Friday, 17 September 2010

အဘ ဦးအုန်းမြင့် ကွယ်လွန်


ဗိုလ်ချုပ်အောင်ဆန်းရဲ့ အချစ်ဆုံးသူငယ်ချင်းလည်းဖြစ်တဲ့ ကျနော်တို့ အားလုံးချစ်တဲ့  အဘဦးအုန်းမြင့် ဟာ ဒီနေ့  နံနက် လေးနာရီမှာ ကွယ်လွန်သွားပြီ လို့ သိရပါတယ်။

အဘ ကိုလူငယ်၊လူကြီးအားလုံးက ချစ်ကြတယ်။ သူဟာ အမြဲတမ်းတက်ကြွနေတယ်။ သူဟာ အသက် ၉၀ ခန့် ရှိပေမဲ့  သူဟာ ခေတ်မှီတယ်။ ဂျင်းဘောင်းဘီ နဲ့ တီရှပ်ကို ၀တ်ပြီး လှုပ်ရှားမှုတိုင်းမှာသူဟာ ရှိနေတယ်။အမျိုးသားလွတ်မြောက်ရေးလှုပ်ရှားမှုကနေ ဒီမိုကရေစီလှုပ်ရှားမှုအထိ အဘ ဟာ မမောနိင်မပန်းနိင်ချီတက်နေဆဲဖြစ်ပါတယ်။

သူဘ၀တလျောက်လုံး နိင်ငံရေးလှုပ်ရှားမှုကြီးတွေကို ဖြတ်သန်းခဲ့တယ်။ အသက်ကြီးပေမဲ့ အမှန်တရား မြတ်နိုးတဲ့ မတရားမှုတွေကို ခေါင်းငုံခံလေ့ရှိဘူး။  လက်ကလည်းမြန်ပါသေးတယ်။  တခါက အသုဘတခုမှာ အမည်မသိလူငယ်တဦးက မင်းကိုနိင်ကို ကိုယ်ထိရောက်လာပြီးစောကားပါတယ်။ မတရားမှု ကိုဘယ်တော့မှလက်ပိုက်ကြည့်မနေတတ်တဲ့ အဘက အဆိုပါလူငယ်ကို ဒုတ်ကောက်နဲ့  ချလိုက်တယ်လို့ကိုယ်တိုင်ကြုံခဲ့ တဲ့  ကိုနေနွယ်က ပြောပြပါတယ်။ 

 ဂျင်းဘောင်ဘီ ၀တ်တဲ့  အဘ၊ မတရားမှုကို ခေါင်းငုံခံလေ့မရှိတဲ့ အဘ  ကွယ်လွန်သွားတာကြားတဲ့အတွက်  မိသားစုနဲ့ ထပ်တူထပ်မျှဝမ်းနည်းကြေကွဲရတယ်။  အဘ သုဂတိသို့ လားပါစေ။ 



2 comments :

Anonymous said...
This comment has been removed by a blog administrator.
tintshwethiha said...
This comment has been removed by a blog administrator.