သန်းရွှေ ခေတ်ကုန်သွားပြီ။ နိင်ငံရေးကစားကွက်သစ်ဖြစ်သွားပါပြီ။
သူကံကြမ္မာကိုသူကိုယ်တိုင်ပဲ ဆုံးဖြတ်လိုက်ပါပြီ။ ခေါင်းဆောင်တွေအစုလိုက်အပြုံလိုက်ထွက်တာဟာ နိင်ငံရေးမှာ ပြင်လို့ မရတဲ့အမှားတွေ ဆင်ကန်းတောတိုး လုပ်ရပ်တွေဖြစ်တယ်။ ဒီလုပ်ရပ်က ၁၉၈၈ ခုနစ်မှာ ဇူလှိုင် ၂၃ ရက်နေ့ မှာဦးနေ၀င်းကမဆလပါတီကသူနဲ့ထိပ်တန်းခေါင်းဆောင်တွေထွက်လိုက်ပြီလိုကြေညာလိုက်ရာကနေ၀င်းခေတ်ကုန်ဆုံးသွားခဲ့သလိုပါပဲ။သန်းရွှေခေတ်ဟာလည်းအဆုံးသတ်ခဲ့ရ ပါပြီ။ ၁၉၅၈ ခုနစ်တုံးက ဦးနုက ဗိုလ်ချုပ် နေ၀င်းကို ခန အာဏာလွဲပေးမိခဲ့တဲ့အမှားမျိုးပါပဲ။ ဗိုလ်ချုပ်နေ၀င်းကို သူလူလို့ တွက်မိတာကိုး။ ၁၉၆၂ ခုနစ်အာဏာသိမ်းတော့ဦးနုက ဗိုလ်နေ၀င်းမှာလွတ်ရဲ့ လားလို့  တောင် စိတ်ပူမိသေးကြောင်း တာတေစနေသားမှာဖတ်ကြည့်နိင်ပါတယ်။

မီဒီယာသမားတွေဆိုရင် ဗိုလ်ချုပ်နေ၀င်းကို သူရဲကောင်းလို ရေခဲ့ကြပါသေးတယ်။ ဒုတိယကက်စထရိုလို့ တင်စားခဲ့တဲ့ မီဒီယား သမား တွေအများကြီး ရှိဘူးခဲ့တယ်။ အာဏာ နိင်ငံရေးဆိုတာကိုနားမှမလည်ကြပါဘူး။
သူရမြင့်အောင်က သန်းရွှေရဲ့ လူရင်းလို့ မီဒီယာသမားတွေ အ ကဲခတ်တွေက ပေါက်ပန်းသေး၊တတ်ယောင်ကားသုံးသပ်နေကြတာဖြစ်တယ်။ သူတို့ ဟာ အာဏာအကြောင်းကို ကောင်းကောင်းမသိသူတွေဖြစ်တယ်။
ဘာဖြစ်လို့ လည်းဆိုတော့ အာဏာ နိင်ငံရေးမှာ လူရင်းဆိုတာမရှိဘူး။ မင်းမှာအမျိုးမရှိလို့ တောင် ဆိုရိုးစကားရှိတယ်။ ဒါဟာ အာဏာရှင်စနစ်ချိန်တဲ နိင်ငံရေးမှာ တကယ်ဖြစ်ရပ်မှာဖြစ်တယ်။ သူရမြင့်အောင်ဟာ
အာဏာ အကြောင်းကို တစတစသိလာမယ်။သိလာတာနဲ့ အမျှ သန်းရွှေခေတ်ဟာလည်း ကုန်သွားမယ်။
အထူးသဖြင့် ၇၇ ခုနစ်ဆိုတဲ့အသက်ဟာ သိန်းရွှေ ကို နေစဉ်နဲ့ အမျှ ကျဆုံးစေနေတယ်။
၁၉၉၄-၉၅ ၀န်းကျင်လောက်အထိ လူတွေအတော်များများ ကဦးနေ၀င်းမှာ အာဏာ ရှိနေတုံးလို့ ယူဆခဲ့ကြတယ်။ အာဏာပိုင်ရှင်သစ်ဖြစ်လာတာကိုမသိကြဘူး။ ကျနော်တို့ လည်းပါခဲ့ပါတယ်။ ၂၀၀၂ ခုနစ်မှာ ဗိုလ်ချုပ်ခင်ညွန် လူတွေနဲ့ ကျနော်တို့ လျိုလ်ဝှက်ဆွေးနွေးနေရတဲ့ကာလပါ။
ဆွေးနွေးပွဲတခုမှာ ခင်ညွန် လူတယောက်က ဦးနေ၀င်းမြေးတွေကိုအရေးယူမယ်ဆိုရင်ခင်ဗျားတို့ ဘယ်လို သဘောထားမလဲ လို့ ကျနော်ကို မေးေဲတာ့ မှာ ကျနော် အကဲခတ်မိတယ်။ဦးနေ၀င်းမှာ တကယ် အာဏာမရှိတော့ဘူးဆိုတာကို။ နောက်တော့ သူတို့  ဦးနေ၀င်းမြေးတွေကို တကယ်ဖမ်းတော့တာပဲ။
တကယ်က ဦးနေ၀င်းရော သန်းရွေဟာ အာဏာကို နောက်ကွယ်ကနေ ကိုင်ဖို့ ၊ ပုံစံတမျိုးနဲ့ ပြောင်းလဲကိုင်ဖို့ 
ကြိုးစားခဲ့ကြတာပါ။ တိန်ရှောက်ဖိန်က အာဏာကိုအလှည့်အပြောင်းလုပ် သလိုမျိုး လုပ်ကြည့်ကြတာပါ။
ဒါပေမဲ့ ဦးနေ၀င်းလည်းမအောင်မြင်သလို သန်းရွှေလည်းအောင်မြင်မှာမဟုတ်ပါဘူး။

