Thursday, 16 September 2010

တိုင်းရင်းသားနယ်များတွင် ရွေးကောက်ပွဲမလုပ်တော့ ဘူး ဟု နအဖ ကြေညာ


ဒီညနေ ရန်ကုန် တီဗွီ သတင်းမှာ  တိုင်းရင်းသားနယ်များတွေ ရွေးကောက်ပွဲမလုပ်တော့ ဘူး ဟု နအဖ ကြေညာနေပါတယ်။ ကရင်၊ မွန် ၊ရှမ်း၊ ကချင်နဲ့ ဝပြည်နယ်များပါဝင်ပါတယ်။ ပြည်နယ် ၅ ခု၊ မြို့ နယ်ပေါင်း ၃၂ မြို့ နယ် ၊ ကျေးရွာပေါင်း ၃၀၀ မှာ ရွေးကောက်ပွဲမလုပ်တော့ဘူးလို့  နအဖ က မျက်နှာပြောင်ပြောင်ပဲဆိုလာပါပြီ။ ကဲ - ရွေးကောက်ပွဲ ဘယ်နှယ့် ရှိစလို့ ပဲပြောရမလိုဖြစ်နေပါပြီ။
 အတုအယောင်ရွေးကောက်ပွဲ ဆိုတာကို ဒီသတင်း က သက်သေပြနေပါတယ်။

၁၉၉၀၀န်းကျင်က နအဖ က တိုင်းရင်းသားတွေကို ဒေသဖွင့်ဖြိုးရေးအတူတွဲလုပ်မယ်။ နိင်ငံရေးကိုနောက်တက်တဲ့အစိုးရနဲ့ ပြော လို့  ဆိုခဲ့တယ်။ နောက်တော့ တိုင်းရင်းသားတွေကို အမျိုးသားညီလာခံတက်ခိုင်းတယ်။ ၂၀၀၈ အခြေခံဥပဒေကို သူတို့ လည်းတက်ရောက်ရေးဆွဲ ခဲ့ကြတယ်။
ဒီအခြေခံဥပဒေကို အတည်ပြုပြီးသွားတဲ့ာအခါမှာ ရွေးကောက်ပွဲဝင်ကြပါ။ ကိုယ်ပြည်နယ်က နေကိုယ်အရွေးခံကြပါလို့  သူတို့ ကိုနအဖ က နှစ်သိမ့်ပေးခဲ့တယ်။ အခုရွေးကောက်ပွဲနီးလာတဲ့အခါမှာကြတော့ တိုင်းရင်းသားဒေသတွေ မှာ တရားမျှတတဲ့ရွေးကောက်ပွဲမဖြစ်နိင်ဘူး ဆိုပြီး ရွေးကောက်ပွဲဝင် ခွင့်ကို ဖျက်သိမ်းလိုက်ပါတော့တယ်။
ဒေါက်တာ တူးဂျာ ( ကချင်) နဲ့  ဦးဟန်ညောင်ဝေ ( ရှမ်း ) တို့ ရဲ့ အမြင်က နအဖ နဲ့  စေ့စပ်မယ်။ ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုတွေကို ရွေးကောက်ပွဲလမ်းကြောင်းကနေ ပြုလုပ်နိင်မယ်လို့ ယုံကြည်ခဲ့ကြသူတွေဖြစ်ပါတယ်။  အပြစ်ခတ်ရပ်စဲရေးလုပ်ပြီး နစ်ပေါင်းနှစ်ဆယ်နီးပါးကြာခဲ့ပေမဲ့ 
တိုင်းရင်းသားဒေသတွေမှ ဘာဖွင့်ဖြိုးရေး ကိုမှ လုပ်လို့ မရ နိင်ငံရေးအရလည်း ဖြေရှင်းလို့ မရပဲ  ဖြစ်နေပါတယ်။ ဒီ လမ်းစဉ်အမှားကို သူတို့ ဘယ်လို သခန်းစာယူမလဲ ဘယ်လို ပြင်ဆင်မှုတွေလုပ်လာကြမလဲ ဆိုတာကို ကျနော်တို့ သိခြင်နေကြပါတယ်။





               (  ရွေးကောက်ပွဲဝင်နိင်ရန် နည်းလမ်းမျိုးစုံကိုသုံးခဲ့ပါသော်လည်း ၀င်ခွင့်မရ ဖြစ်ရသည့် ဒေါက်တာတူးဂျာ ကိုတွေ့ ရစဉ်။ ဓါတ်ပုံ-ဘီဘီစီ ) 



ဒီညနေ ရန်ကုန် တီဗွီ သတင်းမှာ  တိုင်းရင်းသားနယ်များတွေ ရွေးကောက်ပွဲမလုပ်တော့ ဘူး ဟု နအဖ ကြေညာနေပါတယ်။ ကရင်၊ မွန် ၊ ကချင်နဲ့ ဝပြည်နယ်များပါဝင်ပါတယ်။ အပြည်အစုံကိုမနက်ဖန် တင်ပြပေးပါမယ်။ အတုအယောင်ရွေးကောက်ပွဲ ဆိုတာကို ဒီသတင်း က သက်သေပြနေပါတယ်။


 

 ဦးဟန်ညောင်ဝေ  ( သူလည်း နအဖ ရဲ့ အတုအယောင် ရွေးကောက်ပွဲကို တော်တော်ယုံတယ်။ )

1 comment :

Anonymous said...
This comment has been removed by a blog administrator.