Thursday, 2 September 2010

ဒဂုန်တာရာ၏ သ၀ဏ်လွှာ

မြန်မာစာပေသမိုင်းတွင် ကဗျာဆရာနှင့်သစ်ပင်တို့သည် အမြဲဆက်စပ်လျက်ရှိသည်ကို တွေ့နိုင်သည်။
ပုဂံခေတ်မှ စတင်ရေတွက်သော် ယနေ့အထိ သစ်ပင်နှင့် ကဗျာဆရာသည် အမြဲဆက်စပ်လျက်ရှိသည်ကို

တွေ့နိုင်ပေသည်။ ကဗျာဆရာများသည် သစ်ပင်ကို မဖွဲ့နွဲ့သောသူ မရှိခဲ့ပေ။

ပန်းပွင့်၏ အလှ

ပန်းပွင့်၏ အချစ်

ပန်းပွင့်၏ ငြိမ်းချမ်းရေးသဘောကို ကဗျာဆရာက ဖွဲ့နွဲ့သည်။

သစ်ပင်၏ အချစ်ကို ကဗျာဆရာက အမြဲဖွဲ့နွဲ့သည်သာ ။

သစ်ပင်ဟုဆိုသော်လည်း သစ်ပင်၏အနွယ်ဖြစ်သော ပန်းပွင့်တို့ကိုဖွဲ့ နွဲ့သည်သာ ။

ယင်းသို့ ဖွဲ့ နွဲ့ရင်းက ကဗျာဆရာတို့သည် သစ်ပင်ကိုချစ်ကြသည် ။ ပန်းပွင့်ကို ချစ်ကြသည် ။

ယခုအခြေအနေတွင် ကဗျာဆရာတို့ သစ်ပင်စိုက်ကြသည်မှာ သူတို့သည် သစ်ပင်အနွယ်ဖြစ်သော ပန်းပွင့်တို့ကို

ချစ်ကြသောကြောင့်ဖြစ်သည်။

ကဗျာဆရာနှင့်သစ်ပင်တို့ ဆက်စပ်သည်မှာ သဘာဝကျသောအရာဖြစ်၍ ကဗျာဆရာတို့သစ်ပင်စိုက်ခြင်းမှာ

သဘာဝကျခြင်းဖြစ်သည် ဟု ကျွန်တော် ဆိုလိုက်ခြင်းဖြစ်သည်။


ဒဂုန်တာရာ


(သာမိုင်းခမ်း)

၈.၈.၂၀၁၀

No comments :