Thursday, 2 September 2010

မြန်မာပြည်က စလင်းဒီယွန်-ခင်စုစုနိုင်


-ပက်ထရစ်ရှာလင်း-
၀၉-၀၂-၂၀၁၀


ကြယ်တွေတဖြုတ်ဖြုတ်ကြွေနေတဲ့ ကျမတို့ တိုင်းပြည်- မြန်မာနိုင်ငံမှာ လင်းလက် တောက်ပလာတဲ့ ကြယ်သစ်လေးတွေပေါ်ထွက်လာတာ မြင်ရဖို့ အင်မတန်မှခက်ခဲလှပါတယ်။ ဒီနေ့မှာတော့ ကြယ်တွေပျောက်ဆုံးနေတဲ့ မြန်မာ့အနုပညာလောကမှာ ကြယ်စင်လေးတစ်ခု လင်းလက်တောက်ပ လာပြီလို့ ဆိုရတော့မယ်။ ကျမ သူမ ကို နိုင်ငံတကာ မှာနေထိုင် နေကြတဲ့ အနုပညာချစ်မြတ်နိုးကြတဲ့ မြန်မာများနဲ့ မိတ်ဆက် ပေးပါရစေ။

အမည်လေးကတော့ ခင်စုစုနိုင်ပါ။ တကယ်တော့ သူမဟာ အခွေထုတ်ထားတဲ့ နာမည်ကြီး အဆိုတော်တစ်ဦးမဟုတ်ပါဘူး။ တေးဆိုပြိုင်ပွဲတွေမှာ ၀င်ရောက်ယှဉ်ပြိုင်ရင်း အခုမှ အနုပညာလောကထဲကို ၀င်ရောက်လာတဲ့ ရွက်ပုံးသီး တက်သစ်စ အဆိုတော်လေးတစ်ဦးပါ။ ထူးခြားတဲ့ အသံပိုင်ရှင်လေး သူမကို ကျမ မြန်မာပြည်ရဲ့ စလင်းဒီယွန်လို့ပဲ တင်စားလိုက်ချင်ပါတယ်။ သူမဟာ “ဒီတခါ မခွဲနိုင်တော့ဘူးဆိုတဲ့” တေးသီချင်းလေးနဲ့ စတင် လူသိများလာခဲ့တယ်။

ထိုင်း၊ဖိလစ်ပိုင်၊တောင်ကိုရီယား စတဲ့ အာရှနွယ်ဖွား စလင်းဒီယွန် တွေ ကမ္ဘာမှာ နာမည်ကြီးလူကြိုက်များခဲ့သလို၊ မြန်မာပြည်က လင်းလက်တောက်ပလာမဲ့ ရွက်ပုံးသီးကြယ်စင်လေးကကော မြန်မာပြည်ရဲ့ စလင်းဒီယွန် အဖြစ် လက်ခံကာ နာမည်ကြီးလူကြိုက်များ လာမလားဆိုတာကတော့ စောင့်ကြည့်ရပါလိမ့်မယ်။

သူမရဲ့ talent လို့ ခေါ်တဲ့ ပင်ကိုယ်အနုပညာစွမ်းရည် တင်ဆက်မှုလေးတွေကို မျှဝေခံစားနိုင်ကြပါစေလို့။




2 comments :

Anonymous said...

လုပ်ချလိုက်ပြန်ပြီ... ဒီလို အသံမျိုးတွေ ၂၀၀၇ melody world မှာ ၂ ယောက်လောက်ကို ထွက်လာတယ်... အခု အဆိုရှင် ကောင်းပါတယ်.. စလင်းဒီယွန်လို့  ပြောချင်ရင် တော့ စလင်းဒီယွန် ဘယ်လိုဆိုတယ်ဆိုတာ သေသေ ချာချာ နားထောင် ပြီးမှ ပြောစေချင်တယ် ကိုမိုးသီးရေ... တစ်ပုဒ် နမူနာပေးမယ်.. youtube မှာ Power of The Dream, 1996 Olympic လို့  ရိုက်ပြီး ရှာ ကြည့် လိုက် ဆုံးအောင် တော့ နားထောင် စလင်းဒီယွန် ဆိုတာ ဘယ်လို မျိုးလဲလို့ သိအောင်..

Anonymous said...

စိတ်ညစ်ရပါတယ်။