှေးစေရန်ဆောင်ရွက်ခြင်း။ ဒုက္ခသည်များအတွက်  ပေးထားသော ပစ္စည်များကို နအဖ နှင့် လည်းကောင်းရဲ့ ဝန်ထမ်းများက ကိုယ်ကျိုးအတွက် အကြီးအကျယ်အသုံးချ ကြခြင်းများ ကိုပြောပြပါ။ 

၁၀- အဆိုပါဖြစ်ရပ်များ နိင်ငံနှင့်အ၀ှမ်းအကျယ်ပြန့် ဖြစ်နေကြောင်းကို ထပ်ခါတလှည်ထောက်ပြပါ။ 
               အချက်အလက်များကို ထုတ်ပြပါ။  
 
၁၁- အဆိုပါဖြစ်ရပ်များ  စနစ်တကျ ကျူးလွန်နေကြောင်း ထပ်ခါတလှည် ဖေါ်ပြပါ။ ဥပမာ ကြပ်ပြေးနေပြည်တော်မှာ သန်းရွှေ  နှင့်အပေါင်းပါများ ကိုယ်တိုင်ဦးစီး လုပ်ကိုင်နေကြာင်း ဖေါ်ပြပါ။ 

အမေရိကန် ရဲ တောင်းဆိုချက်ဟာ မဖြစ်နိင်စရာ အကြောင်းမရှိ။ ဖြစ်ကိုဖြစ်ရမယ်။ မြန်မာ အရေးကို
လုံခြုံရေးကောင်စီမှာ မဆွေးနွေးပဲ ။ အထွေထွေညီလာခံမှာ ဆုံးဖြတ်နိင်အောင်လုပ်ရမယ်။ အထွေထွေ
ညီလာခံက  Simple Majority  Vote  ဖြစ်တဲ့အတွက် မြန်မာ့ အရေးက အောင်နိင်စရာရှိတယ်။

ဒါဖြင့်ရင် အရင်က ဘာဖြစ်လို့ မဖြစ်ခဲ့သလဲ ။

 သံတမာန်ရေးလုပ်နေသူတွေ ကစိတ်မ၀င်စားကြဘူး။ ပရိုပိုဆယ်လ်နိင်ငံရေးဖြစ်နေတယ်။ ဆရာကြီးနဲ့ တတ်ယောင်ကားတွေသိပ်များနေတယ်။  ငွေထုတ်ပိုက် နိင်ငံရေးသမားတွေသိပ်များနေတယ်။ငွေထုတ်ပိုက်
တက်ကြွလှုပ်ရှားသူတွေသိပ်များနေတယ်။ အချောင်းသမားတွေ သိပ်များတယ်။
အလုပ်တဲ့သူတွေ ရှိခဲ့ပေမဲ့ အားမပေးခဲ့ကြဘူ။


 အောင်မြင်သွားတဲ့သာဓကတွေရှိလား။

ရှိတယ်။ အထင်ရှားဆုံးသာဓက ကတော့ တရုပ်ပြည်ဖြစ်တယ်။
တရုပ်ပြည်ကုလသမဂအဖွဲ့ ဝင်ဖြစ်ရေးအတွက် အထွေထွေညီလာခံက မဲအများစုနဲ့ ရပြီးဖြစ်လာတာဖြစ်တယ်။

မြန်မာ အရေးဟာအောင်မြင်နိင်စရာရှိလား ။

             ရှိတယ်။  

တစ်။ အမေရိကန်လို အင်အားကြီးနိင်ငံက စပြီး တရားဝင်တောင်းလာတာ။ အရင်ကမတောင်းဘူးဘူး။
                အိမ်ဖြူတော်က သူရှိတဲ့ စွမ်းအင်ကိုအစွမ်းကုန်သုံးမယ်လို့ ကတိပေးသွားတယ်။ အမေရိကန်
နိင်ငံရေးမှာ ကွန်ကရက် နဲ့ အိမ်ဖြူတော် (   White House) မှာ အိမ်ဖြူတော်က ပိုပြီးလုပ်ပိုင်ခွင့်ရှိတယ်။
အိမ်ဖြူတော်က တကယ်လုပ်ဖို့ ဆက်လက်တိုက်တွန်းနေရမယ်။

နှစ်။  နအဖ ရဲ့ လူအခွင့်အရေးချိုမးဖေါက်မှုတွေ အတွက် အထွေထွေညီင်္လာခံမှာ မဲခွဲဆုံးဖြတ်စဉ်က နိင်ငံပေါင်း
၈၈ နိင်ငံ ( အများစု) က ထောက်ခဲံမွဲပေးထားဘူးတယ်။

အရေးကြီးဆုံးကဘာလဲ

အရေးကြီးဆုံးက ပြည်တွင်းလှုပ်ရှားမှုပဲ။ အတုယောင်ရွေးကောက်ပွဲကို ပြတ်ပြတ်သားသား ဆန်ကျင်ရမယ်။
လူထုတိုက်ပွဲကိုဖေါ်ထုတ်ရမယ်။  ရွေး ကောက်ပွဲ ၀င်မဲ့ သူတွေကိုမ၀ယ်အောင် ဖြောင်းဖြစည်းရုံးပါ။  တပ်မတော်ကပြောင်းနေပါပြီ ဆိုတဲ့  နောက်ပေါက်အောင်ကြီးတွေအခုတချိန်ရွေးကောက်ပွဲမှာတော့ ဒီမိုကရေစီမရသေး။ နောက် သုံးလေးခါဆိုရင်ရပါပြီဆိုတဲ့  ခေတ်သစ် ဒိုင်ယာခီ သမားတွေကို ပြတ်ပြတ်သားသားဖေါ်ထုတ် ဆန်ကျင် ဖို့ နဲ့  လမ်းကြောင်းမှန် ကို ဝေဖန် ထောက်ပြပေးနေတဲ့ သူတို့  ကို အား ပေး ကူညီရ ကောင်းမှန်းသိဖို့ ပါပဲ။

































No comments :