အခုအလှည့်ပြောင်းကို ကျနော်က မြင်တာကတော့ သန်းရွှေ ရဲ့  နောက်ဆုံးနေများ ထည်းကို စတင်ဝင်ရောက်လာပြီလို့ ပြောချင်တယ်။ သန်းရွေအာဏာရှိကောင်းရှိဦးမှာပါ။ ဒါပေမဲ့ ကျဆုံးမှုခြေလှမ်းပါ။
ကျဆုံးတဲ့အလှည့်အပြောင်းပါပဲ။
သူရမြင့်အောင်အတွက် အခွင့်အလန်းတွေ တိုးတက်လာစေနိင်တယ်။ ဒါပေမဲ့ သူရမြင့်အောင်ဟာ
နေ၀င်း၊စောမောင်၊သန်းရွှေတို့ လို အမှားမျိုး မကျူးလွန်ဖို့ လိုတယ်။
တပ်မတော်ခေါင်းဆောင်သစ် ပြောင်းသွားပြီ။ သူရမြင့်အောင်ဖြစ်လာပြီ။ ဗိုလ်ချုပ်မှုးကြီး သူရ မြင့်အောင်လုပ်ရမဲ့ တာဝန်က တခုပဲရှိတယ်။ ဒါကတော့ အမျိုးသားပြန်လမည်သင့်မြတ်ရေးလုပ်ငန်းစဉ်ပဲ။ဒေါ်အောင်ဆန်းစုကြည်နဲ့ပူးပေါင်းရမယ်။တိုင်းရင်းသားတွေနဲ့  ညှိနိင်းရ မယ်။ သန်းရွှေခေတ်ကိုလွမ်းမနေကြနဲ့ တော့။ ရှေ့ ကိုဆက်ကြတော့လို့  တိုက်တွန်းခြင်တယ်။
5 comments :
ဒီကောင်တွေလား ဒေါ်အောင်ဆန်းစုကြည်နဲ့ပူးပေါင်းမှာ..သန်းရွှေဆင်းသွားတယ်ဆိုတာလည်း ရောင်ပြပါဗျာ..ခင်ဗျားထင်သလို သန်းရွှေကြီးအာဏာမှေးမိန်သွားတယ်ထားပါတော့..ဒါပေမဲ့ မြင့်အောင်က သန်းရွှေထက်မသာရတောင် ဒီထက်နိမ့်မယ်လို့ မထင်ပါဘူး..အတိုက်အခံနဲ့ ဆွေးနွေးဖို့ဆိုတာဝေးရော
ခေတ်ကုန်တာမဟုတ်ဘူး..လူတွေကို နောက်တမျိုးနဲ့ဒုက္ခပေးမလို့ နောက်တလမ်းထွင်တာ..သိပ်ပျော်မနေနဲ့ ပိုဆိုးတော့မှာ
ဆွေစဉ်မျိုးဆက် မြေး မြစ် တီ ကျွတ် မျှော့ အထိပါမကျန်
စားမကုန်သောက်မကုန်အောင် ရှာဖွေစုဆောင်းထားပြီးသား
ဗိုလ်ချူပ်ကြီးများဖြစ်ပါတယ်။စီးပွါးရေးပဒေသာပင်များ
စိုက်ပျိုးပြီးသားဆိုတာလည်း မြင်သာပါတယ်။
သေခါလည်း နီးပါပြီ။
တစ်ချက်ခုတ် သုံးလေးချက်ဖြတ်ပြတာပါ။
အလှဲ့ပေးခဲ့တဲ့ဆရာတွေကို တပည့်တွေကစောင့်ရှောက်ရင်း
ပုံစံတစ်မျိုးနဲ့ " ငါ့ဖို့ " လုပ်ကြဦးမယ့်အထာပါ။
ပြည်မြန်မာကြီး ကျန်းမာပါစေ

အလကားကောင်တွေပါဗျာ။ အရေခွဲလဲရုံနဲ့ မြွေကနေ ကြွက်မဖြစ်ပါဘူး
Post a Comment